Skip to Content Skip to Footer
Indiana WIC logo
  • မိခင်နို့တိုက်ကျွေးခြင်း
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့တိုက်ကျွေးခြင်းနှင့် ဘေးကင်းသော အိပ်စက်မှု
    • မိခင်နို့တိုက်ကျွေးခြင်း
      ချိန်ဆထားသော နို့တိုက်ခြင်
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့တိုက်ကျွေးခြင်း အင်ဒီးယားနား ပြည်နယ် ရှိ ဥပဒေများ
    • မိခင်နို့တိုက်ကျွေးခြင်း
      ဆုံးရှုံးပြီးနောက် သင့်ကိုယ်သင် ဂရုစိုက်ခြင်း
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့တိုက်ကျွေးခြင်း ဆိုင်ရာ ဘဝတူ အကြံပေးဆွေးနွေးသူ
    • မိခင်နို့တိုက်ကျွေးခြင်း
      ကျွန်မရဲ့ ကလေးငယ်က ကျွန်မကို ဘာပြောဖို့ကြိုးစားနေတာပါလဲ။
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့ သိုလှောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
  • အာဟာရနှင့် ကျန်းမာရေး
    • အာဟာရနှင့် ကျန်းမာရေး
      ကိုယ်ဝန်ရှိခြင်း
    • အာဟာရနှင့် ကျန်းမာရေး
      မီးဖွားပြီးနောက်ပိုင်း (ကိုယ်ဝန်ဆောင်ပြီးနောက်)
    • အာဟာရနှင့် ကျန်းမာရေး
      ကျန်းမာအောင်နေပါ
    • အာဟာရနှင့် ကျန်းမာရေး
      နို့စို့ကလေးများ
    • အာဟာရနှင့် ကျန်းမာရေး
      ကလေးများ
    • အာဟာရနှင့် ကျန်းမာရေး
      ဖခင်များ
    • အာဟာရနှင့် ကျန်းမာရေး
      မိသားစုများ
  • WIC အရင်းအမြစ်များ
    • WIC အရင်းအမြစ်များ
      အစီအစဉ် စာအုပ်ငယ်
    • WIC အရင်းအမြစ်များ
      WIC လျှောက်ထားခွင့် သတ်မှတ်ချက်ပြည့်မီခြင်း
    • WIC အရင်းအမြစ်များ
      INWIC အက်ပ်
    • WIC အရင်းအမြစ်များ
      INWIC မိုဘိုင်းအက်ပ် အမြန်ကိုးကားလမ်းညွှန်ချက်
    • WIC အရင်းအမြစ်များ
      WIC EBT ကတ်လမ်းညွှန်
    • WIC အရင်းအမြစ်များ
      လယ်သမားဈေးတည်နေရာ
  • Burmese
    • English
    • Spanish
    • hakha chin
    • Creole
    • Arabic

ကျန်းမာရေး အကြံပြုချက်များ မိခင်သစ်များအတွက်

  • Home
  • Health Tips for New Moms
  • Women
  • Health Tips for New Moms
  • ချစ်ရပါသော အမေ
  • သင်လိုအပ်သော စောင့်ရှောက်မှု ရယူပါ
  • ကျန်းမာရေးနှင့်ညီသော အစားအစာများကို ရွေးချယ်ပါ
  • နံနက်စာ၊ နေ့လယ်စာနှင့် ညစာ စားပါ
  • နံနက်စာ စိတ်ကူးများ
  • အသင့်စား စားစရာများနှင့်ပတ်သက်ပြီး ပါးနပ်မှုရှိပါ
  • ဖောလစ်အက်ဆစ်နှင့် သံဓာတ်ကို နေ့စဉ် စားသုံးပါ
  • အသေးအဖွဲ့ အပြောင်းအလဲများနှင့် ကျန်းမာရေးနှင့်ညီသော ရွေးချယ်မှုများက သင့်ကို ပိုကျန်းမာသူ ဖြစ်စေပါသည်
  • ဖြစ်နိုင်သမျှ အချိန်တိုင်း တက်တက်ကြွကြွနေပါ
  • သင့်ကိုယ်သင်အတွက် အချိန်ပေးပါ
  • သင့်အပြုံးကို ကျန်းမာရေးနှင့်ညီစေပါ
  • မွေးဖွားပြီးကာလ စိတ်ဓာတ်ကျခြင်း
  • သင့်ကလေး၏ အချက်ပြမှုများကို နားလည်ခြင်း
  • သင့်ကလေးကို အကောင်းဆုံး စတင်မှုပေးပါ။ မိခင်နို့တိုက်ကျွေးပါ။
  • မိခင်နို့တိုက်ကျွေးခြင်းက သင့်အတွက်ရော သင့်ကလေးအတွက်ပါ ကောင်းပါသည်*
  • ကလေးဖြည့်စွက်စာ ကျွေးခြင်းအတွက် အကြံပြုချက်များ
  • ဘေးကင်းစွာ နေခြင်း

Infographic Available*

h2 hide

ချစ်ရပါသော အမေ၊

သင့်ကလေး မွေးဖွားခြင်းအတွက် ဂုဏ်ယူပါတယ်။ ကျန်းမာသော မိသားစုများက Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဥ်) ကို ရွေးချယ်ကြသည်။ ၎င်းသည် ဂုဏ်ယူရသည့် ရွေးချယ်မှုဖြစ်ပြီး သင်ရှိနေ၍ ကျွန်ုပ်တို့ စိတ်လှုပ်ရှားရပါသည်။
WIC နှင့် မိခင်သစ်တစ်ဦးအဖြစ် သင်သည်-
  • ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား ဝန်ဆောင်မှုများကို ရှာကြည့်နိုင်သည်
  • ပါးနပ်သော အစားအသောက် ရွေးချယ်မှုများပြုလုပ်ရန် လေ့လာနိုင်သည်
  • သင့်ကလေးကို ဘေးကင်းစွာထားရန် နည်းလမ်းများကို လေ့လာနိုင်သည်
  • မိခင်နို့တိုက်ကျွေးရာတွင် အကူအညီ ရယူနိုင်သည်
  • ကျန်းမာရေးနှင့်ညီသော အစားအစာများကို ဝယ်ယူနိုင်သည်
ဤဝဘ်ဆိုက်တွင် သင်နှင့် သင့်ကလေးကို ကျန်းမာစွာထားရန် ကူညီပေးနိုင်သည့် အကြံပြုချက်များ ရှိပါသည်။ ဤအကြံပြုချက်များသည် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ အကြံဉာဏ်ကို အစားမထိုးစေရပါ။ သင်၏ နောက်တစ်ကြိမ် ဆေးစစ်မှုသို့ မသွားရောက်ခင် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မေးမြန်းရန် မေးခွန်းများကို ချရေးပါ။
WIC သည် ကျန်းမာရေးနှင့်ညီသော စားသောက်ပုံနှင့် ပတ်သက်ပြီး သင် လေ့လာနိုင်စေရန် ကူညီပေးနိုင်ပြီး သင်၏ မိခင်နို့တိုက်ကျွေးရေး ခရီးစဉ်တစ်လျှောက်တွင် သင့်ကို ကူညီထောက်ပံ့ပေးနိုင်ပါသည်။ WIC တွင် သင်နှင့် အခြားမိခင်များ လေ့လာရန်၊ စိတ်ကူးများ မျှဝေရန်နှင့် မေးခွန်းများ မေးမြန်းရန်အတွက် အာဟာရကဏ္ဍများ ရှိပါသည်။ WIC နှင့် ပတ်သက်ပြီး သင့်အတွေ့အကြုံကို သင်သဘောကျနှစ်သက်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သင်နှင့်အတူ ယခုလို ထူးခြားသော အခါသမယကို မျှဝေခွင့်ရ၍ ဝမ်းသာရပါသည်။
ရိုးသားစွာဖြင့်၊
သင်၏ WIC ဝန်ထမ်း

သင်လိုအပ်သော စောင့်ရှောက်မှု ရယူပါ

မွေးဖွားပြီးကာလ စောင့်ရှောက်မှုသည် အမျိုးသမီးများ ကလေးမွေးပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် အထူးလေ့ကျင့်ထားသော သူနာပြုသည် သင်က ကျန်းမာနေပြီး ကောင်းစွာ အနာကျက်ကြောင်းကို စစ်ဆေးပေးပါသည်။ သင်၏ မွေးဖွားပြီးကာလ ဆေးစစ်မှုအားလုံးသို့ သွားရောက်ပါ။

သင်သောက်သုံးသည့် ဆေးဝါးအားလုံးသည် နို့တိုက်ကျွေးခြင်းအတွက် ဘေးကင်းကြောင်းနှင့် သင်တိုက်ကျွေးနိုင်သည့် မိခင်နို့ပမာဏကို လျော့နည်းစေမည်မဟုတ်ကြောင်း သေချာစေရန် သင့်ဆရာဝန်နှင့် စစ်ဆေးပါ။

သင်နှင့် သင့်ကလေးသည် ကျန်းမာစွာနေထိုင်ရန် ကာကွယ်ဆေးများ လိုအပ်ပါသည်။ သင် မိခင်နို့တိုက်ကျွေးနေစဉ် အကြံပြုထားသော ကာကွယ်ဆေးများကို ထိုးနှံရန်မှာ ဘေးကင်းစိတ်ချပါသည်။

  • ကာကွယ်ဆေးများသည် သင့်အား COVID-19၊ ဝက်သက်၊ ပိုလီယိုနှင့် မေးခိုင်ရောဂါကဲ့သို့ ဗိုင်းရပ်စ်များနှင့် ရောဂါဝေဒနာများမှ ဘေးကင်းနေစေပါသည်။
  • ကလေးများသည် ၎င်းတို့၏ ကာကွယ်ဆေးအများစုကို အသက် 2 နှစ်ပြည့်ချိန်တွင် ထိုးနှံရပါမည်။ ထိုနောက်ပိုင်းတွင် ကာကွယ်ဆေးအချို့ကို လိုအပ်ပါသည်။
  • သင်နှင့် သင့်ကလေးက မည်သည့် ကာကွယ်ဆေးများ လိုအပ်ကြောင်းကို သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား မေးမြန်းပါ။
  • သင့်ကလေး၏ ကာကွယ်ဆေးများနှင့် ပတ်သက်ပြီး အချိန်နှင့်တစ်ပြေးညီဖြစ်ရန်မှာ အရေးကြီးပါသည်။
  • သင်နှင့် သင့်ကလေးအတွက် ကာကွယ်ဆေး မှတ်တမ်းတစ်ခု သိမ်းဆည်းထားပါ။ ရက်ချိန်းအားလုံးတွင် မှတ်တမ်းကို သင်နှင့်အတူ ယူဆောင်လာပါ။
  • ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပေးဆောင်ရန် အကူအညီလိုအပ်ပါက သင်၏ ဒေသန္တရ Medicaid ရုံးသို့ ဆက်သွယ်ပါ။
Mom baby walking

ကျန်းမာရေးနှင့်ညီသော အစားအစာများကို ရွေးချယ်ပါ

မိမိ၏ ကလေးကို မိခင်နို့သာ တိုက်ကျွေးနေသည့် မိခင်များသည် အစားအစာ အနည်းငယ်ပိုလိုအပ်ပါသည်။  ဤသည်မှာ အထွေထွေ လမ်းညွှန်ဖြစ်ပါသည်။ လူတစ်ဦးချင်းသည် ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်သို့ ပြန်ရောက်သွားရန်နှင့် ဖြစ်နိုင်ပါက မိခင်နို့တိုက်ကျွေးခြင်းကို ထောက်ပံ့ရန် အခြားသော ပမာဏတစ်ခုကို လိုအပ်ပါသည်။ သင့်အတွက် သီးသန့် ရေးဆွဲထားသည့် နေ့စဉ်အစားအသောက် အစီအစဉ်အတွက် www.myplate.gov သို့ ဝင်ကြည့်ပါ သို့မဟုတ် သင်၏ WIC အာဟာရဗေဒပညာရှင်နှင့် တိုင်ပင်ပါ။

တစ်နေ့တာလုံးတွင် ပုံမှန် အစားအစာများနှင့် မုန့်များ စားသုံးခြင်းက သင့်ခန္ဓာကိုယ်ကို လောင်စာဖြည့်ပေးမည်ဖြစ်ပြီး သင့်တွင် သင့်ကလေးကို ကျွေးမွေးရန်၊ စောင့်ရှောက်ရန်နှင့် ကလေးနှင့်အတူ ဆော့ကစားရန် စွမ်းအင်ရှိကြောင်း သေချာစေပါမည်။
နှံစားပင်များ
ဟင်းသီးဟင်းရွက်များ
သစ်သီးများ
နို့ထွက်ပစ္စည်း
ပရိုတင်းများ
နှံစားပင်များ

မိခင်နို့စို့နေသော ကလေးများ-

တစ်နေ့လျှင် 7-8 အောင်စ (198.44-226.79 g) (တစ်ခါသောက်ပမာဏ 7-8 ကြိမ်)

မိခင်နို့မစို့တော့သော ကလေးများ-

တစ်နေ့လျှင် 6-7 အောင်စ (170.09-98.44 g) (တစ်ခါစားပမာဏ 6-7 ကြိမ်)

တစ်ခါပြင်ပမာဏ 1 ခု = 1 အောင်စ (28.34 g)

ဥပမာများ-

  • ပေါင်မုန့် သို့မဟုတ် မက္ကဆီကိုချာပါတီ 1 ချပ်
  • ပေါင်မုန့်ကွင်း သို့မဟုတ် ဟမ်ဘာဂါဘမ်းမုန့် ½ ခု
  • ထမင်း၊ ခေါက်ဆွဲ သို့မဟုတ် စီရီရယ် ½ ခွက်
  • စီရီရယ်အချပ် 1 ခွက်

အောက်ပါတို့ကဲ့သို့ ဂျုံကြမ်းများ စားပါ-

  • အုတ်ဂျုံမှုန့်
  • ဂျုံကြမ်းပေါင်မုန့် သို့မဟုတ် ပေါင်မုန့်လုံးများ
  • ဆန်လုံးညို
  • ဂျုံကြမ်းပါစတာ
  • မက္ကဆီကိုချာပါတီ (ဂျုံကြမ်း သို့မဟုတ် ပြောင်းဖူး)
ဟင်းသီးဟင်းရွက်များ

မိခင်နို့စို့နေသော ကလေးများ-

တစ်နေ့လျှင် 3 ခွက် (တစ်ခါပြင်စာ 6 ပွဲ)

မိခင်နို့မစို့တော့သော ကလေးများ-

တစ်နေ့လျှင် 2½ ခွက် (တစ်ခါပြင်စာ 5 ပွဲ)

တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်

ဥပမာများ-

  • အစိမ်း သို့မဟုတ် ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် 1 ခွက်
  • ဆလတ်ရွက် သို့မဟုတ် အခြား အရွက်စိမ်း 1 ခွက်
  • ဟင်းသီးဟင်းရွက် သို့မဟုတ် ခရမ်းချဉ်သီးအရည် ½ ခွက်

အကြံပြုချက်များ-

  • အမျိုးစုံအပြင် အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်ကဲ့သို့ အရောင်စုံ စားသုံးပါ
  • ကြက်ဥမွှေကြော်၊ ထမင်း၊ ခေါက်ဆွဲ၊ အသုပ်နှင့် အသားပေါင်းတို့တွင် ထည့်ပါ
သစ်သီးများ
fruit

မိခင်နို့စို့နေသော ကလေးများနှင့် မိခင်နို့မစို့တော့သော ကလေးများ-

တစ်နေ့လျှင် 2 ခွက် (တစ်ခါပြင်စာ 4 ပွဲ)

တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်

ဥပမာများ-

  • လှီးဖြတ်ထားသော သို့မဟုတ် ချက်ပြုတ်ထားသော သစ်သီး ½ ခွက်
  • ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ စသည်ဖြင့်ကဲ့သို့ သစ်သီး 1 လုံး
  • 100% သစ်သီးရည် ½ ခွက်
  • သစ်သီးခြောက် ¼ ခွက်

အကြံပြုချက်များ-

  • အမျိုးစုံအပြင် အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်ကဲ့သို့ အရောင်စုံစားပါ
  • ခွဲထားသော သို့မဟုတ် လှီးဖြတ်ထားသော သစ်သီးကို စီရီရယ်၊ ပန်ကိတ်များ၊ ပူတင်းနှင့် အေးခဲဒိန်ချဉ်ပေါ် တင်ပါ
နို့ထွက်ပစ္စည်း
dairy

မိခင်နို့စို့နေသော ကလေးများနှင့် မိခင်နို့မစို့တော့သော ကလေးများ-

တစ်နေ့လျှင် 3 ခွက် (တစ်ခါပြင်စာ 3 ပွဲ)

တစ်ခါပြင်စာ 1 ပွဲ = 1 ခွက်

ဥပမာများ-

  • နို့ 1 ခွက်
  • ဒိန်ချဉ် 1 ခွက်
  • (စီမံပြုပြင်ထားသော) အမေရိကန် ဒိန်ခဲ 3 ချပ် (2 အောင်စ (56.69 g))
  • အဝါရောင်ဒိန်ခဲမာ သို့မဟုတ် အလားတူ ဒိန်ခဲ 1½ အောင်စ (42.52 g)
  • မြွင်းထားသော ဒိန်ခဲ ⅓ ခွက်
  • ဒိန်ခဲပျော့ 2 ခွက်
  • ပဲနို့ 1 ခွက်

အကြံပြုချက်များ-

  • အဆီနည်း သို့မဟုတ် အဆီမပါသော နို့ကို ရွေးပါ
  • ဒိန်ခဲ တစ်ခါပြင်ပမာဏ 1½ အောင်စ (42.52 g) သည် အန်စာတုံးအရွယ်အတုံး 3-4 တုံး အရွယ်အစား ဖြစ်သည်
ပရိုတင်းများ
protein

မိခင်နို့စို့နေသော ကလေးများ-

တစ်နေ့လျှင် 6½ အောင်စ (184.27 g) (တစ်ခါပြင်စာ 6½ ပွဲ)

မိခင်နို့မစို့တော့သော ကလေးများ-

တစ်နေ့လျှင် 5½ အောင်စ (155.92 g) (တစ်ခါပြင်စာ 5½ ပွဲ)

တစ်ခါပြင်ပမာဏ 1 ခု = 1 အောင်စ (28.34 g)

ဥပမာများ-

  • ကြက်သား၊ ကြက်ဆင်သား သို့မဟုတ် ငါး 1 အောင်စ (28.34 g)
  • စည်သွတ်တူနာငါးအပေါ့ ¼ ခွက်
  • ကြက်ဥ 1 လုံး
  • ချက်ပြုတ်ထားသော ပဲ သို့မဟုတ် တို့ဟူး ¼ ခွက်
  • မြေပဲထောပတ် စားပွဲတင်ဇွန်း 1 ဇွန်း

အကြံပြုချက်များ-

  • 3 အောင်စ (85.04 g) ပမာဏ တစ်ခါပြင်စာပွဲသည် ဖဲချပ်ထုပ်တစ်ထုပ်စာ အရွယ်အစားရှိသည်
  • ဖုတ်ထားသော၊ ကင်ထားသော သို့မဟုတ် သံကင်ပျစ်ထားသော အဆီနည်းသော အသားများ ရွေးပါ
  • ပဲများသည် ကောင်းမွန်သော ပရိုတင်းရင်းမြစ်ဖြစ်သည်

နံနက်စာ၊ နေ့လယ်စာနှင့် ညစာ စားပါ

သင်က ထမင်းနှင့် မုန့်များ ပုံမှန် စားသောက်ပါက သင်နှင့် သင့်ကလေးအတွက် အကောင်းဆုံး ဖြစ်သည်။ ဒါကတော့ သင်၏ WIC အကျိုးခံစားခွင့်များဖြင့် သင်ဝယ်ယူနိုင်သည့် အစားအစာအချို့ကို အသုံးပြုထားသည့် နမူနာ မီနူးတစ်ခု ဖြစ်သည်။

WIC အစားအစာများဖြင့် သင့်ခန္ဓာကိုယ်ကို ပုံပန်းကျနစေပါ။ ၎င်းတို့က သင့်ကို ပေးသည့်အရာများ-

  • သံဓာတ် ကျန်းမာရေးနှင့်ညီသော သွေးအတွက်
  • အရိုးနှင့် သွား သန်မာရေးအတွက် ထုံးဓာတ်
  • ဗီတာမင် အေနှင့် စီ အနာကျက်မြန်စေရန်အတွက်
  • ပရိုတင်း ခန္ဓာကိုယ် ပြုပြင်ပေးရန်
ဒါကတော့ သင့်ပန်းကန်ပေါ်တွင် ရှိနေနိုင်သည့် ထမင်းနှင့် မုန့်အရွယ်အစား၏ ဥပမာအချို့ ဖြစ်ပါသည်။

နံနက်စာ

100% ရောထားသော ဘယ်ရီသစ်သီး 1 ခွက်
New breakfast
ဂျုံကြမ်းပေါင်မုန့်မီးကင် 1 ချပ်၊
ကြက်ဥပြုတ်အကျက် 1 လုံး

နေ့လယ်စာ

စတော်ဘယ်ရီ အတုံးကြီး ½
ခွက်၊ မုန်လာဥနီစိတ် 1
ခွက်၊ ရေ 1 ခွက်
Lunch
အောင်စ (85.04 g)ပါသည့် ဂျုံကြမ်းပေါင်မုန့် 2 ချပ်
အဆီနည်း အသင့်စား ကြက်ဆင်သား3
ဆလတ်ရွက် ¼ ခွက်နှင့် ခရမ်းချဉ်သီး ¼ ခွက်နှင့်အတူ

မုန့်များ

Snacks
မက်မွန်သီးချပ် ½ ခွက်၊
အဆီနည်း သို့မဟုတ် အဆီမပါသော နို့ 1 ခွက်၊
ဂျုံကြမ်းပေါင်မုန့ကြွပ် 5 ခရ သိုַမဟတၡ 6 ခရ၊
ဒိန်ခလခပတ 3 ခပတ သည၍ 4 ခပတ၊
သခဝယ၍သင၍စတ၍ ½ ခဝက၍၊
ခယရ၍ခရမ၍ခဉ၍သင၍ ½ ခဝက၍၊
ထမင်းနှင့် မုန့်စားရန် ရေ

ညစာ

စပျစ်သီး 1 ခွက်၊
ချက်ပြုတ်ထားသော ပဲစိမ်း ½ ခွက်
ဇွန်းဖြင့် ရောထားသော အရွက်စိမ်းသုပ် အရော 1 ခွက်
Dinner
ခရမ်းချဉ်သီးဆော့ 1 ခွက်နှင့်အတူ
အမဲသားနုတ်နုတ်စင်း ¼ ခွက်နှင့်
အီတလီခေါက်ဆွဲ 1 ခွက်၊ အဆီ
နည်း သိឯမဟើត အဆឮមានទេ នេះ 1 ခ្រឿង

နံနက်စာ စိတ်ကူးများ

နံနက်စာအတွက် အချိန် သတ်မှတ်ပါ။ နံနက်စာကို သင့်ကို တစ်နေ့တာ ဖြတ်သန်းနိုင်စေရန် ကူညီပေးပါသည်။ ဒါကတော့ စိတ်ကူးအချို့ပါ။ အောက်ပါ အုပ်စုတစ်ခုချင်းမှ အစားအစာ တစ်ခု သို့မဟုတ် တစ်ခုအထက်ကို ရွေးပါ။

ဥပမာ- ဂျုံကြမ်း မက္ကဆီကိုချပါတီ + မြေပဲထောပတ် + ပန်းသီးစိတ်များ

ပေါင်မုန့်၊ စီရီရယ် သို့မဟုတ် အခြား အစေ့အဆန်များ

  • ပေါင်မုန့်ကွင်း
  • စီရီရယ်
  • ဂျုံကြမ်း သို့မဟုတ် ပြောင်းဖူး မက္ကဆီကိုချပါတီ
  • မုန့်ကြွပ်များ
  • အင်္ဂလိပ် ပေါင်မုန့်ဝိုင်း
  • အုတ်ဂျုံမှုန့် သို့မဟုတ် ဆန်ပြုတ်အပျစ်
  • စပျစ်သီးခြောက် ပေါင်မုန့်
  • ဂျုံကြမ်းပေါင်မုန့်
  • ဂရာနိုလာ သို့မဟုတ် အစေ့အဆန်နှင့် အသီးခြောက် အရော
  • ဂျုံကြမ်းဝေဖါ

နို့ထွက်ပစ္စည်း သို့မဟုတ် ပရိုတင်း

  • အဆီနည်းနို့
  • အဆီနည်း ဒိန်ခဲ
  • အဆီနည်း ဒိန်ချဉ်
  • ကြက်ဥပြုတ်
  • အခွံမာသီးများ (သစ်ကြားသီးကဲ့သို့)
  • မြေပဲထောပတ် သို့မဟုတ် အခွံမာသီးထောပတ်
  • ဟမ်းမတ်(စ်)
Apple peanut butter

သစ်သီး သို့မဟုတ် ဟင်းသီးဟင်းရွက်

  • ပန်းသီးဆော့
  • အစိမ်းရောင် ပန်းငရုတ်များ
  • ခရမ်းချဉ်သီး
  • ထောပတ်သီး
  • ပန်းသီး
  • ငှက်ပျောသီး
  • သခွားမွှေးသီး
  • လိမ္မော်သီး
  • မက်မွန်သီး
  • နာနတ်သီး
  • စပျစ်သီးခြောက်များ
  • စတော်ဘယ်ရီသီးများ
Pizza with vegetable

အသင့်စား စားစရာများနှင့်ပတ်သက်ပြီး ပါးနပ်မှုရှိပါ

သွားလာရင်းလား။ ဤကဲ့သို့ ပါးနပ်သော ရွေးချယ်မှုများ တောင်းဆိုပါ။

  • ကြက်ကင်ညှပ်ပေါင်မုန့်
  • ကြက်ဆင်နှင့် ထောပတ်သီး ပေါင်မုန့်ညှပ်
  • ဟမ်ဘာဂါ သို့မဟုတ် ဒိန်ခဲညှပ်ဟမ်ဘာဂါ
  • အစိမ်းရောင် ပန်းငရုတ်များ၊ ခရမ်းချဉ်သီးများနှင့် မှိုများ ဖြူးထားသည့် ပီဇာ
  • ဟင်းသီးဟင်းရွက်နှင့် ဒိန်ခဲ ဖြူးထားသည့် အာလူးဖုတ်
  • ပဲကော်ပြန့်လိပ်
  • သစ်သီး
  • ရေ၊ အဆီနည်း နို့ သို့မဟုတ် 100% သစ်သီးရည်

ဖောလစ်အက်ဆစ်နှင့် သံဓာတ်တို့ကို နေ့စဉ် ရယူပါ

ဖောလစ်အက်ဆစ်သည် သင့်ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးက လိုအပ်သည့် ဗီတာမင်တစ်မျိုး ဖြစ်သည်။ ဤဗီတာမင်သည် သင့်ကို နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်ပါသည်။ ထိုဗီတာမင်သည် သင်ထပ်မံ၍ ကိုယ်ဝန်ရလာပါက သင်၏ မမွေးသေးသော ကလေးအား ကိုယ်ဝန်ဆောင်ချိန်၏ အစောပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် ကလေး၏ ကျောရိုးနှင့် ဦးနှောက်တွင်း မွေးရာပါချို့ယွင်းမှုများမှ ကာကွယ်ပေးနိုင်ပါသည်။ နေ့စဉ် 400-800 မိုက်ခရိုဂရမ် (mcg) စားသုံးရန် အကြံပြုပါသည်။

လုံလောက်သော ဖောလစ်အက်ဆစ်ကို နေ့စဉ် ရရှိရန် အာဟာရ အညွှန်းများကို စစ်ပါ။

  • ဖောလစ်အက်ဆစ် 400-800 mcg ပါဝင်သည့် ဗီတာမင်ကို နေ့စဉ် သောက်သုံးပါ။
  • ဖောလစ်အက်ဆစ် နေ့စဉ်တန်ဖိုး 100% ပါရှိသည့် နံနက်စာ စီရီရယ်တစ်ပန်းကန်ကို နေ့စဉ် စားပေးပါ။

သင်က ဗီတာမင် ဆေးလုံးသောက်လျှင် သို့မဟုတ် အားဖြည့် စီရီရယ်စားလျှင်ပင် ဖောလစ်အက်ဆစ်ပါသည့် အစားအစာများ စားပေးပါ။

  • သင့်နံနက်စာတွင် ကုလားသခွားမွှေး၊ လိမ္မော်သီး သို့မဟုတ် စတော်ဘယ်ရီသီးအချို့ ထည့်ပါ။
  • အသုပ်များ သို့မဟုတ် အစာညှပ်ပေါင်မုန့်များအတွက် ဆလတ်ရွက်၊ အရွက်စိမ်း သို့မဟုတ် ဟင်းနုနွယ်အစိမ်းကဲ့သို့ ပိုရင့်သော ဆလတ်ရွက်နှင့် အစိမ်းရောင်များကို ရွေးပါ။
  • မုန့်အတွက် မြေပဲများ သို့မဟုတ် မြေပဲထောပတ်များ စားပါ။
  • အရသာကောင်းသော တို့စားအပျစ်ရည်ကို ရောပြီး တို့စားရန်အတွက် ပန်းပွင့်စိမ်းနှင့် ပန်းဂေါ်ဖီကဲ့သို့ ဟင်းသီးဟင်းရွက်စိမ်းများကို လှီးဖြတ်ပြီး သုံးပါ သို့မဟုတ် ချယ်ရီခရမ်းချဉ်သီးများနှင့် မုန်လာဥနီငယ်များကို သုံးပါ။

သံဓာတ်ကရော ဘယ်လိုလဲ။

  • ⦁ ကလေးမွေးပြီးနောက် သင့်ခန္ဓာကိုယ်၏ သံဓာတ် ပမာဏ နည်းပါးနိုင်ပါသည်။ ၎င်းက သင့်ကို အားနည်းပြီး ပင်ပန်းသည်ဟု ခံစားရစေပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သံဓာတ်ပါသည့် ဗီတာမင်သောက်ရန် သို့မဟုတ် သင်၏ မီးမဖွားမီ ဗီတာမင်ကို ဆက်သောက်ရန် အကြံပြုနိုင်ပါသည်။

ဤသံဓာတ်ကြွယ်ဝသော အစားအစာများကို စမ်းစားကြည့်ပါ-

  • သံဓာတ်ဖြည့်ပေးသော နံနက်စာ စီရီရယ်
  • ပဲဖြူများ၊ ပဲနီကလေးများ၊ ချက်ပြုတ်ထားသော ပဲအခြောက်များ သို့မဟုတ် ပင်တိုပဲများကဲ့သို့ ချက်ပြုတ်ပြီးသား ပဲခြောက်များ
  • အဆီနည်းအနီရောင်အသား
  • တို့ဟူး
  • ဥများ
  • ဟင်းနုနွယ်၊ ဂေါ်ဖီစိမ်းများနှင့် မုန့်ညင်းစိမ်းများကဲ့သို့ အစိမ်းရောင်များ
  • အခွံနွှာမထားသော အာလူး
  • ဆီးသီးရည်
  • ဂျုံကြမ်းပေါင်မုန့်

ဗီတာမင် စီ ကြွယ်ဝသည့် အစားအစာများနှင့် သံဓာတ်ကြွယ်ဝသည့် အစားအစာများကို ပေါင်းစပ်ပါ။ ဤနှစ်မျိုးကို အတူရောစားခြင်းက သင့်ခန္ဓာကိုယ်ကို သင်စားလိုက်သည့် အစားအစာမှ သံဓာတ်ပိုစုပ်ယူနိုင်စေပါသည်။

ဗီတာမင် စီ ရင်းမြစ်ကောင်းများတွင် အောက်ပါတို့ ပါဝင်သည်-

  • လိမ္မော်ရည်
  • ဂရိပ်ဖရုသီး
  • ဖုတ်ထားသော အာလူးများ
  • ခရမ်းချဉ်သီးများ
  • ငရုပ်ပွများ
  • ပန်းပွင့်စိမ်း
Nutrition Facts

အသေးအဖွဲ အပြောင်းအလဲများနှင့် ကျန်းမာရေးနှင့်ညီသော ရွေးချယ်မှုများက သင့်ကို ပိုကျန်းမာသူ ဖြစ်စေပါသည်

အသေးအဖွဲ အပြောင်းအလဲများသည် သင့်ကို ခံစားချက်ကောင်းစေရန်၊ စွမ်းအင်ပိုရရှိပြီး ကိုယ်အလေးချိန် လျော့ကျစေရန် ကူညီပေးရာတွင် ကြီးမားသော ကွဲပြားခြားနားမှု ဖြစ်စေနိုင်ပါသည်။ အမေများက သူတို့အတွက် အလုပ်ဖြစ်သည်ဟု မျှဝေခဲ့ကြသည့် အကြံပြုချက်များစွာ ရှိပါသည်။
  • အစားအစာကို အထုပ်ထဲကနေ တိုက်ရိုက် မစားပါနှင့်။ မုန့်ကြွပ်များ၊ အခွံမာသီးများ၊ သစ်သီးခြောက်နှင့် အစေ့အဆန်အရော၊ မုန့်ကြိုးလိမ်များ၊ ဒိန်ခဲတုံးများ၊ စသည်ဖြင့်တို့ကို ဘူးတစ်ခုချင်းစီသို့ ခွဲထည့်ပါ သို့မဟုတ် အပိတ်ပါသော အိတ်ထဲထည့်ပါ။ ပိုကောင်းအောင် အမြန် ကယ်လီရီမပါသော မုန့်လုပ်ရန်အတွက် ဟင်းသီးဟင်းရွက်အချို့ကို ဖန်ဘူးထဲသို့ သွန်ထည့်ပါ။
  • ဟင်းသီးဟင်းရွက်များကို နေ့စဉ် အစားအသောက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်စေပါ။ စားပွဲဝိုင်း၏ အလယ်တွင် ဟင်းသီးဟင်းရွက်များ သို့မဟုတ် အသုပ်ကိုပန်းကန်လုံးကို ချထားရင်း များများစားကာ မိသားစု ထမင်းပွဲကို စတင်ပါ။ အဓိက ဟင်းပွဲကို မီးဖိုချောင်မှာ ထည့်ပေးပါ။ သင်၏ ဟင်းပွဲကို ပြင်ဆင်ရန် MyPlate လမ်းညွှန်ကို www.myplate.gov တွင် အသုံးပြုပါ။
  • သင်ဗိုက်ပြည့်နေသည်ဟု ခံစားရပါက မစားပါတော့နှင့်။ သင့်ပန်းကန် အကုန်လုံး မကုန်ခင် သို့မဟုတ် လူတိုင်း စားသုံးမှု မပြီးသေးခင် စားသုံးခြင်းကို ရပ်တန့်ရန်မှာ ကိစ္စမရှိကြောင်း သင့်ကိုယ်သင် သတိပေးပါ။
  • သင့်တစ်ယောက်စာအပိုင်းများကို စောင့်ကြည့်ပါ။ ပိုသေးငယ်သော ပန်းကန်များကို သုံးပါ။ လေ့လာချက်များအရ ပိုကြီးသော ပန်းကန်များကို အသုံးပြုသည့်အခါ ပိုစားဖြစ်သည်ဟု သိရှိရပါသည်။
  • အစားအစာအချို့ကို စားသုံးမှုရပ်တန့်ပါ။ အဆီနှင့် ထပ်တိုးသကြား ပါဝင်မှုများသည့် အစားအစာများကို ဖြတ်တောက်ခြင်းဖြင့် ကယ်လိုရီများကို ဖြတ်တောက်ပါ။ အချိုပါသော သောက်စရာများ၊ ကွက်ကီးများ၊ ကိတ်မုန့်များ၊ သကြားလုံးများနှင့် ရေခဲမုန့်ကို ရံဖန်ရံခါ စားစရာများအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ပါ။ နံရိုးများ၊ ဝက်ဆားနယ်ခြောက်နှင့် ဟော့ဒေါ့များကဲ့သို့ အသားများကို ကန့်သတ်ပါ။
  • အိမ်တွင် ချက်ပြုတ်ပါ။ အဆီ၊ သကြားနှင့် ဆား အသုံးနည်းသည့် ကျန်းမာရေးနှင့်ပိုညီသော ချက်ပြုတ်နည်းများကို စမ်းသပ်ကြည့်ပါ။
  • ရေသောက်ပါ။ ကျွန်ုပ်တို့ ရေဆာချိန်တွင် တစ်ခါတစ်ရံ ဗိုက်ဆာတတ်ပါသည်။ တစ်နေ့တာလုံးတွင် သင်နှင့်အတူ ရေဘူးယူထားပါ။ ရေတစ်ငုံစာချင်း သောက်ခြင်းက အစားအစာ အများကြီးမစားမိအောင် ဗိုက်ဖြည့်ပေးနိုင်သည်။
  • ကျန်းမာစွာ စားသောက်ခြင်းသည် ပျော်ရွှင်နေခြင်းနှင့် စွမ်းအင်ပိုရရှိခြင်း၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ တက်ကြွစွာနေခြင်းကလည်း အကူအညီဖြစ်ပါသည်။ တက်ကြွစွာနေခြင်းသည် မိခင်သစ်များကို စိတ်ဖိစီးမှု လျှော့ချပေးပြီး ကလေးအသစ်တစ်ဦးရခြင်းက စိတ်ဖိစီးစေပါသည်။ ကိုယ်လက်လှုပ်ရှားလုပ်ရန် အဆင်ပြေသည့်အချိန်ကို သင့်ဆရာဝန်အား မေးမြန်းပြီး ဖြည်းဖြည်းချင်း စလုပ်ပါ။
Mom baby walking

ဖြစ်နိုင်သမျှ အချိန်တိုင်း တက်တက်ကြွကြွနေပါ

သင်လှုပ်ရှားသည့်အခါ သင့်ခန္ဓာကိုယ်က ကြံ့ခိုင်ရေးကောင်းပါသည်။  သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ကိစ္စမရှိပါဘူး ပြောပါက တက်ကြွလန်းဆန်းစွာ နေပါ။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်းနှင့် ရေကူးခြင်းတို့က ကောင်းမွန်သော နည်းလမ်းအချို့ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွနေခြင်းသည်-

  • သင့်ကို ခံစားချက်ကောင်းစေပြီး ကြည့်ကောင်းစေပါသည်
  • သင့်ကို စွမ်းအင်ပိုရရှိစေပါသည်
  • စိတ်ဖိစီးမှုကို လျှော့ချပေးပြီး သင့်ကို စိတ်လက်ပေါ့ပါးစေပါသည်
  • သင့်ကိုယ်ဝန်ဆောင် ကိုယ်အလေးချိန် လျော့ကျစေနိုင်သည်
  • သင့်ကြွက်သားများကို ကျစ်လျစ်စေသည်

အစပိုင်းတွင် ဖြည်းဖြည်းချင်းလုပ်ပါ။ သင့်ခန္ဓာကိုယ်က အနာကျက်ရန် လိုအပ်ပါသည်။ သင်လုပ်နိုင်သည့်အရာနှင့် သင်လုပ်နိုင်သည့်အချိန်ကို သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မေးမြန်းပါ။

5 မိနစ်မှ 10 မိနစ် လမ်းလျှောက်ခြင်းဖြင့် စတင်ပါ။  တစ်ပတ်အကြာတွင် အနည်းငယ်ပိုကြာကြာ သို့မဟုတ် ပိုဝေးဝေး လျှောက်ကြည့်ပါ။ သင့်အတွက် အလုပ်ဖြစ်သည့် ပန်းတိုင်တစ်ခု ချမှတ်ပါ။

ဒါတွေကတော့ သင့်ခန္ဓာကိုယ် လှုပ်ရှားရန် လွယ်ကူသော အခြားနည်းလမ်းများ ဖြစ်ပါသည်-

  • တီဗွီကြည့်ချိန် သို့မဟုတ် ဖုန်းပြောနေချိန်တွင် နေရာမရွေ့ဘဲလမ်းလျှောက်ပါ။
  • သီချင်းနားထောင်ပြီး ကပါ။
  • သင့်သူငယ်ချင်းများနှင့် မိသားစုကို သင်နှင့်အတူ လာကခိုင်းပါ။

အခြား ပျော်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးသော ကာယလေ့ကျင့်ခန်း အစီအစဉ်များ/ဗီဒီယိုများကိုလည်း အွန်လိုင်းတွင် သင်ရှာကြည့်နိုင်ပါသည်။

ကျန်းမာရေး အလေ့အထများကို တစ်ကြိမ်လျှင်တစ်ခု ပြောင်းပါ။

အပြောင်းအလဲနောက်တစ်ခု မလုပ်ခင် အပြောင်းအလဲတစ်ခုကို အလေ့အကျင့်ဖြစ်အောင်လုပ်ပါ။

မည်သည့်အစားအစာများကို သင်ဖယ်ရှားလိုပါသလဲ။

ဥပမာ-
တစ်နေ့လျှင် အများဆုံး ဆိုဒါတစ်ခွက်သာသောက်ပါ

မည်သည့်အစားအစာကို
သင်ပြောင်းလဲနိုင်ပါသလဲ။

ဥပမာ-
နံနက်စာအတွက် သစ်သီးနှင့် အဆီနည်း ဒိန်ချဉ်ကို စားပါ။

ပိုလန်းဆန်းစေရန် သင်ဘာလုပ်နိုင်ပါသလဲ။

ဥပမာ-
ဓာတ်လှေကားအစား ရိုးရိုးလှေကားများဖြင့် တက်ပါ။

သင့်ကိုယ်သင်အတွက် အချိန်ပေးပါ

သင့်မွေးကင်းစ ကလေးကို ဂရုစိုက်သလို သင့်ကိုယ်သင်လည်း ဂရုစိုက်ပါ။

  • မိသားစုနှင့် သူငယ်ချင်းများထံမှ အကူအညီရယူပါ။ သူတို့ကို ဈေးဝယ်၊ ချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းပါ။
  • သင့်ကလေး တစ်မှေးအိပ်ချိန်တွင် သင်လည်း တစ်မှေးအိပ်ပါ။ သင်အိပ်မရပါက လှဲချပြီး အနားယူပါ။
  • စကားပြောရမည့် တစ်စုံတစ်ယောက်ကို ရှာပါ။

အာဟာရပြည့်ဝသော အစားအစာများကို ပုံမှန်စားသုံးခြင်းက သင့်ကို အောက်ပါတို့ လုပ်နိုင်စေရန် ကူညီပေးနိုင်ပါသည်-

  • စွမ်းအင်ပိုရရှိစေရန်
  • ပိုရှင်းလင်းစွာ တွေးတောရန်
  • ပိုကောင်းမွန်စွာ အနာကျက်ရန်

သင့်အပြုံးကို ကျန်းမာရေးနှင့်ညီစေပါ

Brushing Teeth

ကျန်းမာသော သွားနှင့် သွားဖုံးများသည် ကျန်းမာရေးကောင်းခြင်း၏ လက္ခဏာ တစ်ရပ်ပါ။

  • သင့်သွားများ (နှင့် လျှာ) ကို တစ်နေ့လျှင် အနည်းဆုံး 2 ကြိမ် တိုက်ပါ။
  • သင့်သွားများကို နေ့စဉ် သွားကြားထိုးပါ။
  • ရေသောက်ပါ၊ သကြားဖြင့် အချိုထည့်ထားသော သောက်စရာများ မသောက်ပါနှင့်။
  • 6 လတိုင်း သွားဆရာဝန်နှင့် စစ်ဆေးပြသပါ။

မွေးဖွားပြီးကာလ စိတ်ဓာတ်ကျခြင်း

မိခင်သစ်အများစုသည် စိတ်ညိုးငယ်မှုများ ခံစားကြရသည်။ သူတို့ ငိုကြသည်၊ ဝမ်းနည်းကြသည့်အပြင် စိတ်ခံစားချက် အပြောင်းအလဲ ဖြစ်ကြသည်။ ထိုသို့ဖြစ်ခြင်းက 2 ပတ်အထိ ကြာမြင့်တတ်သည်။ ထိုခံစားချက်များ ဆက်ဖြစ်နေပြီး ပိုဆိုးရွားလာပါက သင့်တွင် မွေးဖွားပြီးကာလ စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ပါသည်။

သင့်တွင် မွေးဖွားပြီးကာလ စိတ်ဓာတ်ကျခြင်း ဖြစ်နေနိုင်သည်ဟု သင်ထင်ပါက အကူအညီ ရယူရန် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးပါ။ သင်က ကောင်းမွန်စွာ ခံစားရန် ထိုက်တန်ပါသည်။

သင့်ကိုယ်သင် သို့မဟုတ် သင့်ကလေးကို အန္တရာယ်ပြုရန် သင်တွေးတောနေပါက အကူအညီ ချက်ချင်းရယူပါ။

Postpartum Support International ဖုန်းလိုင်း 1-800-944-4773 ကို ခေါ်ဆိုပါ သို့မဟုတ် www.postpartum.net သို့ ဝင်ကြည့်ပါ သို့မဟုတ် 800-944-4773 (အင်္ဂလိပ်ဘာသာ) သို့မဟုတ်971-203-7773 (စပိန်ဘာသာ) သို့ စာတိုပို့ပါ။

မွေးဖွားပြီးကာလ စိတ်ဓာတ်ကျခြင်း လက္ခဏာများ

2 ပတ်ထက် ပိုတာရှည်နေသည့် ဤခံစားချက်တစ်ခုခု-

  • အလွန်ဝမ်းနည်းနေခြင်း
  • မကြာခဏ ငိုယိုခြင်း
  • အစာ မစားလိုခြင်း သို့မဟုတ် အစာမစားဘဲ မနေနိုင်ခြင်း
  • အိပ်မရခြင်း သို့မဟုတ် အချိန်တိုင်း အိပ်လိုခြင်း
  • သင့်ကိုယ်သင် ဂရိုက်မစိုက်ခြင်း
  • ဘဝကို မပျော်ရွှခြင်း
  • သင့်ကလေးနှင့် ပတ်သက်ပြီး ဂရုမစိုက်ခြင်း
  • သင့်ကိုယ်သင် သို့မဟုတ် သင့်ကလေးကို ထိခိုက်နာကျင်စေမည်ဟု ခံစားရခြင်း
  • သင့်ကလေးနှင့် သင် နှစ်ယောက်တည်းကျန်မည်ကို ကြောက်ခြင်း
  • သင့်ကလေးအကြောင်း အလွန်အမင်း စိတ်ပူခြင်း
Woman outdoors sun

ဤစိတ်ဖိစီးမှု ဖြေဖျောက်ကိရိယာကို စမ်းကြည့်ပါ

  • ထိုင်ခုံတွင် ထိုင်ပါ။
  • သင့်လက်များကို သင့်ဝမ်းဗိုက်ပေါ် တင်ထားပါ။
  • ဖြည်းဖြည်းချင်း 4 အထိ ရေတွက်ရင်း သင့်နှာခေါင်းဖြင့် အသက်ရှူသွင်းပါ။ တစ်စက္ကန့်ကြာအောင် ထိန်းထားပါ။
  • ဖြည်းဖြည်းချင်း 4 အထိ ရေတွက်ရင်း သင့်ပါးစပ်ဖြင့် အသက်ရှူထုတ်ပါ။ 5 ကြိမ်မှ 10 ကြိမ်အထိ ထပ်လုပ်ပါ။

သင့်ကလေး၏ အချက်ပြမှုများကို နားလည်ခြင်း

သင့်ကလေးသည် သူလိုအပ်သည့်အရာများ သင့်ကို ပြောပြရန် ခန္ဓာကိုယ် လှုပ်ရှားမှုများနှင့် အချက်ပြမှုများကို အသုံးပြုပါသည်။ သင့်ကလေး၏ အချက်ပြမှုများကို တုံ့ပြန်ခြင်းသည် သင့်ကလေးကို စိတ်အေးငြိမ်း ပျော်ရွှင်စေနိုင်ပါသည်။

“ဗိုက်ဆာတယ်”

hungry baby in moms lap

သင့်ကလေး ဗိုက်ဆာသည့်အခါ ကလေးသည်-

  • ကလေး၏ သူ့လက်များကို သူ့ပါးစပ်နားတွင်ထားတတ်သည်
  • ကလေးသည် သူ၏လက်များနှင့် ခြေထောက်များကို ကွေးသည်
  • စုပ်ယူသော အသံများ ပြုလုပ်သည်
  • သူ၏ နှုတ်ခမ်းများကို တွန့်ရှုံ့ပါသည်
  • နို့သီးခေါင်း (အမြစ်များ) ကို ရှာပါ

“ဗိုက်ပြည့်ပြီ”​

baby is full

သင့်ကလေး ဗိုက်ပြည့်သည့်အခါ ကလေးသည်-

  • ဖြည်းဖြည်းချင်း နို့စို့တတ်တယ် ဒါမှမဟုတ် နို့စို့တာကို ရပ်ပါတယ်
  • သူ၏ လက်များနှင့် လက်မောင်းများကို ဖြေလျှော့သည်
  • နို့သီးခေါင်းကနေ အဝေးသို့ လှည့်လိုက်ပါတယ်
  • တွန်းထုတ်တယ်
  • အိပ်ပျော်သွားသည်

“သင့်အနီးနားမှာ ရှိချင်တယ်”​

mom playing with baby

ဆော့ကစားရန် အသင့်ဖြစ်သောအခါ။

သင်၏ မွေးကင်းစ ကလေး ကြီးပြင်းလာသည်နှင့်အမျှ ကလေး တုံ့ပြန်ပြုမူရန်၊ သင်ယူရန် သို့မဟုတ် ဆော့ကစားရန် အချိန်အခါကို သင်ပိုပြောပြ၍ရလာနိုင်ပါမည်။

သင့်ကလေးသည် သင့်အကြောင်းနှင့် သူ၏ ကမ္ဘာသစ်အကြောင်း ပိုမိုလေ့လာနိုင်အောင်ကူညီပေးဖို့ သင့်ကို တောင်းဆိုသည့်အခါ ကလေးသည်-

  • ငြိမ်းအေးသော မျက်နှာနှင့် ကိုယ်ဟန် ရှိနိုင်သည်
  • သင့်အသံနှင့် မျက်နှာကို လိုက်ကြည့်နိုင်သည်
  • သင့်ဆီ အရောက်လှမ်းနိုင်သည်
  • သင့်မျက်နှာကို ငေးကြည့်နိုင်သည်
  • သူ့ခေါင်းထောင်လာနိုင်သည်

“ခဏနားဖို့ လိုအပ်ပါတယ်”

im-hungry

ကျွန်ုပ် ထူးခြားသော တစ်စုံတစ်ရာ လိုအပ်သည့်အခါ။

သင့်ကလေးအကြောင်း သင်သိအောင်လုပ်ဆောင်ရာတွင် သင့်ကလေးက သင့်ကို ပြောပြရန် ကြိုးပမ်းနေသည့်အရာများကို စတင်သိရှိလာပါမည်။ ယင်းက အချိန်ပေးရပါသည်။

သင့်ကလေးက ဆော့ကစားခြင်းနှင့် သင်ယူလေ့လာခြင်းမှ ခေတ္တအနားယူရန် လိုအပ်သည့်အခါ သို့မဟုတ် ဆိတ်ငြိမ်သောအချိန် လိုအပ်သည့်အခါ ကလေးသည်-

  • အဝေးသို့ကြည့်နိုင်သည်၊ အဝေးသို့လှည့်သွားနိုင်သည် သို့မဟုတ် သူ၏ကျော ခုံးကြွနိုင်သည်
  • မျက်မှောင်ကြုတ်နိုင်သည် သို့မဟုတ် သူ၏ မျက်လုံးများတွင် အသက်မပါသောအကြည့်ရှိနိုင်သည်
  • သူ့လက်ဝါးများ၊ လက်များ သို့မဟုတ် ခြေထောက်များ တောင့်ထားနိုင်သည်
  • သန်းဝေနိုင်သည် သို့မဟုတ် အိပ်ပျော်သွားနိုင်သည်

သင့်ကလေးကို အကောင်းဆုံး စတင်မှုပေးပါ။ မိခင်နို့တိုက်ကျွေးပါ။*

မိခင်နို့တိုက်ကျွေးခြင်းသည် သဘာဝဖြစ်သော်လည်း အချိန်နှင့် အလေ့အကျင့် လိုအပ်ပါသည်။  သင်နှင့် သင့်ကလေးသည် ပထမ ရက်သတ္တပတ်အနည်းငယ်အတွင်း သင်ယူလေ့လာနေပါသည်။ ထိုနောက်ပိုင်းတွင် ပိုလွယ်ကူလာပါသည်။

သင်အနားယူရပါမည်။  သင့်ကလေးအတွက် ပိုများသော စွမ်းအင် သင့်တွင် ရှိပါမည်။

ရေဆာချိန်တွင် ရေ၊ နို့နှင့် 100% သစ်သီးရည်တို့ကို သောက်ပါ။  သင်နို့တိုက်ကျွေးနေချိန်တွင် သောက်သုံးရန် ဖျော်ရည်ကို အသင့်ထားရှိပါ။

တစ်နေ့ သုံးကြိမ် အစာစားပြီး အနည်းဆုံး မုန့်တစ်ကြိမ်စားပါ။ မုန့်စိတ်ကူးအချို့တွင်-

  • ဒိန်ခဲနှင့် မုန့်ကြွပ်များ
  • သစ်သီး
  • အဆီနည်း ဒိန်ချဉ်
  • အခွံမာသီးများနှင့် သစ်သီးခြောက်များ
  • စီရီရယ်
  • အသားညှပ်ပေါင်မုန့်

သင်နို့မသောက်ပါက WIC နှင့် တိုင်ပင်ဆွေးနွေးပါ။ အောက်ပါတို့ကဲ့သို့ အခြားအစားအစာများမှ ကယ်လ်စီယမ်ကို ရနိုင်ပါသည်-

  • ဒိန်ခဲ
  • ဒိန်ချဉ်
  • ကယ်လ်စီယမ်ပါသည့် လိမ္မော်သီးရည်
  • တို့ဟူး (ကယ်လ်စီယမ်ဖြင့် ပြုလုပ်ထားသည်)
  • ကိုက်လံနှင့် ဂေါ်ဖီထုပ်
  • ကယ်လ်စီယမ်ဖြည့်ထားသည့် အခြား အစားအစာများ

အခြား မိခင်များနှင့် သင်စကားပြောဆိုနိုင်သည့် မိခင်နို့တိုက်ကျွေးရေး အကူအညီအုပ်စုနှင့် ပူးပေါင်းပါ။
မိခင်နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်ပြီး သင့်တွင် မေးခွန်းများရှိပါက WIC သို့မဟုတ် မိခင်နို့လိုက်ရည် အကြံပေးကို ခေါ်ဆိုပါ။

မိခင်နို့တိုက်ကျွေးခြင်းက သင့်အတွက်ရော သင့်ကလေးအတွက်ပါ ကောင်းပါသည်

မိခင်နို့တိုက်ကျွေးခံရသည့် ကလေးများ-
  • ပိုနည်းပါးသော ဓာတ်မတည့်မှုများ ရှိသည်
  • ဖျားနာမှုကြိမ်ရေ ပိုနည်းသည်
  • ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်း လျော့နည်းသည်
  • အိပ်စက်မှုဆိုင်ရာ သေဆုံးမှ (SIDS) ဖြစ်နိုင်ခြေပိုနည်းသည်

မိခင်နို့တိုက်ကျွေးသည့် မိခင်များ-

  • ကလေးအတွက် အစားအစာ စရိတ် ပိုနည်းသည်
  • အိပ်ချိန်ပိုရသည်
  • ခန္ဓာကိုယ် အချိုးအစား ပုံမှန် မြန်မြန်ပြန်ဖြစ်သည်
  • အချို့သော ကင်ဆာများနှင့် အမျိုးအစား 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသည်
Your Babys Tummy is Very Small
နို့တိုက်ကျွေးခြင်း Holds Infographic ၅ ခုကို ကြည့်ရှုပြီး မျှဝေပါ။
https://indiana.wicresources.org/wp-content/uploads/sites/5/2026/02/IN_WIC_5_BreastfeedingHolds_Burmese_LoRes.pdf
Mom breastfeeding

ကလေးဖြည့်စွက်စာကျွေးခြင်းအတွက် အကြံပြုချက်များ

Dad baby
သင့်ကလေးကို မိခင်နို့တိုက်သည်ဖြစ်စေ သို့မဟုတ် ကလေးဖြည့်စွက်စာ ကျွေးသည်ဖြစ်စေ သင့်ကလေးသည် သူကောင်းစွာ စားသောက်နိုင်ရန် သင့်အပေါ် အားကိုးနေရပါသည်။ ဖြည်းဖြည်းချင်း နို့ဘူးတိုက်ခြင်းဆိုင်ရာ သတင်းအချက်အလက်များအတွက် 0-6 လ ကျွေးမွေးရေး လမ်းညွှန်ကို ဝင်ကြည့်ပါ။
  • ကလေးဖြည့်စွက်စာ ရောနှောခြင်းသည် ဟင်းချက်နည်းအတိုင်း လိုက်ချက်ခြင်းကဲ့သို့ ပါဝင်ပစ္စည်းများကို နည်းစနစ်မှန်မှန် ရောနှောခြင်းက အရေးကြီးပါသည်။ သင့်ကလေးအတွက် သင်သည် ဘူးပေါ်ရှိ ရောနှောနည်းများအတိုင်း ဆောင်ရွက်ရမည်။ ပုလင်းထဲ ရေ အရင်ထည့်ပြီးနောက်မှ ကလေးဖြည့်စွက်စာ ထည့်ရမည်ကို မမေ့ပါနှင့်။
  • အခြားလူများက သင့်ကလေးအတွက် စောင့်ရှောက်ပေးပါက ထိုလူများသည် ကလေးဖြည့်စွက်စာကို မှန်ကန်စွာ ရောနှောပြီး ပြင်ဆင်ရန်နည်းလမ်းကို သေချာသိထားရပါမည်။
  • ကျွေးပြီးနောက် ပုလင်းအတွင်း ကျန်သည့် ကလေးဖြည့်စွက်စာများကို သွန်ပစ်ပါ။ ပုလင်းများကို သင်ကြိုပြင်ထားပါက သင့်ကလေးကို ကျွေးမွေးရန် အသင့်မဖြစ်မချင်း ၎င်းတို့ကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ။ 24နာရီစာ အတွက် လုံလောက်သည့် ပုလင်းများကိုသာ ပြင်ဆင်ထားပါ။
  • ပုလင်းကို ရေနွေးဖြင့် အပူပေးပါ။ မိုက်ခရိုဝေ့ဗ်ဖြင့် အပူပေးထားသည့် ကလေးဖြည့်စွက်စာသည် သင့်ကလေး၏ ပါးစပ်ကို အပူလောင်စေနိုင်ပါသည်။ ပုလင်းသည် ပူမနေရဘဲ နွေးနွေးလေးသာဖြစ်ရမည်။
  • သင့်ကလေးသည် ပုလင်းတွင်းပါ ကလေးနို့မှုန့်ကိုသာ လိုအပ်သည်။ အချိုပါသော သောက်စရာများ သို့မဟုတ် ရေကို သင့်ကလေး၏ ပုလင်းတွင်း မည်သည့်အခါမျှ မထည့်ပါနှင့်။

ဘေးကင်းစွာ နေခြင်း

ဆေးရွက်ကြီး သို့မဟုတ် နီကိုတင်း ထုတ်ကုန်များ၊ အရက်၊ ဆေးခြောက်နှင့် အခြား ဆေးဝါးများကို ရှောင်ကြဉ်ခြင်းဖြင့် သင်နှင့် သင့်ကလေးကို ကျန်းမာအောင်ထားပါ။ နောက်ထပ် ကိုယ်ဝန်ဆောင်ရန် သင်ပြင်ဆင်နေပါက ဆေးရွက်ကြီး၊ နီကိုတင်း၊ အရက် သို့မဟုတ် ဆေးဝါးများ အသုံးပြုမှုကို ရပ်တန့်ရန် သို့မဟုတ် လျှော့ချရန် ရင်းမြစ်များဖြင့် သင့်ကို အကူအညီပေးနိုင်ပါသည်။
ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီး သို့မဟုတ် နီကိုတင်း ထုတ်ကုန်များကို အသုံးပြုခြင်းသည် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ဆေးလိပ်ငွေ့ သို့မဟုတ် စီးကရက်များ သို့မဟုတ် လျှပ်စစ်ဆေးလိပ်မှ အငွေ့များသည် သင့်အနီးနားရှိ အခြားလူများကို ထိခိုက်နိုင်ပါသည်။ နို့စို့ကလေးများ သို့မဟုတ် ကလေးများအနီးတွင် ဆေးလိပ်သောက်ခြင်းသည် ကလေးများကို အအေးမိခြင်း၊ နားကူးစက်ရောဂါ၊ Sudden Infant Death Syndrome (SIDS, မွေးကင်းစကလေး ရုတ်တရတ်သေဆုံးခြင်း ရောဂါ) သို့မဟုတ် ပန်းနာရင်ကျပ်အတွက် ဖြစ်နိုင်ခြေကို တိုးလာနိုင်ပါသည်။
သင့်အိမ်နှင့် မော်တော်ယာဉ်များအတွက် ဆေးလိပ်သောက် စည်းကမ်း ချမှတ်ပေးပါ။ လူအများကို သင်နှင့် သင့်ကလေးအနီးနားတွင် ဆေးလိပ်မသောက်ဖို့ပြောပါ။
ဆေးရွက်ကြီး သို့မဟုတ် နီကိုတင်း ထုတ်ကုန်များ ဖြတ်ရန် သို့မဟုတ် လျှော့သုံးရန်မှာ မည်မျှခက်ခဲသည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ သင်၏ သုံးစွဲမှုကို ဖြတ်ရန် သို့မဟုတ် လျှော့ချရန် ရုန်းကန်နေရပါက ကျွန်ုပ်တို့တွင် သင့်အတွက် ရင်းမြစ်များ ရှိပါသည်။ အခမဲ့ လမ်းညွှန်ခြင်း၊ အခမဲ့ ဖြတ်ခြင်း အစီအစဉ်နှင့် အသိပညာပေး အချက်အလက်များ အပါအဝင် ဆေးရွက်ကြီး သို့မဟုတ် ဆေးလိပ် သုံးစွဲမှု ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွ www.quitnow.net သို့ ဝင်ကြည့်ပါ။
သင်နှင့် သင့်ကလေး သို့မဟုတ် အသက်ပိုကြီးသော ကလေး ကျန်းမာဘေးကင်းနေစေရန် အရက်၊ ဆေးခြောက်နှင့် အခြား ဆေးဝါးများကို ရှောင်ရှားဖို့ အကြံပြုပါသည်။ သင်၏ သုံးစွဲမှုကို ရပ်တန့်ရန် သို့မဟုတ် လျှော့ချရန် သင့်ကြိုးပမ်းမှုများအတွက် ထောက်ပံ့ပေးမည့် ရင်းမြစ်များ ရှိပါသည်။
ဤထုတ်ကုန်များ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသို့ ဆက်သွယ်ပါ သို့မဟုတ် www.findtreatment.gov သို့ ဝင်ကြည့်ပါ။

For support with quitting alcohol, marijuana, or other illegal drug use contact your healthcare provider or visit www.findtreatment.gov.

Never leave your child with people who drink too much or use drugs.

Say NO to:

  • Beer
  • Smokeless tobacco
  • PCP or angel dust
  • Wine
  • Misuse of medicines
  • Heroin
  • Mixed drinks
  • Marijuana
  • Methamphetamines
  • Liquor
  • Crack/cocaine
  • Opioids
  • Cigarettes
  • LSD
  • Vape and Juul products
မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကူအညီအတွက် သင်၏ WIC မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ဘဝတူ အကြံပေး သို့မဟုတ် WIC က ချမှတ်ထားသော မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ကျွမ်းကျင်သူထံ ဆက်သွယ်ပါ။
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။
wic.in.gov
Logo for Indiana WIC, a supplemental nutrition program for women, infants, and children.

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

2 North Meridian Street, 5th Floor  Indianapolis, Indiana 46204
800-522-0874
wic.in.gov

ပိုမိုလေ့လာရန်

  • လျှောက်ထားနည်း
  • အတည်ပြုထားသည့် စားသောက်ကုန်များ
  • ဆေးခန်းတစ်ခု ရှာပါ

ရင်းမြစ်များ

WIC နို့တိုက်ကျွေးခြင်း အကူအညီ
  • INWIC Android အက်ပ်
  • INWIC Apple အက်ပ်
  • Indiana WIC on Facebook
  • Indiana WIC on Instagram

ဤအဖွဲ့အစည်းသည် အခွင့်အရေးတန်းတူညီမျှမှုကို ပံ့ပိုးပေးသော ဝန်ဆောင်မှုပေးသူဖြစ်ပါသည်။

Cookie PolicyPrivacy Policy

© Brush Art Corporation

  • Email
  • SMS
If you are using multiple emails, separate them with commas.

    SMS Communication Consent

    ×
    If you are using multiple emails, separate them with commas.

      Communication Preferences

      ×
      Download
      Feed Popup
      Explore a helpful infographic for breastfeeding moms.
      Side Lying Hold

      Side-Lying Hold

      1. For the right breast, lie on your right side with your baby facing you.
      2. Pull your baby close. Your baby’s mouth should be level with your nipple.
      3. In this position, you can cradle your baby’s back with your left arm and support yourself with your right arm and/or pillows.
      4. Keep loose clothing and bedding away from your baby.
      5. Reverse for the left breast.

      This hold is useful when:

      • You had a C-section
      • You want to rest while baby feeds
      • You are breastfeeding in the middle of the night
      • You and your baby are comfortable in this position
      Cross Cradle Hold

      Cross-Cradle Hold

      1. For the right breast, use your left arm to hold your baby’s head at your right breast and baby’s body toward your left side. A pillow across your lap can help support your left arm.
      2. Gently place your left hand behind your baby’s ears and neck, with your thumb and index finger behind each ear and your palm between baby’s shoulder blades. Turn your baby’s body toward yours so your tummies are touching.
      3. Hold your breast as if you are squeezing a sandwich. To protect your back, avoid leaning down to your baby. Instead, bring your baby to you.
      4. As your baby’s mouth opens, push gently with your left palm on baby’s head to help them latch on. Make sure you keep your fingers out of the way.
      5. Reverse for the left breast.

      This hold is useful when:

      • Your baby is premature
      • Your baby has a weak suck
      • Your baby needs help to stay latched
      • Your baby needs extra head support
      • You and your baby are comfortable in this position
      Football Hold

      Clutch or “Football” Hold

      1. For the right breast, hold your baby level, facing up, at your right side.
      2. Put your baby’s head near your right nipple and support their back and legs under your right arm.
      3. Hold the base of your baby’s head with your right palm. A pillow underneath your right arm can help support your baby’s weight.
      4. To protect your back, avoid leaning down to your baby. Bring baby to you instead.
      5. Reverse for the left breast.

      This hold is useful when:

      • You had a C-section
      • You have large breasts
      • You have flat or inverted nipples
      • You have a strong milk let-down
      • You are breastfeeding twins
      • Your baby likes to feed in an upright position
      • Your baby has reflux
      • You and your baby are comfortable in this position
      Breastfeeding Holds

      Cradle Hold

      1. For the right breast, cradle your baby with your right arm. Your baby will be on their left side across your lap, facing you at nipple level.
      2. Your baby’s head will rest on your right forearm with your baby’s back along your inner arm and palm.
      3. Turn your baby’s tummy toward your tummy. Your left hand is free to support your breast, if needed. Pillows can help support your arm and elbow.
      4. To protect your back, avoid leaning down to your baby. Instead, bring your baby to you.
      5. Reverse for the left breast.

      This hold is useful when:

      • Your baby needs help latching on
      • You and your baby are comfortable in this position
      Breastfeeding Holds

      Laid-Back Hold

      1. Lean back on a pillow with your baby’s tummy touching yours and their head at breast level. Some moms find that sitting up nearly straight works well. Others prefer to lean back and lie almost flat.
      2. You can place your baby’s cheek near your breast, or you may want to use one hand to hold your breast near your baby. It’s up to you and what you think feels best.
      3. Your baby will naturally find your nipple, latch, and begin to suckle.

      This hold is useful when:

      • Your baby is placed on your chest right after birth
      • You have a strong milk let-down
      • You have large breasts
      • You and your baby are comfortable in this position