ကိုယ်စားလှယ်ဆိုသည်မှာ သင်ယုံကြည်စိတ်ချရသောသူတစ်ဦး ဖြစ်ပါသည်။ အကယ်၍ သင်ဆိုင်သို့မသွားနိုင်လျှင် သင်၏ eWIC ကဒ်ကို သုံးရန် ထိုသူအား သင်ခွင့်ပြုပါသည်။ သင်၏ကိုယ်စားလှယ်သည် မည်သည့်အစား အစာများကို ဝယ်ယူရမည်နှင့် eWIC ကဒ်ကို မည်သို့အသုံးပြုရမည်ကို သိရှိနားလည်ကြောင်း သင် သေချာအောင်လုပ်ရပါမည်။
သင်၏ WIC အကျိုးခံစားခွင့်အားလုံးကို သူတို့ ထုတ်ယူသွားနိုင်သည့်အတွက် တစ်စုံတစ်ယောက်အား သင်၏ကဒ်နှင့် PIN ကိုပေးလျှင် သတိထားပါ။ ထိုအကျိုးခံစားခွင့်များကို ပြန်လည်အစားထိုးပေးမည်မဟုတ်ပါ။ ကိုယ်စားလှယ်အဖြစ် သင်ရွေးချယ်ထားသောသူများကိုသာ သင်၏ကဒ်နှင့် PIN ကိုပေးပါ