သင့်ခန္ဓာကိုယ်၊ သင့်စိတ်
ပူဆွေးသောကသည် တစ်ခါတစ်ရံတွင် စိတ်ထိခိုက်စရာကောင်းသော်လည်း ထိုသို့ဖြစ်ခြင်းက ပုံမှန် ဖြစ်ပါသည်။ သင်တစ်ယောက်တည်း ယခုလို ဖြစ်နေခြင်း မဟုတ်ပါ။ ပူဆွေးသောကကို ဖြတ်ကျော်ခြင်းက လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်၊ သင့်ခံစားချက်များက အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားပါမည်။ ဤခံစားချက်များ အလွန်များလာပါက သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
အကူအညီအဖွဲ့သည် ကုစားရေးလုပ်ငန်းစဉ်အတွင်း သင့်ကို ကူညီပေးနိုင်ပါသည်။ ကလေးတစ်ဦး ဆုံးရှုံးသွားသည့် အခြားလူများနှင့် ဆွေးနွေးပြောဆိုခြင်းက ဤကာလတစ်လျှောက်တွင် သင့်ကို ကူညီပေးပါမည်။
အာဟာရ
- အစားအစာနည်းနည်းကို ပုံမှန်စားပါ။
- ကျန်းမာရေးနှင့်ညီသော မုန့်များ စားပါ။
- အနံ့အရသာ ကောင်းမွန်သည့် အစားအစာများ ပြုလုပ်ပါ။
- ဗီတာမင် သောက်ပါ။

ပရိုတင်း
သင့်ခန္ဓာကိုယ်တွင်း တစ်ရှူးများကို ပြုပြင်ရန် ကြက်ဥများ၊ မြေပဲထောပတ်နှင့် ပဲစေ့များ။

သံဓာတ်
ပဲစေ့များ၊ ပဲနီကလေးများနှင့် စီရီရယ်တွင် ပါဝင်သည့် သံဓာတ်သည် သင်၏ သွေးကို ကျန်းမာရေးနှင့်ညီပြီး အောက်ဆီဂျင်ပြည့်ဝစေရန် ကူညီပေးပါသည်။

ဗီတာမင်များ
ကုစားရာတွင် ကူညီပေးရန် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင်ပါသော ဗီတာမင်များနှင့် သတ္တုဓာတ်များ။

ကယ်လ်စီယမ်
သင့်အရိုးများနှင့် သွားများကို ကျန်းမာပြီး သန်မာစေရန် လိုအပ်သည့် နို့၊ ဒိန်ခဲနှင့် ဒိန်ချဉ်တွင်ပါသော ကယ်လ်စီယမ်။
မိခင်နို့ရည်လိုက်ခြင်း
ရင်းမြစ်များ
သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ
သင့်ကလေး ကျန်းမာရေးကြောင်း သေချာစေရန် သင်၏ ဆရာဝန်နှင့် ပြသပါ။ ၎င်းတို့က သင်၏ ဆေးခန်း သို့မဟုတ် ဆေးရုံမှတစ်ဆင့် သင်တက်ရောက်နိုင်သည့် အကူအညီ အဖွဲ့များနှင့် ပတ်သက်ပြီး သင့်ကို ပြောပြပေးနိုင်ပါသည်။
WIC
သင့်ခန္ဓာကိုယ် ကျန်းမာနေစေဖို့ အကူအညီ၊ အာဟာရအကြံပေးဆွေးနွေးခြင်းနှင့် အစားအစာ ရရှိရန် ဆုံးရှုံးပြီးနောက် မီးဖွားပြီးလူနာအဖြစ် Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဥ်) တွင် ဆက်နေနိုင်ကောင်း နေနိုင်ပါသည်။
အကူအညီ အဖွဲ့များ
၎င်းတို့က ကုစားရေးလုပ်ငန်းစဉ်အတွင်း သင့်ကို ကူညီပေးနိုင်ပါသည်။ WIC ကို ဒေသန္တရ ရင်းမြစ်များအကြောင်း မေးမြန်းပါ။
Free Virtual Support Groups
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။