WIC EBT ကတ်လမ်းညွှန်

  • Home
  • WIC EBT Card Guide

သင်၏ eWIC ကတ်ကို အသုံးပြုခြင်း

Front Card

သင့်မိသားစု၏ WIC ကတ်အကျိုးခံစားခွင့်များကို သင်၏ WIC အကောင့်သို့ ထည့်သွင်းပေးမည်ဖြစ်သည်။ သင့် WIC ဆေးခန်းမှ သင့်အားပေးထားသည့် ရောင်းသူများစာရင်းတွင် ပါဝင်သည့် အရောင်းဆိုင်များတွင် သင်၏အကျိုးခံစားခွင့်များကို ဝယ်ယူရန် သင်၏ Indiana eWIC ကတ်ကို အသုံးပြုရမည်။ 

eWIC ကတ်သည် စျေးဝယ်ခြင်းကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

အောက်ဖော်ပြပါအဆင့်များသည် WIC ကိစ္စကို ပြီးမြောက်အောင်ဆောင်ရွက်သည့် ယေဘုယျလုပ်ငန်းစဉ်ဖြစ်ပြီး ဆိုင်တစ်ခုနှင့်တစ်ခု အနည်းငယ်ကွဲပြားနိုင်ပါသည်။

shop

စျေးဝယ်ခြင်း

သင်၏ eWIC ကဒ် ၊ လက်ရှိခံစားခွင့်ငွေလက်ကျန်နှင့် Indiana eWIC အတည်ပြုစားသောက်ကုန်ကတ်တို့ဖြင့် သင်လိုအပ်သည့် စားသောက်ကုန်များကို ရွေးပါ။

checkout

ငွေရှင်းခြင်း

စျေးဝယ်ပြီးသည့်အခါ WIC ကို လက်ခံသည့် ငွေရှင်းကောင်တာကို ရွေးချယ်ပါ။

အရောင်းဆိုင်အချို့တွင် အခြားဝယ်ယူမှုများနှင့် WIC ပစ္စည်းများကို ခွဲရှင်းရန် လိုအပ်နိုင်သည်။ ထိုသို့ပြုလုပ်ရန် လိုအပ်သလား မေးကြည့်ပါ။

သင် Indiana eWIC ကတ်သုံးနေကြောင်း ငွေကိုင်ကို ပြောပြပါ။

ပစ္စည်းများသည် WIC အတည်ပြုထားကာ ထိုနေ့တွင် ဝယ်ယူ၍ရနိုင်ကြောင်း အတည်ပြုရန် ငွေကိုင်ဝန်ထမ်းက စကန်ဖတ်ပါလိမ့်မည်။

pay

ပေးချေခြင်း

သင် သို့မဟုတ် ငွေကိုင်က eWIC ကတ်ကို စက်တွင်ထည့်ဆွဲပါမည်။

သင်၏ ဂဏန်းလေးလုံး PIN နံပါတ် ကိုထည့်သွင်းပါ။

ငွေကိုင်က သင့်ကို ပြေစာ ပေးပါမည်။ သင် ထွက်ခွာချိန်တွင် ကတ်နှင့် ပြေစာပါဝင်ကြောင်း သေချာအောင်လုပ်ပါ။

Question
အရောင်းဆိုင်ရဲ့ WIC စက် အလုပ်မလုပ်ရင် ဘယ်လိုလုပ်မလဲ။
အရောင်းဆိုင်၏စက် အလုပ်မလုပ်ပါက၊ သင်သည် WIC ကိုလက်ခံသော အခြားဆိုင်သို့ သွားနိုင်ပါသည်။
ကျွန်ုပ်၏ စားသောက်ကုန်ပစ္စည်းများအနက်မှ တစ်ခုကို လက်မခံပါက ဘယ်လိုလုပ်မလဲ။
သင်၏ WIC ခံစားခွင့်များအရ အကျုံးဝင်မည်ဟု သင်မျှော်လင့်ထားသော်လည်း ထို့သို့မဟုတ်ပါက အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည် –
သင်သည် အဆိုပါပြဿနာတစ်ခုခုကို တွေ့ကြုံရပါက၊ သင်၏ အကျိုးခံစားခွင့်လက်ကျန်အတွက် INWIC မိုဘိုင်းအက်ပ်ကို စစ်ကြည့်ကာ ပစ္စည်းက WIC ခွင့်ပြုပေးထားသောအရာ ဟုတ် မဟုတ် စစ်ဆေးရန် UPC ကို စကန်ဖတ်ပါ။

သင်၏ eWIC ကတ်အကြောင်း

PIN ဆိုသည်မှာ ကိုယ်ပိုင်အထောက်အထားပြနံပါတ်ဖြစ်သည်။ ၎င်းသည် သင်၏ eWIC ကတ်ကို အသုံးပြုနိုင်မည့် ဂဏန်းလေးလုံးပါရှိသော လျှို့ဝှက်ကုဒ်ဖြစ်သည်။ သင်၏ eWIC ကတ်ကို အသက်သွင်းသည့်အခါ သင်၏ PIN ကို ရွေးချယ်ရမည်။

pay

PIN # တစ်ခု ရွေးချယ်ခြင်း

ကျွန်ုပ်၏ PIN ကို ဘယ်လိုရနိုင်မလဲ။
သင်၏ eWIC ကတ်ကို ပထမဆုံးရရှိသည့်အခါ သင်၏ ဂဏန်းလေးလုံးပါ PIN ကို ရွေးချယ်ရမည်။ သင့်ကတ်ကို အသက်သွင်းကာ PIN တစ်ခုကို ရွေးချယ်ရန် သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့ ဖုန်းခေါ်ဆိုပါ။ သင့်အနေဖြင့် eWIC ကတ်နံပါတ် ဂဏန်း 16 လုံး၊ နေရာဇစ်ကုဒ်နှင့် တရားဝင်ခွင့်ပြုပေးထားသော ကိုယ်စားလှယ်၏ မွေးသက္ကရာဇ်ကို သိရန်လိုအပ်မည် ဖြစ်သည်။

ကျွန်ုပ်၏ PIN ကိုဘယ်လိုရွေးချယ်ရမလဲ။
သင့်အတွက် မှတ်မိလွယ်သော်လည်း အခြားသူများ ခန့်မှန်း၍ မလွယ်နိုင်သည့် PIN ကိုရွေးချယ်ပါ။

keep_it_safe

လုံခြုံမှုရှိစေခြင်း

ကျွန်ုပ်၏ PIN ကို လုံခြုံစေရန် ဘယ်လိုထားရှိရမလဲ။
တစ်စုံတစ်ယောက်က သင်၏ PIN ကို သိနေပါက ၎င်းတို့က သင့်ကတ်ကို အသုံးပြုကာ သင်၏ခံစားခွင့်များကို ရယူနေနိုင်ပြီး ထိုခံစားခွင့်များကို အစားပြန်ရနိုင်မည်မဟုတ်ပါ။ PIN ကို ထည့်သွင်းသည့်အခါ၊ သင်ထည့်သွင်းနေသည့် နံပါတ်ကို အခြားမည်သူမှ မမြင်ပါစေနှင့်။ သင်၏ PIN ကို သင့် eWIC ကတ်ပေါ်တွင် ရေးမထားပါနှင့်၊ သင့်ပိုက်ဆံအိတ် သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် ရေးမှတ်မထားပါနှင့်။

ကျွန်ုပ်၏ PIN ကို မေ့နေလျှင် ဘာလုပ်ရမလဲ သို့မဟုတ် ၎င်းကို ပြန်လည်သတ်မှတ်ရန် လိုသလား။
သင်၏ PIN ကိုမေ့နေပါက PIN အသစ်ရွေးချယ်ရန် သင့် eWIC ကတ်၏နောက်ကျောဘက်ရှိ သုံးစွဲသူဝန်ဆောင်မှုဖုန်းနံပါတ်သို့ ခေါ်ဆိုပါ။ သင့်အနေဖြင့် နေရာဇစ်ကုဒ်နှင့် တရားဝင်ခွင့်ပြုပေးထားသော ကိုယ်စားလှယ်၏ မွေးသက္ကရာဇ်ကို သိရန်လိုအပ်မည် ဖြစ်သည်။

ကျွန်ုပ်၏ PIN ကို တစ်စုံတစ်ယောက် သိရှိသွားပါက ဘယ်လိုလုပ်မလဲ။
PIN ကို ပြောင်းပါ။

error

အမှားအယွင်း

အရောင်းဆိုင်တွင် PIN မှားထည့်မိလျှင် ဘာဖြစ်မလဲ။
PIN မှားထည့်မိပါက သင့်အနေဖြင့် မှန်ကန်စွာ ထည့်သွင်းရန် အခွင့်အရေး သုံးကြိမ်ရှိဦးမည် ဖြစ်သည်။ PIN ကို လေးကြိမ်မြောက် မှားထည့်ပြီးနောက်၊ နောက်တစ်နေ့ အရှေ့တိုင်းစံချိန် 12:01 AM ရောက်သည်အထိ ကတ်က လော့ခ်ကျသွားပါမည်။ သင်သည် ကတ်ကိုလော့ခ်ဖြည်ကာ PIN ကိုပြန်သတ်မှတ်ရန် သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့ အချိန်မရွေး ဖုန်းခေါ်နိုင်ပါသည်။

အောက်ပါ အမှားအယွင်းမက်ဆေ့များက ဘာအဓိပ္ပာယ်တွေလဲ။

ewic_card

သင်၏ eWIC ကတ်ကို ထိန်းသိမ်းခြင်း

ကျွန်ုပ်၏ လိပ်စာ ပြောင်းရွှေ့လျှင် သို့မဟုတ် ပြောင်းလဲလျှင် ဘာဖြစ်မလဲ။
မူလကတ်ကိုင်ဆောင်သူ၏ ဇစ်ကုဒ်ကို ဖြည့်စွက်ပြင်ဆင်ရန် သင်၏ လိပ်စာ ပြောင်းရွှေ့လျှင် သို့မဟုတ် ပြောင်းလဲလျှင် သင့်ဆေးခန်းကို ဆက်သွယ်ပါ။ သင့်အကောင့်တွင် ပြောင်းလဲမှုများပြုလုပ်သည့်အခါ အထောက်အထားပြခြင်း အဖြစ် ၎င်းကို အသုံးပြုမည်ဖြစ်သည်။

ကျွန်ုပ်၏ eWIC ကတ် ပျောက်ဆုံး/ပျက်စီးသွားလျှင် ဘာဖြစ်မလဲ။
သင်၏ eWIC ကတ် ပျောက်ဆုံး သို့မဟုတ် ပျက်စီးပါက သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့မဟုတ် ဆေးခန်းသို့ ခေါ်ဆို၍ သင့်ကတ်ကို ပယ်ဖျက်ခိုင်းပါ။ ထို့နောက် ကတ်အသစ်ထုတ်ရန် သင့်ဆေးခန်းသို့ သွားပါ။

ကျွန်ုပ်၏ eWIC ကတ်ကို ဘယ်လိုထိန်းသိမ်းရမလဲ။

lgt-green-new

သင်၏ကတ်ကို လုံခြုံစွာနှင့် သန့်ရှင်းစွာထားပါ။

lgt-green-new

နောက်ကျောဘက်မှ အနက်ရောင်အစင်းကြောင်းတွင် ခြစ်ရာမထင်ပါစေနှင့်။

cross-arrow

အကျိုးခံစားခွင့်အားလုံးကို အသုံးပြုပြီးပါက မလွှင့်ပစ်ပါနှင့်။ လစဉ် တူညီသောကတ်ကိုသာ အသုံးပြုရမည်။

cross-arrow

၎င်းကို မကွေးပါနှင့်၊ မခေါက်ပါနှင့်၊ မလိမ်ပါနှင့်၊ အပေါက်မဖောက်ပါနှင့်၊ ပြတင်းပေါက်မှန်တွင် ရေခဲများကို ခြစ်ချရန် သို့မဟုတ် တံခါးသော့ဖွင့်ရန် ၎င်းကိုအသုံးမပြုပါနှင့်။

cross-arrow

၎င်းကို သံလိုက်များအနီး သို့မဟုတ် မိုဘိုင်းဖုန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းများအနီးတွင် မထားပါနှင့်။

cross-arrow

၎င်းကို နေရောင်အောက်တွင် သို့မဟုတ် သင့် ကားဒက်ရှ်ဘုတ်ကဲ့သို့သော ပူသည့်နေရာများတွင်မထားပါနှင့်။

သင့်အကျိူးခံစားခွင့်များကို စီမံခြင်း benefits

know-your-benefits

သင့်အကျိူးခံစားခွင့်များကို သိထားပါ

အကောင့်တွင် WIC ခံစားခွင့်များကို ဘယ်လိုရရှိနိုင်မလဲ။

သင့် WIC ဆေးခန်းလာပြသည့်အချိန်အတွင်း သင်၏ Indiana eWIC ကတ်တွင် ပါရှိသည့် WIC ခံစားခွင့်များကို ရရှိနိုင်သည်။ လက်ရှိခံစားခွင့်လနှင့် နောက်ပိုင်းခံစားခွင့်လများအတွင်း သင့်မိသားစု၏ WIC ခံစားခွင့်များစာရင်းကို လက်ခံရရှိမည်ဖြစ်သည်။ အကျိုးခံစားခွင့်လများအတွက် စတင်သည့်ရက်စွဲနှင့် ပြီးဆုံးသည့်ရက်စွဲများကို ၎င်းက ပြသပါမည်။

ကျွန်ုပ်၏ eWIC ကတ်ကို ပြန်အသုံးပြုလို့ရနိုင်မလား။

ရနိုင်ပါသည်၊ သင့် eWIC ကတ်ကို သိမ်းထားပါ။ သင့်အား ခံစားခွင့်များ ထုတ်ပေးသည့်အခါတိုင်း သင့်ကတ်ကို ပြန်လည်ဖြည့်သွင်းရမည် ဖြစ်သည်။ သင့်ကတ်ကို လွှင့်ပစ်လိုက်ပါက အသစ်ရယူရန် ဆေးခန်းသို့ ဆက်သွယ်ရမည် ဖြစ်သည်။

ကျွန်ုပ်၏ WIC ခံစားခွင့်များသည် သက်တမ်းကုန်ဆုံးနိုင်ပါသလား။

ကုန်ဆုံးနိုင်ပါသည်၊ WIC ခံစားခွင့်များကို ၎င်းတို့ကိုထုတ်ပေးထားသည့် အချိန်အပိုင်းအခြားအတွင်း အသုံးပြုနိုင်သည်။ ဥပမာ စတင်သည့်ရက်စွဲမှာ 11-20 ဖြစ်၍ ကုန်ဆုံးသည့်ရက်စွဲမှာ 12-19 ဖြစ်ပါက ခံစားခွင့်များကို ထိုရက်စွဲနှစ်ခုအတွင်း အသုံးပြုရမည်။ ဖြစ်နိုင်သည့်အခါတွင်၊ ဈေးဝယ်ရန်အတွက် သင်၏ခံစားခွင့်များကိုအသုံးပြုရန် နောက်ဆုံးနေ့အထိ စောင့်မနေခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အသုံးမပြုရသေးသည့် မည်သည့်ခံစားခွင့်မဆို နောက်ဆုံးရက်၏ အရှေ့တိုင်းအချိန် ညသန်းခေါင်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
wic_shopping.jpg

စျေးဝယ်ခြင်း

အရောင်းဆိုင်သို့ မသွားမီ သင်ငွေလက်ကျန်ကို သိရှိခြင်း

နောက်ဆုံးဆိုင်မှ လက်ခံပြေစာကို စစ်ဆေးခြင်း၊ သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့ ဖုန်းခေါ်ဆိုခြင်း၊ ကတ်ကိုင်ဆောင်သူဝဘ်ဆိုက် www.WICConnect.com သို့ ဝင်ရောက်ကြည့်ရှုခြင်းနှင့် ကတ်ကိုင်ဆောင်သူအပိုင်းရှိ ဆွဲချမီနျူးထံမှ Indiana WIC ကို ရွေးချခြင်း၊ နှင့် INWIC မိုဘိုင်းအက်ပ်တွင် အကျိုးခံစားခွင့်များ စာမျက်နှာကို စစ်ဆေးခြင်းဖြင့် ခံစားခွင့်လက်ကျန်ကို သိရှိနိုင်သည်။

စျေးဝယ်နေစဉ် WIC မဟုတ်သည့်ပစ္စည်းများကို ဝယ်ယူလိုပါက ဘယ်လိုဖြစ်မလဲ။

အရောင်းဆိုင်များအလိုက် လုပ်ငန်းစဉ်များ ကွဲပြားနိုင်သော်လည်း အများအားဖြင့် WIC ခံစားခွင့်ဖြင့် အကျုံးဝင်သည့် စားသောက်ကုန်များအတွက် ပေးချေရန် သင်၏ eWIC ကတ်ကို ပထမဆုံးအကြိမ် အသုံးပြုလိုပါလိမ့်မည်။ ထိုအခါ သင့်အနေဖြင့် အခြားပစ္စည်းများအတွက် ပေးချေရန် Supplemental Nutrition Assistance Program (SNAP, ဖြည့်စွက်အာဟာရ အထောက်အပံ့ အစီအစဉ်) ခံစားခွင့်များ၊ လက်ဆောင်ကတ်များ၊ အကြွေးဝယ်ကတ်များ၊ ငွေသား သို့မဟုတ် ချက်လက်မှတ်များကဲ့သို့ အခြားပေးချေမှုပုံစံများကို အသုံးပြုနိုင်သည်။

WIC ခံစားခွင့်များအားလုံးကို တစ်ခါတည်း ထုတ်သုံးလို့ရမလား။

မရနိုင်ပါ၊ WIC ခံစားခွင့်များကို ခံစားခွင့်များ ရရှိနိုင်သေးသရွေ့ လိုအပ်သလောက် ထုတ်သုံးနိုင်မည်ဖြစ်သည်။

ကျွန်ုပ်အတွက် WIC စျေးဝယ်ခြင်းကို လုပ်ဆောင်ရန် အခြားသူတစ်ဦးဦးကို လိုအပ်လာလျှင် ဘယ်လိုလုပ်ရမလဲ။

သင့် eWIC ကတ်နှင့် PIN ကို တစ်စုံတစ်ယောက်အား သင်ပေးလိုက်ပါက ၎င်းတို့က သင်၏ WIC ခံစားခွင့်များအားလုံးကို ထုတ်သုံးလိုက်နိုင်သည့်အတွက် သတိထားပါ။ ထိုအကျိုးခံစားခွင့်များကို ပြန်လည်အစားထိုးပေးမည်မဟုတ်ပါ။ ကိုယ်စားလှယ်အဖြစ် သင်ရွေးချယ်ထားသော သင်ယုံကြည်သူများကိုသာ သင်၏ eWIC ကတ်နှင့် PIN ကိုပေးပါ။

မေးမြန်းချက်များ

သုံးစွဲသူဝန်ဆောင်မှုနှင့်ပတ်သက်သည့် မေးမြန်းချက်များ

website

ဝဘ်ဆိုက်ဖြင့် ဆက်သွယ်မှု

ကတ်ကိုင်ဆောင်သူဝဘ်ဆိုက်ဆိုတာ ဘာလဲ။
ကတ်ကိုင်ဆောင်သူဝဘ်ဆိုက်သည် မူလကတ်ကိုင်ဆောင်သူက WIC အကောင့်နှင့်သက်ဆိုင်သည့် ခံစားခွင့်နှင့် အဝင်အထွက်ဆိုင်ရာအချက်အလက်များကို ကြည့်ရှုရန်အတွက် ဖြစ်သည်။ သင့်အနေဖြင့် WIC ပရိုဂရမ်နှင့် သင်၏ eWIC ကတ်အသုံးပြုခြင်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် သင့်ခံစားခွင့်များအကြောင်း အီးမေးလ် သို့မဟုတ် စာတိုအသိပေးချက်များအတွက်လည်း စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
ကတ်ကိုင်ဆောင်သူဝဘ်ဆိုက် -
ကတ်ကိုင်ဆောင်သူများအပိုင်းရှိ ဆွဲချမီနူးထံမှ Indiana WIC ကို ရွေးပါ။
phone

ဖုန်းဖြင့် ဆက်သွယ်မှု

သုံးစွဲသူဝန်ဆောင်မှု တယ်လီဖုန်းနံပါတ်က ဘာလဲ။
ထိုနံပါတ်သည် သင်၏ Indiana eWIC ကတ်နောက်ကျောတွင်လည်း ရှိပါသည်။
ထိုနံပါတ်ကို တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက်စလုံး အခမဲ့ ခေါ်ဆိုနိုင်ပါသည်။
သုံးစွဲသူဝန်ဆောင်မှုသို့ ခေါ်ဆိုသည့်အခါ ဥပမာများမှာ -
သုံးစွဲသူဝန်ဆောင်မှု သို့မဟုတ် ကတ်ကိုင်ဆောင်သူဝဘ်ဆိုက်ကို ခေါ်ဆိုသည့်အခါ ကျွန်ုပ်၏ WIC အကောင့်အချက်အလက်များကို ကြည့်ရှုနိုင်ရန် ဘယ်အချက်လက်တွေ လိုအပ်မလဲ။
သင့်တွင် အောက်ပါတို့နှင့်ပတ်သက်၍ မေးမြန်းစရာများရှိပါက သင့် WIC ဆေးခန်းကို ဆက်သွယ်ပါ-
ကျွန်ုပ်၏ INWIC အက်ပ်နှင့်ပတ်သက်သည့် အခြားမေးမြန်းစရာများ ရှိပါက ဘာလုပ်လို့ရနိုင်မလဲ။

Read the “App Reference Guide”:

ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။
Side Lying Hold

Side-Lying Hold

  1. For the right breast, lie on your right side with your baby facing you.
  2. Pull your baby close. Your baby’s mouth should be level with your nipple.
  3. In this position, you can cradle your baby’s back with your left arm and support yourself with your right arm and/or pillows.
  4. Keep loose clothing and bedding away from your baby.
  5. Reverse for the left breast.

This hold is useful when:

Cross Cradle Hold

Cross-Cradle Hold

  1. For the right breast, use your left arm to hold your baby’s head at your right breast and baby’s body toward your left side. A pillow across your lap can help support your left arm.
  2. Gently place your left hand behind your baby’s ears and neck, with your thumb and index finger behind each ear and your palm between baby’s shoulder blades. Turn your baby’s body toward yours so your tummies are touching.
  3. Hold your breast as if you are squeezing a sandwich. To protect your back, avoid leaning down to your baby. Instead, bring your baby to you.
  4. As your baby’s mouth opens, push gently with your left palm on baby’s head to help them latch on. Make sure you keep your fingers out of the way.
  5. Reverse for the left breast.

This hold is useful when:

Football Hold

Clutch or “Football” Hold

  1. For the right breast, hold your baby level, facing up, at your right side.
  2. Put your baby’s head near your right nipple and support their back and legs under your right arm.
  3. Hold the base of your baby’s head with your right palm. A pillow underneath your right arm can help support your baby’s weight.
  4. To protect your back, avoid leaning down to your baby. Bring baby to you instead.
  5. Reverse for the left breast.

This hold is useful when:

Breastfeeding Holds

Cradle Hold

  1. For the right breast, cradle your baby with your right arm. Your baby will be on their left side across your lap, facing you at nipple level.
  2. Your baby’s head will rest on your right forearm with your baby’s back along your inner arm and palm.
  3. Turn your baby’s tummy toward your tummy. Your left hand is free to support your breast, if needed. Pillows can help support your arm and elbow.
  4. To protect your back, avoid leaning down to your baby. Instead, bring your baby to you.
  5. Reverse for the left breast.

This hold is useful when:

Breastfeeding Holds

Laid-Back Hold

  1. Lean back on a pillow with your baby’s tummy touching yours and their head at breast level. Some moms find that sitting up nearly straight works well. Others prefer to lean back and lie almost flat.
  2. You can place your baby’s cheek near your breast, or you may want to use one hand to hold your breast near your baby. It’s up to you and what you think feels best.
  3. Your baby will naturally find your nipple, latch, and begin to suckle.

This hold is useful when: