ဒေါင်းလုဒ်
Indiana Special Supplemental Nutrition Program for Women, Infants, and Children (INWIC, အင်ဒီးယားနားပြည်နယ် အမျိူးသမီးများ၊ နို့စို့ကလေးငယ်များ နှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဉ်) မိုဘိုင်းအက်ပ်ကို ဒေါင်းလုဒ်လုပ်ရန်-
- Google Play သို့မဟုတ် App Store တွင် Indiana WIC သို့မဟုတ် IN WIC ကို ရှာပါ
ဘာသာစကားရွေးပါ
အက်ပ်အတွက် ဘာသာစကားရွေးပါ- အင်္ဂလိပ် (ပုံသေ) သို့မဟုတ် စပိန်
စာရင်းသွင်းပါ
အက်ပ်မှတစ်ဆင့် စာရင်းသွင်းရန်-
သင်လိုအပ်သောအရာ-
- အီးမေးလ်လိပ်စာ
-
စကားဝှက် – စကားဝှက်သည် ဖော်ပြပါအတိုင်းဖြစ်ရမည်-
- အက္ခရာ 8 လုံးမှ 20 လုံး
- အနည်းဆုံး အက္ခရာအသေး 1 လုံး ပါရမည် (a-z)
- အနည်းဆုံး အက္ခရာအကြီး 1 လုံး ပါရမည် (A-Z)
- အနည်းဆုံး နံပါတ် 1 လုံး ပါရမည် (0-9) - အသက်ဝင်သော eWIC ကတ်နံပါတ်
- ကတ်ကိုင်ဆောင်သူ မွေးသက္ကရာဇ် – ဤသည်မှာ အိမ်ထောင်စုအတွက် တရားဝင်ခွင့်ပြုထားသောကိုယ်စားလှယ်၏ မွေးသက္ကရာဇ် ဖြစ်ပါသည် (MM/DD/YYY)
- နေရာလိပ်စာ ဇစ်ကုဒ်
To register with Google+ or Apple ID:
You may register and log in to the INWIC Mobile App using Google+ or Apple ID accounts.
1.On the login page, tap the icon for either Google+ or Apple ID and follow the prompts to enter the requested information.
2.The first time you login with Google+ or Apple ID, you will be prompted to enter your Indiana WIC account information. This registers the account with the Indiana WIC Household record.
စကားဝှက် အကူအညီ-
သင်၏စကားဝှက်ကို ထည့်သွင်းရန်လိုအပ်သည့် အချိန်တိုင်း၊ သင်သည်-
iPhone ရက်စွဲရွေးသည့်အရာ-
သင်သည် အရင်ဆုံး ခုနှစ်ရွေးပြီးနောက် လနှင့် ရက်ကို ရွေးရပါမည်။
လမ်းညွှန်
မီနူး-
- ဘယ်ဘက်အပေါ်ထောင့်ရှိ (မီနူးအိုင်ကွန်) သည် မီနူးရွေးချယ်စရာအားလုံးထံ အမြန်ဝင်ရောက်ခွင့်ပေးပါသည်။
- သင်သည် မီနူးရွေးချယ်စရာများအားလုံးထံ ဝင်ရောက်ရန် မည်သည့်စာမျက်နှာမဆိုပေါ်တွင် ညာဘက်ကို ပွတ်ဆွဲပါ။
အသိပေးချက်များ-
သင့်တွင် အသိပေးချက်ရှိနေပါက ညာဘက်အပေါ်ထောင့်ရှိ “Bell” (ခေါင်းလောင်းအိုင်ကွန်) တွင် အနီရောင်စက်ဝိုင်း ရှိနေပါလိမ့်မည်။ မီနူးရွေးချယ်စရာထံမှ အသိပေးချက်များကို ရွေးပါ။
- သင့်တွင် 7 ရက်အတွင်း ချိန်းဆိုထားသော ချိန်းဆိုမှုတစ်ခု ရှိနေပါက အသိပေးချက်ကို ပြသပါသည်။
- သင့်ခံစားခွင့်များ 7 ရက်အတွင်း သက်တမ်းကုန်တော့မည်ဆိုပါက အသိပေးချက်ကို ပြသပါသည်။
တည်နေရာအိုင်ကွန်-
သင့်ဖုန်း၏ မြေပုံအက်ပ်တွင် ဆေးခန်း သို့မဟုတ် ဆိုင်၏တည်နေရာကို ပြသရန် (တည်နေရာအိုင်ကွန်) ကို တွေ့သည့်အခါတိုင်းတွင် နှိပ်နိုင်ပါသည်။
မှတ်စု- ဖုန်းများတွင် (ဖုန်းအိုင်ကွန်) သို့မဟုတ် (မြေပုံအိုင်ကွန်) ကို နှိပ်လိုက်ပြီးနောက် ပြသသည့် ထပ်ဆောင်း ပေါ့အပ်စခရင်တစ်ခု ရှိပါသည်။ တည်နေရာကိုပြသရန် (လမ်းညွှန်မှုများ) ကိုနှိပ်ပါ။ ဖုန်းနံပါတ်ကိုခေါ်ဆိုရန် (ဖုန်းခေါ်ပါ) ကိုနှိပ်ပါ။
ဖုန်းအိုင်ကွန်-
ဖုန်းနံပါတ်ကို ရိုက်နှိပ်ခြင်းမရှိဘဲ ဆေးခန်း သို့မဟုတ် ဆိုင်သို့ ဖုန်းခေါ်ရန် ဖုန်းအိုင်ကွန်ကို တွေ့သည့်အခါတိုင်းတွင် နှိပ်လိုက်နိုင်ပါသည်။
အကျိူးခံစားခွင့်များ စခရင်-
(အကျိူးခံစားခွင့်များ) စခရင်သည် စခရင်ထိပ်ဆုံးတွင် ဖော်ပြထားသည့် အကျိူးခံစားခွင့်ကာလ၌ ရရှိနိုင်သောအရာများအားလုံးကို ပြသပါသည်။ အမျိုးအမည်တစ်ခုချင်းစီသည် ဝယ်ယူနိုင်သော ကျန်ရှိသည့်ပမာဏကို ပြသပါသည်။
- လက်ရှိ အကျိူးခံစားခွင့်ကာလကို အမြဲတမ်း အရင်ဆုံး ဖော်ပြထားပါသည်။
1.အနာဂတ် အကျိူးခံစားခွင့်များကို ကြည့်ရန် (အနာဂတ်အိုင်ကွန်)ကို နှိပ်ပါ (အဝါရောင်ဘောက်စ်)။
2.အထုပ်အရွယ်အစား၊ အမျိုးအစား၊ နှင့် အမှတ်တံဆိပ်များအပါအဝင် ဝယ်ယူရန်ခွင့်ပြုထားသောအရာကို ကြည့်ရန် (အစားအစာအိုင်ကွန်)ကို နှိပ်ပါ (လိမ္မော်ရောင်ဘောက်စ်)။
3.ကုန်ကျစရိတ်တွက်စက်ထံ ဝင်ရောက်ရန် (သစ်သီးနှင့် အသီးအရွက် အိုင်ကွန်)ကို နှိပ်ပါ။ သင့်ပစ္စည်း၏ ဈေးနှုန်းနှင့် အလေးချိန်ကို ထည့်သွင်းပါ၊ ၎င်းသည် ကုန်ကျစရိတ်ကို တွက်ပေးပါလိမ့်မည်။
UPC စကန်-
ပစ္စည်းက WIC ခွင့်ပြုထားသောအရာ ဟုတ် မဟုတ်နှင့် ၎င်းက သင့် အကျိူးခံစားခွင့်တွင် ပါ မပါ စစ်ကြည့်ရန် UPC စကန်ဖတ်စက်ကို သုံးပါ။
သင်သည် ဖော်ပြပါမက်ဆေ့ချ်သုံးခုအနက် တစ်ခုကို တွေ့ရပါလိမ့်မည်-
- WIC ခွင့်ပြုပေးထားပြီး ၎င်းက သင်၏ အကျိူးခံစားခွင့်ပက်ကေ့ချ်တွင် ပါရှိသည်
- WIC ခွင့်ပြုပေးထားပြီး ၎င်းက သင်၏ အကျိူးခံစားခွင့်ပက်ကေ့ချ်တွင် မပါရှိပါ
- WIC ခွင့်ပြုပေးထားသောပစ္စည်း မဟုတ်ပါ
- စင်ပေါ်ရှိ UPC ကုဒ်မဟုတ်ဘဲ ပစ္စည်းအထုပ်ပေါ်ရှိ UPC ကုဒ်ကို စကန်ဖတ်ပါ။
- လတ်ဆတ်သောပစ္စည်းအတွက် UPC ကုဒ်များကို စကန်ဖတ်ခြင်းက အလုပ်ဖြစ်မည်မဟုတ်ပါ။ ခွင့်ပြုပေးထားသောအရာများကို ကြည့်ရန် "Benefits" (အကျိူးခံစားခွင့်များ) စာမျက်နှာပေါ်ရှိ "Fruit and Vegetable" (သစ်သီးနှင့် အသီးအရွက် အိုင်ကွန်)ကို နှိပ်ပါ။
ဆေးခန်းနှင့် ဆိုင် ရှာဖွေမှု-
- သင်သည် လိပ်စာ သို့မဟုတ် ဇစ်ကုဒ်အလိုက် ရှာဖွေနိုင်ပါသည်
- ပုံသေ ရှာဖွေမှုနယ်ပယ်မှာ 5 မိုင်ဖြစ်ပါသည်။ စာမျက်နှာအောက်ခြေရှိ ဆွဲရွှေ့ဘားကိုသုံးကာ အကျယ်ချဲ့ပါ သို့မဟုတ် အကျဉ်းချုံ့ပါ (အစိမ်းရောင်ဘောက်စ်)
- ပင်ကိုထိခိုက်ခြင်းသည် ဆေးခန်း သို့မဟုတ် ဆိုင်၏ အမည်နှင့် လိပ်စာကို ပြသပါသည်
-
ဆိုင်များ- ပင်အရောင်သည် ဆိုင်အမျိုးအစားကို ခွဲခြားသတ်မှတ်ပေးပါသည်။
- အစိမ်း – ကုန်စုံဆိုင်
- အနီ – ကုန်စုံဆိုင် နှင့် ဆေးဆိုင်
- အပြာ – ဆေးဆိုင်သက်သက်
- ပန်းရောင် – အခြားအမျိုးအစားအားလုံး - ဆိုင်များကို ၎င်းတို့၏အမျိုးအစားအလိုက် ပြသနိုင်ပါသည်။ စစ်ထုတ်မှုအိုင်ကွန် (အနီရောင်ဘောက်စ်) ကိုနှိပ်ကာ သင်ပြသစေလိုသော အမျိုးအစားကို ခြစ်ပါ။
အာဟာရဆိုင်ရာ အသိပညာ
အာဟာရဆိုင်ရာ အသိပညာ အမြန်ကိုးကားမှုလမ်းညွှန်အတွက် ဤလင့်ခ်ကိုနှိပ်ပါ
အမေးများမေးခွန်းများ
ကျွန်ုပ်သည် စကားဝှက်ထည့်ရမည့်ဘောက်စ်ကို မတွေ့ရပါ-
-
ဖုန်းတွင် ဖောင့်အရွယ်အစားကို ပိုသေးလိုက်ပါ။
ယခင်က၊ ဤပြဿနာသည် ဖုန်းရှိ စာသားအရွယ်အစား သို့မဟုတ် ပြသမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဖုန်းတစ်လုံးစီတိုင်းအတွက် စခရင်ကို အရွယ်အစားပြန်ညှိခြင်းကို အကောင်းဆုံးလုပ်ဆောင်ရန် အက်ပ်ကို ပြောင်းလဲထားသော်လည်း၊ မတူညီသော Android ဖုန်းအမျိုးအစားအများအပြားက ၎င်းကို စိန်ခေါ်မှုရှိနေစေပါသည်။ - ဤသည်တို့မှာ Android အသုံးပြုသူများအတွက် အကူအညီဖြစ်နိုင်သော ညွှန်ကြားချက်အချို့ ဖြစ်ပါသည်-
ကျွန်ုပ်၏ စကားဝှက်ကို မေ့သွားပါသည်။ အဲဒါကို ဘယ်လိုပြန်သတ်မှတ်ရမှာပါလဲ။
1.လော့အင်စခရင်ပေါ်ရှိ (စကားဝှက် မေ့သွားသည် အိုင်ကွန်) ကို နှိပ်ပါ (လိမ္မော်ရောင်ဘောက်စ်)
3.ဖော်ပြပါတစ်ခုခုကို ထည့်ပေးရန် သင့်ကို တိုက်တွန်းပါလိမ့်မည်-
– အသက်ဝင်သော eWIC ကတ်နံပါတ်
– ကတ်ကိုင်ဆောင်သူ မွေးသက္ကရာဇ် – ဤသည်မှာ အိမ်ထောင်စုအတွက် တရားဝင်ခွင့်ပြုထားသောကိုယ်စားလှယ်၏ မွေးသက္ကရာဇ် ဖြစ်ပါသည် (MM/DD/YYY)
– နေရာလိပ်စာ ဇစ်ကုဒ်
4. (စကားဝှက် မေ့သွားသည် အိုင်ကွန်) ကို နှိပ်ပါ (အနီရောင်ဘောက်စ်)
ကျွန်ုပ်၏ စကားဝှက်ကိုသိသော်လည်း၊ ၎င်းကို ပြောင်းချင်ပါသည်။ ကျွန်ုပ်၏ စကားဝှက်ကို ဘယ်လိုပြောင်းရမှာပါလဲ။
2.(ပင်မစာမျက်နှာ) ၏ ဘယ်ဘက်အပေါ်ရှိ (မီနူးအိုင်ကွန်) ခလုတ်ကို နှိပ်ပါ
3.(စကားဝှက်ပြောင်းပါ) ခလုတ်ကို နှိပ်ပါ
5.(စကားဝှက် အသစ်) နှင့် (စကားဝှက် အတည်ပြုပါ) ဘောက်စ်များတွင် သင့်စကားဝှက်အသစ်ကို ထည့်ပါ
6.(စကားဝှက်ပြောင်းပါ) ခလုတ်ကို နှိပ်ပါ
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။