ကျန်းမာအောင်နေပါ

  • Home
  • ကျန်းမာအောင်နေပါ
Stay Healthy
fruits

ကောင်းကောင်းစားပါ

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက သင့်ကို စွမ်းအင်ပိုရရှိစေနိုင်သည်ကို သင်သိပါသလား။ ၎င်းက သင့်စိတ်ခံစားချက်များကိုလည်း လန်းဆန်းတက်ကြွစေပြီး စိတ်ပြေလက်ပျောက်ဖြစ်စေကာ ပိုအိပ်ပျော်စေပါသည်။ နေ့စဉ် အတန်အသင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု မိနစ် 30 သို့မဟုတ် ထို့ထက်ကြာအောင် ဖြည်းဖြည်းချင်း လုပ်ဆောင်ပါ။

h3 hide

အတန်အသင့် ထိရောက်သော ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ လေ့ကျင့်ခန်းအချိူ့မှာ -

walk-fast
လမ်းအမြန်လျှောက်ခြင်း
ride-bike
စက်ဘီးနင်းခြင်း
swim
ရေကူးခြင်း
dance
ကခုန်ခြင်းတို့ ဖြစ်ပါသည်။
သင့်အတွက် အသင့်တော်ဆုံး ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ လေ့ကျင့်ခန်းကို သင်၏ ကျန်းမာရေးစောင့်ရှောက်သူနှင့် မေးမြန်းဆွေးနွေးပါ။
blue

စိတ်ခံစားချက်ဆိုင်ရာ ကျန်းမာရေး

ကလေးရပြီးနောက် စိတ်ခံစားချက် ရှုပ်ထွေးမှုကို ခံစားရခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိပါသည်။ မီးဖွားခြင်း၊ ဟော်မုန်း နှင့် အိပ်စက်မှု အပြောင်းအလဲများက သင့်ကို ဝမ်းနည်းစေသည့် ခံစားချက် ရရှိစေ ပါသည်။ မိခင်အသစ်များက အလွယ်တကူ ငိုတတ်ပါသည်၊ အအိပ် ပျက် အစားပျက် ဖြစ်တတ်ပါသည်၊ ထို့အပြင် မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်ရခြင်းကြောင့် စိတ်ထိခိုက်တတ်ပါသည်။ အဆိုပါ ခံစားချက်များကို ဖြေလျှော့ပေးရန် ကောင်းကောင်းစားပါ၊ မကြာခဏ အနားယူပါ၊ ထို့အပြင် ယခုအချိန်အတွင်း သင့်မိသားစု နှင့် သူငယ်ချင်များထံမှ အကူအညီတောင်းပါ။

နှစ်ပတ်ကျော်ကြာ ဝမ်းနည်းပြီး စိတ်ပျက်လက်ပျက်ဖြစ်ပါက သို့မဟုတ် သင့်ကိုယ်သင် သို့မဟုတ် သင့်ကလေးကို ဒုက္ခပေးမိမည်ကို စိုးရိမ်ပါက သင်၏ ဆရာဝန် သို့မဟုတ် The Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ် များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဉ်) ဝန်ထမ်းနှင့် ဆွေးနွေးတိုင်ပင်ပါ။ မီးဖွားပြီးနောက်ပိုင်း စိတ်ဓာတ်ကျ မှုကို သင်ခံစားနေရနိုင်ပါသည်။

doctors

အချိန်ဇယားအလိုက် ဆရာဝန်ထံ သွားရောက်ပြသမှုများ

ဖောလစ်အက်ဆစ်

ကိုယ်ဝန်ရှိလာသည့် အမျိုးသမီးအားလုံးသည် နေ့စဉ် ဖောလစ်အက်ဆစ် 400 မိုက်ခရိုဂရမ်ပါသည့် အားဖြည့် ဗီတာမင်ကို သောက်သုံးသင့်ပါသည်။ သင့်ခန္ဓာကိုယ်တွင်း ဖောလစ်အက်ဆစ် လုံလောက်စွာ ရှိနေစေခြင်းဖြင့် သင့်ကလေးတွင် မွေးရာပါ ဦးနှောက် သို့မဟုတ် ကျောရိုး ချို့ယွင်းမှုများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါသည်။ အားဖြည့် ဗီတာမင်နှင့်အတူ ဖောလစ်အက်ဆစ် ကြွယ်ဝသည့် အစာအစားများကို ရွေးချယ်ပါ။

ဖောလစ်အက်ဆစ်ပါသည့် အစားအစာများမှာ-
legumes
ပဲအမျိူးမျိူး
wic-approved-cereals
အားဖြည့်ဂျူံမှုန့်များ
Orange
လိမ္မော်ရည်
Bread
အာဟာရပြည့်ဝပေါင်မုန့် နှင့် ပါစတာခေါက်ဆွဲ
Leaf
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

သင်ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ရပြီး ပထမလတွင် သင့်ခန္ဓာကိုယ်တွင်း ဖောလစ်အက်ဆစ် ရှိနေရပါမည်။

မိခင်နို့တိုက်ခြင်းက အကောင်းဆုံး ကျွေးမွေးခြင်းပါ

အရက်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးများကို ရှောင်ပါ

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း သို့မဟုတ် မူးယစ်ဆေးသုံးခြင်းကို ရှောင်ပါ။ ညွှန်ကြားထားသလို ဆေးသောက်ပါ။ ယနေ့သင်ပြုလုပ်လိုက်သည့် ရွေးချယ်မှုများက သင့်မိသားစု၏ ကျန်းမာရေးကို ယခုနှင့် နောက်ပိုင်းတွင် အကျိူးသက်ရောက်စေနိုင်ပါသည်။ 

ဆေးလိပ် အရက်ဖြတ်ရခြင်းက ခက်ခဲပါသည်။ WIC ဝန်ထမ်းအား အကူအညီတောင်းနိုင်သည့် နေရာကို မေးမြန်းပါ။ သင်တစ်ယောက်တည်းမဟုတ်ပါ။ ဆေးလိပ်၊ အရက်ဖြတ်ရာတွင် ကူညီပေးမည့်၊ အကြံဉာဏ်ပေးမည့်အပြင် ဝိုင်းဝန်းပံ့ပိုးပေးမည့် လူများ ရှိပါသည်။

ဤအဖွဲ့အစည်းသည် တန်းတူညီမျှ အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။