ကိုယ်စားလှယ်ဆိုသည်မှာ သင်ယုံကြည်စိတ်ချရသောသူတစ်ဦး ဖြစ်ပါသည်။ အကယ်၍ သင်ဆိုင်သို့မသွားနိုင်လျှင် သင်၏ eWIC ကတ်ကို သုံးရန် ထိုသူကို သင်ခွင့်ပြုပါသည်။ သင်၏ကိုယ်စားလှယ်သည် မည်သည့်အစားအစာများကို ဝယ်ယူရမည်နှင့် eWIC ကတ်ကို မည်သို့အသုံးပြုရမည်ကို သိရှိနားလည်ကြောင်း သေချာအောင်လုပ်ရပါမည်။ ၎င်းကိုယ်စားလှယ်က သင်၏ သား/သမီးကို ချိန်းဆိုမှုများသို့ ခေါ် ခေါ်ဆောင်လာနိုင်ပါသည်။
သင်၏ WIC အကျိုးခံစားခွင့်အားလုံးကို ၎င်းကထုတ်ယူသွားနိုင်သည့်အတွက် တစ်စုံတစ်ယောက်အား သင်၏ကတ်နှင့် PIN ကိုပေးလျှင် သတိထားပါ။ ထိုအကျိုးခံစားခွင့်များကို ပြန်လည်အစားထိုးပေးမည်မဟုတ်ပါ။ ကိုယ်စားလှယ်အဖြစ် သင်ရွေးချယ်ထားသောသူများကိုသာ သင်၏ကတ်နှင့် PIN ကိုပေးပါ။