ကောင်းကောင်းကျွေးပါ ဆိုသည်မှာ ခဲဓာတ်နည်းပါစေဟု ဆိုလိုပါသည်

ခဲဓာတ်သည် သင့်မိသားစုကို အန္တရာယ်ပေးနိုင််ပါသည်။

ခဲဓာတ်သည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်က မလိုအပ်သော သတ္တုဓာတ် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် ခဲဓာတ်အလွန်များနေခြင်းသည် အထူးသဖြင့် ကလေးများအတွက် ပြဿနာများ ဖြစ်စေနိုင်ပါသည်။

ခဲဓာတ်နှင့် ထိတွေ့မှုအလွန်များနေသော ကလေးများသည် နေမကောင်းသည့် ပုံစံရှိခြင်း သို့မဟုတ် နေမကောင်းသကဲ့သို့ ပြုမူခြင်းမျိုး မဖြစ်နိုင်သော်လည်း ကြီးထွားခြင်းနှင့် သင်ယူလေ့လာခြင်းနှင့် ပတ်သက်၍ ပြဿနာများ ရှိနိုင်ပါသည်။

cross-arrow

ရှောင်ကြဉ်ပါ

  • တင်သွင်းလာသော ခဲသုတ်ထားသည့် အိုး သို့မဟုတ် ခဲပါသောဖန်အိုးတွင် အစားအစာများကို သိမ်းဆည်းခြင်း
  • ခဲဓာတ်ပါသောမြေကြီးတွင် သစ်သီး သို့မဟုတ် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်း
  • ခဲဓာတ်ပါသောရေဖြင့် ပြုလုပ်ထားသော အစားအစာများ သို့မဟုတ် သောက်စရာများ
  • ခြစ်ထုတ်ထားသော သို့မဟုတ် ခွာထားသော သုတ်ဆေးများကို ကလေးများ စားခွင့်ပေးခြင်း သို့မဟုတ် ဝါးခွင့်ပေးခြင်း

down-arrow

လျှော့စားပါ

  • ကြော်ထားသော အစားအစာများ
  • ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် နှင့် ဟော့ဒေါ့များကဲ့သို့သော အဆီများသည့်အသားများ
  • အဆီဓာတ်များသော အသားများ၊ ထောပတ်နှင့် ဝက်ဆီတို့ဖြင့် ချက်ပြုတ်ထားသည့် အစားအစာများ
  • အာလူးကြော်များနှင့် ကိတ်မုန့်များကဲ့သို့သော အဆီများသည့် မုန့်များ

ကျန်းမာရေးနှင့်ညီသော အစားအစာများဖြင့် သင့်မိသားစုကို ခဲဓာတ်သင့်ခြင်းမှ ကာကွယ်ပါ။

အဓိက အာဟာရ 3 မျိုး

ကောင်းမွန်သော အာဟာရဓာတ်

ကောင်းမွန်သော အာဟာရဓာတ်သည် သင့်မိသားစုကို ခဲဓာတ်မှ ကာကွယ်ရန် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

ကလေးများနှင့် လူကြီးများအတွက် အဓိကအာဟာရသုံးမျိုးသည် ခန္ဓာကိုယ်ကို ခဲဓာတ်၏ အန္တရာယ်ရှိသော သက်ရောက်မှုများမှ ကာကွယ်ပေးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည် –

အဆိုပါအာဟာရများသည် ခန္ဓာကိုယ်က ခဲဓာတ်စုပ်ယူမှုကို နည်းပါးစေရန် ကူညီပေးကာ ကျန်းမာသော စားသောက်မှုပုံစံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြပါသည်။ နေ့စဉ် အစားအစာအမျိုးမျိုးကို ရွေးချယ်ပါ။

မိခင်နို့သည် ကလေးငယ်များအတွက် အစကတည်းက အကောင်းဆုံးအာဟာရဓာတ်နှင့် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကို ဖြည့်ဆည်းပေးပါသည်။

Milk product

ကယ်လ်စီယမ်ရင်းမြစ်များတွင် ပါဝင်သည်မှာ -

Leaf

သံဓာတ်ရင်းမြစ်များတွင် ပါဝင်သည်မှာ -

Stoberry

ဗီတာမင်စီ ရင်းမြစ်များတွင် ပါဝင်သည်မှာ -

အစားအစာ စီစဉ်ခြင်း

သင့်မိသားစုက ပုံမှန် အစားအစာများနှင့် မုန့်များကို စားသုံးရန် အရေးကြီးပါသည်။ ၎င်းက ခဲဓာတ်စုပ်ယူခြင်းကို ထိန်းထားရန် အကူအညီပေးနိုင်ပါသည်။ ကျန်းမာရေးနှင့်ညီသော အစားအစာ ရွေးချယ်မှုများနှင့် စားသောက်မှု ပမာဏများနှင့် ပတ်သက်သည့် အကြံဉာဏ်များအတွက် သင်၏ WIC အာဟာရပညာရှင်ကို မေးမြန်းပါ။

ပိုစားပါ

yellow-blb

မှတ်ထားရန် — အစာမစားမီ အမြဲတမ်း လက်ဆေးပါ။

သင့်ကလေးအတွက် ခဲဓာတ်စစ်ဆေးခြင်းနှင့် ပတ်သက်၍ သင့်ကိုကျန်းမာရေးစောင့်ရှောက်မှု ပေးသူနှင့် စကားပြောဆိုပါ။ ခဲဓာတ်နှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များအတွက် အင်ဒီးယားနားပြည်နယ် ခဲဓာတ်နှင့် ကျန်းမာရေးနှင့်ညီသော အိမ်များဆိုင်ရာ အစီအစဉ် ထံ အောက်ပါအတိုင်း ဆက်သွယ်ပါ –

ဤအဖွဲ့အစည်းသည် တန်းတူညီမျှ အခွင့်အရေးပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။