Skip to Content Skip to Footer
Indiana WIC logo
  • မိခင်နို့တိုက်ကျွေးခြင်း
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့တိုက်ကျွေးခြင်းနှင့် ဘေးကင်းသော အိပ်စက်မှု
    • မိခင်နို့တိုက်ကျွေးခြင်း
      ချိန်ဆထားသော နို့တိုက်ခြင်
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့တိုက်ကျွေးခြင်း အင်ဒီးယားနား ပြည်နယ် ရှိ ဥပဒေများ
    • မိခင်နို့တိုက်ကျွေးခြင်း
      ဆုံးရှုံးပြီးနောက် သင့်ကိုယ်သင် ဂရုစိုက်ခြင်း
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့တိုက်ကျွေးခြင်း ဆိုင်ရာ ဘဝတူ အကြံပေးဆွေးနွေးသူ
    • မိခင်နို့တိုက်ကျွေးခြင်း
      ကျွန်မရဲ့ ကလေးငယ်က ကျွန်မကို ဘာပြောဖို့ကြိုးစားနေတာပါလဲ။
    • မိခင်နို့တိုက်ကျွေးခြင်း
      မိခင်နို့ သိုလှောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
  • အာဟာရနှင့် ကျန်းမာရေး
    • အာဟာရနှင့် ကျန်းမာရေး
      ကိုယ်ဝန်ရှိခြင်း
    • အာဟာရနှင့် ကျန်းမာရေး
      မီးဖွားပြီးနောက်ပိုင်း (ကိုယ်ဝန်ဆောင်ပြီးနောက်)
    • အာဟာရနှင့် ကျန်းမာရေး
      ကျန်းမာအောင်နေပါ
    • အာဟာရနှင့် ကျန်းမာရေး
      နို့စို့ကလေးများ
    • အာဟာရနှင့် ကျန်းမာရေး
      ကလေးများ
    • အာဟာရနှင့် ကျန်းမာရေး
      ဖခင်များ
    • အာဟာရနှင့် ကျန်းမာရေး
      မိသားစုများ
  • WIC အရင်းအမြစ်များ
    • WIC အရင်းအမြစ်များ
      အစီအစဉ် စာအုပ်ငယ်
    • WIC အရင်းအမြစ်များ
      WIC လျှောက်ထားခွင့် သတ်မှတ်ချက်ပြည့်မီခြင်း
    • WIC အရင်းအမြစ်များ
      INWIC အက်ပ်
    • WIC အရင်းအမြစ်များ
      INWIC မိုဘိုင်းအက်ပ် အမြန်ကိုးကားလမ်းညွှန်ချက်
    • WIC အရင်းအမြစ်များ
      WIC EBT ကတ်လမ်းညွှန်
    • WIC အရင်းအမြစ်များ
      လယ်သမားဈေးတည်နေရာ
  • Burmese
    • English
    • Spanish
    • hakha chin
    • Creole
    • Arabic

ကျန်းမာသော ကိုယ်ဝန်ဆောင်ခြင်းအတွက် အကြံပြုချက်များ

  • Home
  • Tips for a healthy pregnancy
  • Women
  • Tips for a healthy pregnancy
  • ချစ်ရပါသော အမေ
  • မီးမဖွားမီစောင့်ရှောက်မှု ရယူပါ
  • ကျန်းမာရေးနှင့်ညီသော အစားအစာများကို ရွေးချယ်ပါ
  • နမူနာမီနူး
  • မုန့်များ- အရသာရှိသော၊ ကျန်းမာရေးနှင့်ညီသော၊ လွယ်ကူသော
  • အသင့်စားအစားအစာရောင်းသည့် စားသောက်ဆိုင်များနှင့်ပတ်သက်သော အကြံပြုချက်များ
  • အစားအစာဘေးကင်းရေး အကြံပြုချက်များ
  • မီးမဖွားမီသောက်ရသည့် ဗီတာမင်များကို သောက်ပါ
  • သင့်သွားတွေကို ကျန်းမာအောင်ထားပါ
  • ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် တက်ကြွမှုရှိပါ
  • ကိုယ်အလေးချိန်တက်ခြင်း
  • သင့်ကလေးကို ဘေးကင်း ကျန်းမာစွာ ထားပါ
  • ကိုယ်ဝန်ဆောင်ချိန် မသက်မသာဖြစ်ခြင်းများ
  • သင့်ကလေးကို အကောင်းဆုံး စတင်မှုပေးပါ။ မိခင်နို့တိုက်ကျွေးပါ။
  • မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အချက်အလက်များ
  • ဆေးရုံတွင် ကျွန်ုပ်၏ မိခင်နို့တိုက်ကျွေးခြင်း အစီအစဉ်
  • သင့်ကိုယ်သင်အတွက် အချိန်ပေးပါ

ချစ်ရပါသော အမေ၊

သင်က ကျန်းမာသောကလေးငယ်ကို လိုလားကာ သင့်ကိုယ်သင်လည်း ကျန်းမာအောင် ထားရှိလိုပါသည်။ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းနှင့် သင်လိုအပ်သောစောင့်ရှောက်မှုကို ရယူခြင်းသည် သင်၏ ဖွံ့ဖြိုးဆဲကလေးငယ်အတွက် သင်ပေးသည့် အကောင်းဆုံးသောလက်ဆောင်များထဲမှ တစ်ခု ဖြစ်ပါသည်။

WIC က သင့်ကို ကူညီပေးနိုင်ပါတယ်-
  • မိခင်နို့တိုက်ကျွေးခြင်းအကြောင်း လေ့လာနိုင်သည်
  • သင်နှင့် သင့်မိသားစုအတွက် ကျန်းမာရေးနှင့်ညီသော အစားအစာရွေးချယ်မှုများ ပြုလုပ်နိုင်သည်
  • ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော ရပ်ရွာ အစီအစဥ်များထံ ရည်ညွှန်းမှုများ ရယူနိုင်သည်
  • သင့်ကလေးငယ်အား ကျန်းမာ ဘေးကင်းစွာထားရှိရမည့် နည်းလမ်းအကြောင်း လေ့လာနိုင်သည်
  • ကျန်းမာရေးနှင့်ညီသော အစားအစာများကို ဝယ်ယူနိုင်သည်

ဤစာမျက်နှာရှိ အကြံပြုချက်များသည် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ အကြံဉာဏ်ကို အစားမထိုးစေရပါ။ သင်၏ မီးမဖွားမီ ဆေးစစ်မှုများထံ မသွားရောက်ခင် မေးမြန်းရန် မေးခွန်းများကို ချရေးပါ။

သင်၏ ဒေသတွင်း Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဥ်) ရုံးခန်းသို့ သွားရောက်သည့်အခါ၊ သင်သည် ကျန်းမာရေးနှင့်ညီသော စားသောက်မှုနှင့်ပတ်သက်၍ ပိုမိုလေ့လာနိုင်ပါသည်။ သင်သည် WIC ကပေးစွမ်းသည့်အရာအားလုံးကို နှစ်သက်မည်ဟု မျှော်လင့်ပါသည်။

ရိုးသားစွာဖြင့်၊
သင်၏ WIC ဝန်ထမ်း

မီးမဖွားမီစောင့်ရှောက်မှု ရယူပါ

မီးမဖွားမီစောင့်ရှောက်မှုသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သို့မဟုတ် အထူးလေ့ကျင့်ထားသော သူနာပြုသည် သင်နှင့် သင့်ကလေးငယ်က အဆင်ပြေနေကြောင်းကို စစ်ဆေးပေးပါသည်။

သင်မျှော်မှန်းထားနိုင်သည်မှာ-
  • ပထမဆုံး 6 လတွင် လစဉ် စစ်ဆေးမှု 1 ကြိမ်။
  • 7 လနှင့် 8 လမြောက်တွင် လစဉ် စစ်ဆေးမှု 2 ကြိမ်စီ။
  • 9 လမြောက်တွင် အပတ်စဉ် စစ်ဆေးမှု 1 ကြိမ်။
  • သင့်ကလေးငယ်ကို မွေးဖွားပြီးနောက် (မီးဖွားပြီးချိန်) 2 ပတ်မှ 6 ပတ်တွင် စစ်ဆေးမှု 1 ကြိမ်။

သင် ကိုယ်ဝန်ရှိနေပြီဟုထင်သည်နှင့် မီးမဖွားမီစောင့်ရှောက်မှုကို ရယူပါ။ အထက်ပါအချိန်ဇယားသည် လမ်းညွှန်ချက်တစ်ခု ဖြစ်ပါသည်၊ အကြံပြုထားသော ရက်ချိန်းအားလုံးထံ သွားရောက်ရန် အရေးကြီးပါသည်။ သင်သည် သင့်ကလေးငယ်နှင့် သင့်ခန္ဓာကိုယ် ပြောင်းလဲနေပုံတို့ကို ပိုမိုလေ့လာနိုင်ပါသည်။

  • မီးမဖွားမီစောင့်ရှောက်မှုအတွက် ပေးဆောင်ရန် အကူအညီလိုအပ်ပါက သင်၏ ဒေသန္တရ Medicaid ရုံးသို့ ဆက်သွယ်ပါ။
pregnant woman doctor

သင်နှင့် သင့်ကလေးငယ်အတွက် ကျန်းမာရေးနှင့်ညီသော အစားအစာများကို ရွေးပါ

သင်က ကျန်းမာရေးနှင့်ညီအောင် စားသုံးသည့်အခါ သင့်ကလေးငယ်က အကောင်းဆုံး ကြီးထွားပါသည်။ နေ့စဉ် အစားအစာအုပ်စု 5 ခုလုံးထံမှ အစားအစာမျိုးစုံကို ရွေးပါ။

တစ်ကိုယ်ရေ နေ့စဉ် အစားအစာအစီအစဉ်အတွက်၊ www.myplate.gov
ကို သွားကြည့်ပါ

အစေ့အဆန်မျာ
ဟင်းသီးဟင်းရွက်များ
သစ်သီးများ
နို့ထွက်ပစ္စည်း
ပရိုတင်းများ
အစေ့အဆန်မျာ
Grains

တစ်နေ့လျှင် 6-8 အောင်စ (180-240g)

(တစ်ခါစားပမာဏ 6-8 ကြိမ်)
တစ်ခါပြင်ပမာဏ 1 ကြိမ် = 1 အောင်စ (28.34g)

ဥပမာများ

  • ပေါင်မုန့် သို့မဟုတ် မက္ကဆီကိုချပါတီ 1 ချပ်
  • ပေါင်မုန့်ကွင်း သို့မဟုတ် ဟမ်ဘာဂါဘမ်းမုန့် ½ ခု
  • ထမင်း၊ ခေါက်ဆွဲ သို့မဟုတ် စီရီရယ် ½ ခွက်
  • စီရီရယ်အချပ် 1 ခွက်

အကြံပြုချက်များ-

  • ဖော်ပြပါကဲ့သို့ ဂျုံကြမ်းများစားပါ- အုတ်ဂျုံမှုန့်၊ ဂျုံကြမ်းပေါင်မုန့် သို့မဟုတ် ပေါင်မုန့်လုံးများ၊ ဆန်လုံးညို၊ ဂျုံကြမ်းပါစတာ၊ မက္ကဆီကိုချပါတီ (ဂျုံကြမ်း သို့မဟုတ် ပြောင်းဖူး)
ဟင်းသီးဟင်းရွက်များ
Tomatoes

တစ်နေ့လျှင် 2½-3½ ခွက်

(တစ်ခါစားပမာဏ 5-7 ကြိမ်)
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်

ဥပမာများ

  • အစိမ်း သို့မဟုတ် ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် 1 ခွက်
  • ဆလတ်ရွက် သို့မဟုတ် အခြား အရွက်စိမ်း 1 ခွက်
  • ဟင်းသီးဟင်းရွက် သို့မဟုတ် ခရမ်းချဉ်သီးအရည် ½ ခွက်

အကြံပြုချက်များ

  • အမျိုးစုံအပြင် အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်ကဲ့သို့ အရောင်စုံ စားသုံးပါ
  • ကြက်ဥမွှေကြော်၊ ထမင်း၊ ခေါက်ဆွဲ၊ အသုပ်နှင့် အသားပေါင်းတို့တွင် ထည့်ပါ
သစ်သီးများ
Apple

တစ်နေ့လျှင် 1-1½ ခွက်

(တစ်ခါစားပမာဏ 2-3 ကြိမ်)
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်

ဥပမာများ

  • လှီးဖြတ်ထားသော သို့မဟုတ် ချက်ပြုတ်ထားသောအရာ ½ ခွက်
  • ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ စသည်ဖြင့်ကဲ့သို့ သစ်သီး 1 လုံး
  • 100% သစ်သီးရည် ½ ခွက်

အကြံပြုချက်များ

  • အမျိုးစုံအပြင် အနီရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်ကဲ့သို့ အရောင်စုံစားပါ
  • ခွဲထားသော သို့မဟုတ် လှီးဖြတ်ထားသော သစ်သီးကို စီရီရယ်၊ ပန်ကိတ်များ၊ ပူတင်းနှင့် အေးခဲဒိန်ချဉ်ပေါ် တင်ပါ
နို့ထွက်ပစ္စည်း
Yogurt

တစ်နေ့လျှင် 3 ခွက်

(တစ်ခါပြင်စာ 3 ပွဲ)
တစ်ခါပြင်စာ 1 ပွဲ = 1 ခွက်

ဥပမာများ

  • နို့ 1 ခွက်
  • ဒိန်ချဉ် 1 ခွက်
  • o ဒိန်ခဲ 1 ပြားမှ 2 ပြား

အကြံပြုချက်များ

  • 1% သို့မဟုတ် အဆီမပါသော နို့ကို ရွေးပါ
  • နို့သောက်ရန်ခက်ခဲနေပါက၊ WIC ထံမှ အကြံဉာဏ်များ ရယူပါ
ပရိုတင်းများ
Beans

တစ်နေ့လျှင် 5½-6½ အောင်စ (155.92-184.27g)

(တစ်ခါပြင်စာ 5½-6½ ပွဲ)
တစ်ခါပြင်ပမာဏ 1 ကြိမ် = 1 အောင်စ (28.34g)

ဥပမာများ

  • ကြက်သား၊ ကြက်ဆင်သား သို့မဟုတ် ငါး 1 အောင်စ (28.34g)
  • စည်သွတ်တူနာငါးအပေါ့ ¼ ခွက်
  • ကြက်ဥ 1 လုံး
  • ချက်ပြုတ်ထားသော ပဲ သို့မဟုတ် တို့ဟူး ¼ ခွက်
  • မြေပဲထောပတ် စားပွဲတင်ဇွန်း 1 ဇွန်း

အကြံပြုချက်များ

  • 3 အောင်စ (85.04g) ပမာဏ တစ်ခါပြင်စာပွဲသည် ဖဲချပ်ထုပ်တစ်ထုပ်စာ အရွယ်အစားရှိသည်
  • ဖုတ်ထားသော၊ ကင်ထားသော သို့မဟုတ် သံကင်ပျစ်ထားသော အဆီနည်းသော အသားများ ရွေးပါ
  • ပဲစေ့များများစားပါ၊ ချက်ပြုတ်နည်းများအတွက် WIC ကိုမေးပါ

နမူနာမီနူး

သင်က ထမင်းနှင့် မုန့်များ ပုံမှန် စားသောက်ပါက သင်နှင့် သင့်ကလေးအတွက် အကောင်းဆုံး ဖြစ်သည်။ ဒါကတော့ သင်၏ WIC အကျိုးခံစားခွင့်များဖြင့် သင်ဝယ်ယူနိုင်သည့် အစားအစာအချို့ကို အသုံးပြုထားသည့် နမူနာ မီနူးတစ်ခု ဖြစ်သည်။
ဒါကတော့ သင့်ပန်းကန်ပေါ်တွင် ရှိနေနိုင်သည့် ထမင်းနှင့် မုန့်အရွယ်အစား၏ ဥပမာအချို့ ဖြစ်ပါသည်။

နံနက်စာ

ငှက်ပျောသီး 1
လုံး အဆီမပါသော သို့မဟုတ် 1% ပါသော နွားနို့ 1 ခွက်
breakfast
ဂျုံကြမ်းပေါင်မုန့်မီးကင် 1
ချပ်၊ ကြက်ဥမွှေကြော် 1 ချပ်

နေ့လယ်စာ

ချက်ပြုတ်ထားသော ပန်းပွင့်စိမ်းအပွင့်ငယ် ½
ခွက် ရေ 1 ခွက်
Lunch
ပြောင်းပေါင်မုန့် 1
အောင်စ (28.34g) ခရမ်းချဉ်သီးဆော့စ် ½
ခွက်နှင့် ပင်တိုပဲ ¼ ခွက်နှင့် ပဲနီ ¼ ခွက်

မုန့်များ

Snacks

စားပွဲတင်ဇွန်း 1 ဇွန်းနှင့်အတူ 100% လိမ္မော်ရည် 1

ခွက် လှီးဖြတ်ထားသော သခွားမွှေးသီး 1

ခွက် အဆီနည ဒငရ ½

ဂငဝင၍ပ၍မ၍က၍ 5 ခ၍ သည၍ 6 ခ၍ ၊

ခ၍ ဒ၏ခ၌ခ၌ 3 ခ၌ သည၍ 4 ခ၌နညအတကယဝငရ

သခဝငရစဝငရ ½ ခ၌ စဝငရတငရဇဝနရနညအတကယဝငရ

အစာစားချိန်များနှင့် မုန့်စားချိန်များကြားတွင် ရေ

ညစာ

ဖြူးထားသည့် ခရမ်းချဉ်သီး ¼ ခွက်၊ အကျက်ပြုတ်ထားသော ကြက်ဥ 1 လုံးနှင့်အတူ

ထားသော ကြက်ဥ ½ လုံးနှင့်အတူ ရေ စားပွဲတင်ဇွန်း 1 ဇွန်းတို့ကို ရောနှောထားသော အစိမ်းရောင်အသုပ်

လှီးဖြတ်ထားသော ချက်ပြုတ်ထားသည့် မုန်လာဥနီ ½

Dinner

ဆန်လုံးညို 1 ခွက် အဆီမပါသော သို့မဟုတ်

ကြက်သား 3 အောင်စ (85.04g) နှင့်အတူ ချက်ထားသော

1% ပါသည的 နွားနိယပ၍ 1 ခ၍

မုန့်များ- အရသာရှိသော၊ ကျန်းမာရေးနှင့်ညီသော၊ လွယ်ကူသော

တစ်နေ့လျှင် မုန့် 2-3 ကြိမ်ကျွေးရန် ရည်ရွယ်ထားပါ။ အနည်းဆုံးအနေဖြင့် အစားအစာအုပ်စု နှစ်ခုထံမှ အစားအစာများကို ရွေးချယ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီသော မုန့် ပေါင်းစပ်မှုကို ကြိုးစားလုပ်ကြည့်ပါ။ အဆိုပါ ဟန်ချက်ညီသော မုန့်များသည် သင့်ကို စိတ်ကျေနပ်စေပါလိမ့်မည်။

ဥပမာ- မြေပဲထောပတ် + ပန်းသီးစိတ်များ

ပေါင်မုန့်၊ စီရီရယ်၊ သို့မဟုတ် အခြား အစေ့အဆန်

  • ပေါင်မုန့်ကွင်း
  • စီရီရယ်
  • ဂျုံကြမ်း သို့မဟုတ် ပြောင်းဖူး မက္ကဆီကိုချာပါတီ
  • မုန့်ကြွပ်များ
  • အင်္ဂလိပ် ပေါင်မုန့်ဝိုင်း
  • Graham မုန့်ကြွပ်များ
  • အုတ်ဂျုံမှုန့် သို့မဟုတ် ဆန်ပြုတ်အပျစ်
  • ဂျုံဖြင့်လုပ်သော အရှေ့အလယ်ပိုင်း ပေါင်မုန့်ချပ်
  • စပျစ်သီးခြောက် ပေါင်မုန့်
  • ဂျုံကြမ်းပေါင်မုန့်
  • ဂရာနိုလာ သို့မဟုတ် အစေ့အဆန်နှင့် အသီးခြောက် အရော
  • ပြောင်းဖူးပေါက်ပေါက်

နို့ထွက်ပစ္စည်း သို့မဟုတ်
ပရိုတင်း

  • ဒိန်ခဲ
  • ဒိန်ခဲပျော့
  • အေးခဲဒိန်ချဉ်
  • ဒိန်ချဉ်
  • ကြက်ဥပြုတ်
  • အခွံမာသီးများ (သစ်ကြားသီးကဲ့သို့)
  • မြေပဲထောပတ် သို့မဟုတ် အခွံမာသီးထောပတ်
  • ဟမ်းမတ်(စ်)
Apples

သစ်သီး သို့မဟုတ်
ဟင်းသီးဟင်းရွက်

  • ပန်းပွင့်စိမ်း
  • မုန်လာဥနီများ
  • အစိမ်းရောင် ပန်းငရုတ်များ
  • Edamame
  • ခရမ်းချဉ်သီး
  • တရုတ်နံနံ
  • ထောပတ်သီး
  • ပန်းသီး
  • ငှက်ပျောသီး
  • စပျစ်သီးများ
  • သခွားမွှေးသီး
  • လိမ္မော်သီး
  • မက်မွန်သီး
  • နာနတ်သီး
  • စပျစ်သီးခြောက်များ
  • စတော်ဘယ်ရီသီးများ

အသင့်စားအစားအစာရောင်းသည့် စားသောက်ဆိုင်များနှင့်ပတ်သက်သော အကြံပြုချက်များ

သွားလာရင်းလား။ ဖော်ပြပါ အသင့်စားအစားအစာများကို တောင်းဆိုပါ-
  • ကြက်ကင်ညှပ်ပေါင်မုန့်
  • ဟမ်ဘာဂါ သို့မဟုတ် ဒိန်ခဲညှပ်ဟမ်ဘာဂါ (အဆီ၊ ဆား၊ နှင့် သကြားအများကြီး ပိုပါလာနိုင်သော အပိုထပ်ထည့်ခြင်းနှင့် ဆော့စ်များကို ကန့်သတ်ထားပါ)
  • အဓိကဟင်းပွဲ အသုပ် သို့မဟုတ် အရန်ဟင်းပွဲ အသုပ်
  • အစိမ်းရောင် ပန်းငရုတ်များ၊ ခရမ်းချဉ်သီးများနှင့် မှိုများ ဖြူးထားသည့် ပီဇာ
  • ပဲကော်ပြန့်လိပ်
  • ဟင်းသီးဟင်းရွက်နှင့် ဒိန်ခဲ ဖြူးထားသည့် အာလူးဖုတ်
  • သစ်သီး
  • ရေ၊ အဆီနည်း နို့ သို့မဟုတ် 100% သစ်သီးရည်
Food Safety Tip

အစားအစာဘေးကင်းရေး အကြံပြုချက်များ

  • အစာမစားမီ သို့မဟုတ် အစားအစာကို ပြင်ဆင်ခြင်းမပြုမီ သင့်လက်များကို ဆေးပါ။
  • စားသောက်ခြင်း သို့မဟုတ် ချက်ပြုတ်ခြင်း မပြုမီ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို ရေဖြင့်ဆေးပါ။
  • အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ငါး၊ နှင့် ပင်လယ်စာတို့ကို ကောင်းကောင်းကျက်သည်အထိ ချက်ပြုတ်ပါ။
  • ဟော့ဒေါ့များ၊ အေးခဲအသားများ၊ နှင့် ဘိုလွန်ဂါ၊ ဆလာမီ သို့မဟုတ် ဟမ်ကဲ့သို့သော အသင့်စား အသားများကိုမစားမီ အငွေ့ထွက်သည်အထိ အပူပေးပါ။
  • ကိုယ်ဝန်ဆောင်ချိန်တွင် စားသုံးရန် ဘေးကင်းသောငါးနှင့် အကြံပြုထားသော စားသုံးရန်ပမာဏတို့အား WIC ဝန်ထမ်း သို့မဟုတ် သင်၏ ကျန်းမာရေးစောင့်ရှောက်မှု ဖြည့်ဆည်းပေးသူကို မေးပါ။

အချို့သောအစားအစာများကို မစားပါနှင့်။

သင်ကိုယ်ဝန်ဆောင်နေချိန်တွင် အချို့သော အစားအစာများသည် သင်နှင့် သင့်ကလေးအတွက် ဘေးကင်းမှုမရှိပါ။ မစားပါနှင့်-
  • တိုင်လီငါး၊ ငါးမန်းဓားလွယ်၊ ငါးကွမ်းရှပ်၊ သို့မဟုတ် ငါးမန်း
  • ကမာကောင်အစိမ်း၊ သို့မဟုတ် ဆူရှီ၊ ဆာရှိမိကဲ့သို့သော ငါးအစိမ်း၊ သို့မဟုတ် ပင်လယ်စာအသုပ်တစ်မျိုး
  • ကြက်သား၊ အမဲသား၊ သို့မဟုတ် ကြက်ဆင်ကဲ့သို့ မကျက်သေးသော၊ အပြင်ပန်းသာကျက်သော၊ သို့မဟုတ် အစိမ်းဖြစ်သော အသားများ
  • အငွေ့ထွက်သည်အထိ အပူပေးထားခြင်းမရှိသော အသင့်စား အသားများ၊ သုတ်စားရသည့်အရာများ၊ သို့မဟုတ် ထောပတ်တုံးများ
  • အစိမ်း သို့မဟုတ် မကျက်တကျက် ဥများ
  • ကျပ်တိုက်ထားသောအသားများ
  • ချက်ပြုတ်မထားသော ဟော့ဒေါ့များ
  • ဖီတာဒိန်ခဲ၊ အပြာရောင်အမျှင်ပါဒိန်ခဲ၊ သို့မဟုတ် မက္ကဆီကန်ပုံစံ (ကွီဆိုဘလန်ကို သို့မဟုတ် ကွီဆိုဖရက်စကို) ဒိန်ခဲများ
  • အပူပေး၍ ပိုးသတ်မထားသော နို့ (အစိမ်း) သို့မဟုတ် ဒိန်ခဲ
  • အပူပေး၍ ပိုးသတ်မထားသော ဖျော်ရည် သို့မဟုတ် ပန်းသီးအရက်
  • လူဆန်ပဲပင်ပေါက်များကဲ့သို့သော အစိမ်းလိုက်အပင်ပေါက်များ

တိုင်းရင်းဆေးများမသောက်မီ သို့မဟုတ် ဆေးမြစ်များပါသော ရေနွေးများမသောက်မီ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မေးပါ၊ ထိုအရာများက သင့်ကလေးငယ်အတွက် ဘေးကင်းမှု မရှိနိုင်ပါ။

မီးမဖွားမီသောက်ရသည့် ဗီတာမင်များကို သောက်ပါ

မီးမဖွားမီသောက်ရသည့် ဗီတာမင်များတွင် သင့်ကလေးကြီးထွားမှုကို ကူညီပေးသည့် အပို သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ ပါရှိပါသည်။ သင်၏ မီးမဖွားမီသောက်သောဗီတာမင်တွင် အိုင်အိုဒင်းဓာတ် အနည်းဆုံး 150 mcg ပါရှိခြင်း ရှိ မရှိ စစ်ဆေးပါ။ သင်သောက်နေသော မီးမဖွားမီသောက်ရသည့် ဗီတာမင်တွင် ဤ အိုင်အိုဒင်းပမာဏ မပါရှိပါက၊ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မေးမြန်းပါ။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဆေးညွှန်းပေးထားခြင်းမဟုတ်လျှင် အခြားသော ဗီတာမင်များကို သောက်သုံးခြင်းမပြုပါနှင့်။
Preg pills

သင့်သွားတွေကို ကျန်းမာအောင်ထားပါ

Keep Your Teeth Healthy

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ၎င်းတို့၏ ခံတွင်းကျန်းမာရေးကို သက်ရောက်မှုရှိနိုင်သော ဟော်မုန်းအပြောင်းအလဲများကို ဖြတ်သန်းရပါသည်။

သင့်သွားများနှင့် သွားဖုံးများကို ကျန်းမာအောင်ထားပါ၊ ဖော်ပြပါအတိုင်းလုပ်ရန် သေချာပါစေ-
  • သင့်သွားများ (နှင့်လျှာ) ကို တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ပါ
  • သင့်သွားများကို နေ့တိုင်း သွားကြားထိုးပါ
  • ရေသောက်ပါ၊ သကြားပါသော သောက်စရာများကို ရှောင်ကြဉ်ပါ
  • သွားဆရာဝန်နှင့် စစ်ဆေးပြသပါ

ပျော့ပြောင်းသောအမျှင်များပါသည့် သွားတိုက်တံကို သုံးပါ။ အသာအယာပွတ်တိုက်ပါ။ သွားတိုက်သည့်အခါ သို့မဟုတ် သွားကြားထိုးသည့်အခါ သွားဖုံးများမှ သွေးထွက်ပါက၊ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ပြောပြပါ။

ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် တက်ကြွမှုရှိပါ

သင်လှုပ်ရှားသည့်အခါ သင့်ခန္ဓာကိုယ်က ကြံ့ခိုင်ရေးကောင်းပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ကိစ္စမရှိပါဘူးဟု ပြောပါက တက်ကြွလန်းဆန်းစွာ နေပါ။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်းနှင့် ရေကူးခြင်းတို့က ကောင်းမွန်သော နည်းလမ်းအချို့ ဖြစ်သည်။
တက်ကြွနေခြင်းက သင့်ကိုအကူအညီပေးနိုင်သည်မှာ-
  • အားအင်ပိုရှိကာ ပင်ပန်းမှုနည်းစေပါသည်
  • ပိုကောင်းမွန်စွာ အိပ်စက်နိုင်စေသည်
  • စိတ်ဖိစီးမှု ကင်းမဲ့စေသည်
  • သင့်ကြွက်သားများကို ကျစ်လျစ်စေသည်
  • ပိုကောင်းသော ကိုယ်နေဟန်ထား ရှိစေသည်

တစ်ပတ်တာတွင် ရက်အများစု သို့မဟုတ် နေ့ရက်တိုင်း၌ မိနစ် 30 ကြာ သွက်လက်လှုပ်ရှားမှုရှိရန် အချိန်ပေးထားပါ။

သင်သည် အချိန်ကို ဤကဲ့သို့ ပိုင်းခြားထားနိုင်ပါသည်-

နံနက်ပိုင်းတွင် 10 မိနစ် လမ်းလျှောက်ပါ

မွန်းလွဲပိုင်းတွင် 10 မိနစ် လမ်းလျှောက်ပါ

ညနေပိုင်းတွင် 10 မိနစ် လမ်းလျှောက်ပါ

30 မိနစ်

Walking with weights

ကိုယ်အလေးချိန်တက်ခြင်း

သင်၏ တက်လာသင့်သော ကိုယ်အလေးချိန်ပမာဏသည် သင်၏ ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်ပေါ် မူတည်ပါသည်။ သင်၏တိုးတက်မှုကို ခြေရာခံရန် ကိုယ်အလေးချိန်ပြဂရပ်ပုံအတွက် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ သူနာပြု၊ သို့မဟုတ် WIC ဝန်ထမ်းကို မေးပါ။

သင်၏ ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်

ကိုယ်အလေးချိန်မပြည့်ပါ
18.5 အောက်လျော့သော BMI
ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်
BMI 18.5-24.9
ကိုယ်အလေးချိန်လွန်နေသည်
BMI 25-29.9
အဝလွန်နေသည်
30 ထက်ပိုသော သို့မဟုတ် ၎င်းနှင့်ညီသော BMI
သင် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန် တက်လာခြင်း
28-40 ပေါင် (12.70-18.14kg)
25-35 ပေါင် (11.33-15.87kg)
15-25 ပေါင် (6.80-11.33kg)
11-20 ပေါင် (4.98-9.07kg)
Preg Checkup

သင် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန် တက်လာခြင်း ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန်တက်ခြင်းသည် သင့်ကလေးငယ် ကြီးထွားမှုကို ကူညီပေးပါသည်။ ပထမသုံးလပတ်တွင် ကိုယ်အလေးချိန်တက်ခြင်းသည် 1-4 ပေါင် (0.45-1.81kg) ဖြစ်သင့်ပါသည်။ 4 လမြောက်မှစတင်ကာ၊ သင်သည် တစ်ပတ်လျှက် ပေါင်ဝက် (½) မှ တစ် (1) ပေါင် (226-453g) အထိ ဝိတ်တက်နိုင်ပါသည်။

တည်ငြိမ်သော ဝိတ်တက်ခြင်းကို ထိန်းသိမ်းထားရန်-
  • ဗိုက်ဆာချိန်တွင် စားပါ
  • စားသုံးရန် ကျန်းမာရေးနှင့်ညီသော အစားအစာများကို ရွေးချယ်ပါ
  • ရေသောက်ပါ
  • လမ်းလျှောက်ခြင်းဖြင့် လှုပ်လှုပ်ရှားရှားနေပါ

သင့်ကိုယ်အလေးချိန်က ဖော်ပြပါအတိုင်းဖြစ်ပါက-

သင့်တော်ရုံ

သင်သည် သင့်ကလေးငယ်ကို မွေးဖွားပြီးနောက် အလွယ်တကူ ဝိတ်ကျသွားနိုင်ပါသည်။ ၎င်းက သင့်ကျန်းမာရေးနှင့် သင့်ကလေး၏ ကျန်းမာရေးကို ကာကွယ်ရန် ကူညီပေးပါသည်။

အလွန်နည်းနေသည်

သင့်ကလေးငယ်ကို အလွန်သေးငယ်စွာ သို့မဟုတ် အလွန်စောစီးစွာ မွေးဖွားလာနိုင်ပါသည်။

အလွန်များနေသည်

သင့်ကလေးငယ်ကို မွေးဖွားပြီးနောက် ဝိတ်ကျသွားရန် ပို၍ခက်ခဲနိုင်ပါသည်။ ၎င်းက သင်နှင့် သင့်ကလေးအား ကာလရှည် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်သည့်အန္တရာယ်ကို တိုးလာစေနိုင်ပါသည်။

သင်က နှစ်မြွှာပူး၊ သုံးမြွှာပူး သို့မဟုတ် ၎င်းထက်ပိုကာမွေးဖွားရန် မျှော်မှန်းထားပါက၊ သင့်အတွက်မှန်ကန်သော ကိုယ်အလေးချိန်တက်ခြင်းနှင့်ပတ်သက်၍ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် စကားပြောဆိုပါ။

သင့်ကလေးကို ဘေးကင်း ကျန်းမာစွာ ထားပါ

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက် (ဘီယာ၊ ဝိုင်၊ သောက်စရာ သို့မဟုတ် ရောထားသောသောက်စရာများ)၊ ဆေးခြောက်၊ နှင့် တရားမဝင် မူးယစ်ဆေးများကို ရှောင်ကြဉ်ရန် အကြံပြုထားပါသည်။ အဆိုပါထုတ်ကုန်တစ်ခုချင်းစီသည် သင်နှင့် သင့်ကလေး၏ကျန်းမာရေးကို ဆိုးရွားစွာ သက်ရောက်မှုရှိစေနိုင်ပါသည်။

အဆိုပါထုတ်ကုန်များ သုံးစွဲမှုကို ရပ်ပစ်ရန် သို့မဟုတ် လျှော့လိုက်ရန်က ခက်ခဲသည်ကို ကျွန်ုပ်တို့ သိပါသည်။ သင်က ရုန်းကန်ကြိုးစားနေရပါက၊ အကူအညီပေးနိုင်သော ရင်းမြစ်များ ရှိပါသည်။

သင်တစ်ယောက်တည်းမဟုတ်ပါ။

သင့်ကိုကူညီပေးဖို့ ကျွန်ုပ်တို့ရှိပါသည်။

အခမဲ့ လမ်းညွှန်ခြင်း၊ အခမဲ့ ဖြတ်ခြင်း အစီအစဉ်နှင့် အခမဲ့ အသိပညာပေး အချက်အလက်များ အပါအဝင် ဆေးရွက်ကြီး သို့မဟုတ် ဆေးလိပ် သုံးစွဲမှု ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.quitnow.net သို့ ဝင်ကြည့်ပါ။

အရက်၊ ဆေးခြောက်၊ သို့မဟုတ် အခြားသော တရားမဝင်မူးယစ်ဆေးအသုံးပြုမှုကို ဖြတ်ပစ်ခြင်းနှင့်ပတ်သက်သည့် အကူအညီအတွက် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်ပါ သို့မဟုတ် www.findtreatment.gov သို့ ဝင်ကြည့်ပါ။ 

သင်က ဆေးမသောက်မီတွင် ထိုဆေးက သင့်ကလေးငယ်အတွက် ဘေးကင်းမှုရှိကြောင်း သေချာစေရန် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို မေးပါ။

ကိုယ်ဝန်ဆောင်ချိန် မသက်မသာဖြစ်ခြင်းများ

သင် ကိုယ်ဝန်ရှိနေချိန်တွင် သင့်ခန္ဓာကိုယ်က ပြောင်းလဲပါသည်။ သင်သည် ပထမဆုံး 3 လ သို့မဟုတ် 4 လတွင် ဗိုက်မကောင်းသကဲ့သို့ ခံစားရနိုင်ပါသည်။ အချို့သောအနံ့များနှင့် အစားအစာများက သင့်ကို အော့အန်စေနိုင်ပါသည်။

သင် နေမကောင်းဖြစ်ပါက (နံနက်ပိုင်းတွင် မအီမသာဖြစ်ခြင်း)-
  • လတ်ဆတ်သောလေဝင်လာကာ လှောင်နေသောလေများ ထွက်သွားစေရန် ပြတင်းပေါက်ဖွင့်ထားပါ
  • အိပ်ရာနိုးသည့်အခါ ဖြည်းဖြည်းချင်းထပါ
  • အိပ်ရာမှမထမီ မုန့်ကြွပ်အနည်းငယ် စားပါ
  • သင့်ကို အဆင်မပြေဖြစ်စေသော အနံ့များနှင့် ဝေးဝေးနေပါ
  • အစားအစာများ ချက်ပြုတ်သည့်အနံ့က သင့်ကို နေ၍မကောင်းဖြစ်စေပါက အေးသောအစားအစာများကို စားပါ
  • တစ်နာရီ သို့မဟုတ် နှစ်နာရီကြာတိုင်း အစားအစာအနည်းငယ် စားပါ
  • အရည်များသောက်ပါ၊ သို့သော် အနည်းငယ်စီသာ သောက်ပါ

“မနက်ပိုင်းတွင်မအီမသာဖြစ်ခြင်း” သည် တစ်နေ့တာ၏ မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်ပါသည်။

  • သင် နေမကောင်းဖြစ်နေလျှင်ပင်၊ သင်သည် အစာနှင့် အရည်များ စားသုံးရန် လိုအပ်ပါသည်။ ဘာကိုမျှ မခံစားနိုင်ဖြစ်နေပါက၊ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဖုန်းခေါ်ဆိုပါ။
Preg Mom

သင့်ကလေးငယ် ကြီးထွားလာသည်နှင့်၊ သင်အစာစားသည့်အခါ ရင်ထဲတွင် နေလို့မကောင်းခြင်းကို ခံစားရနိုင်ပါသည်။ ၎င်းက မစင်စွန့်ရန် ခက်ခဲစေနိုင်ပါသည်။ သင့်တွင် အဆိုပါပြဿနာများ ရှိနေပါက သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် စကားပြောဆိုပါ။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အကြံပေးထားခြင်းမဟုတ်လျှင် ဆေးများ သောက်သုံးခြင်းမပြုပါနှင့်။ ဤသည်တို့မှာ အကြံပြုချက်အချို့ ဖြစ်ပါသည်-

သင် ရင်ပူရင်ဆာ (အစာမကြေ) ဖြစ်နေပါက-

  • အများကြီး 2 ကြိမ် သို့မဟုတ် 3 ကြိမ်အစား၊ အစားအစာအနည်းငယ်ကို 5 ကြိမ် သို့မဟုတ် 6 ကြိမ်စားပါ
  • ကြော်ထားသော သို့မဟုတ် အဆီများသော အစားအစာများကို ရှောင်ကြဉ်ပါ
  • အစပ်နည်းသော အစားအစာများကို စားပါ
  • အစာစားရာတွင် ရေအနည်းငယ် သောက်ပါ
  • အစာစားပြီးနောက် မတ်မတ်ထိုင်ပါ သို့မဟုတ် လမ်းလျှောက်ပါ
  • ဆိုဒါ၊ ကော်ဖီ၊ သို့မဟုတ် လက်ဖက်ရည်တို့ရှိ ကဖင်းဓာတ်ကို ရှောင်ကြဉ်ပါ

သင် ဝမ်းချုပ်နေပါက (ဝမ်းမသွားနိုင်ပါက)-

  • ဖော်ပြပါကဲ့သို့ အမျှင်ဓာတ်ပါသော အစားအစာများကို စားပါ-
  • ဟင်းသီးဟင်းရွက်များ
  • သစ်သီးများ
  • ပဲစေ့များနှင့် ပဲသီးစေ့များ
  • ဂျုံကြမ်းစီရီရယ်များ
  • ဂျုံကြမ်းပေါင်မုန့်နှင့် မုန့်ကြွပ်များ
  • ဂျုံကြမ်းခေါက်ဆွဲများ
  • ဆန်လုံးညို
  • ပြောင်းဖြင့်လုပ်သော မက္ကဆီကိုချာပါတီ
  • ရေကဲ့သို့သော အရည်များများသောက်ပါ
  • အစာစားပြီး လမ်းလျှောက်ပါ
pregnant back ache

သင့်ကလေးကို အကောင်းဆုံး စတင်မှုပေးပါ – မိခင်နို့တိုက်ကျွေးပါ။

မိခင်နို့သည် ပထမဆုံး 6 လကာလအတွက် သင့်ကလေးငယ်လိုအပ်သောအရာအားလုံး ဖြစ်ပါသည်။ သင့်နို့တွင် သင့်ကလေးအား အကျန်းမာဆုံးသော ဘဝစတင်မှုကိုပေးရန် မှန်ကန်သော အရာများ၏ မှန်ကန်သည့်ပမာဏများ ပါရှိပါသည်။ မိခင်နို့တိုက်ကျွေးခြင်းက သင့်အတွက်လည်း ကောင်းပါသည်။

မိခင်နို့တိုက်ကျွေးနေသည့် မိခင်များ၏ ပြောကြားမှု…

“နို့တိုက်နေတဲ့အချိန်မှာ၊ ဂုဏ်ယူမိပါတယ်။ ကျွန်မရဲ့ကလေးက ကျွန်မအနေနဲ့ပေးနိုင်တဲ့
တစ်ခုတည်းသောလက်ဆောင်နဲ့ ကျန်းမာသန်စွမ်းလာပါတယ်။”

မိခင်နို့တိုက်ကျွေးခြင်းက သင့်ကလေး၏ ကျန်းမာရေးကို ကာကွယ်ပေးပါသည်။
မိခင်နို့တိုက်ကျွေးခံရသည့် ကလေးများသည် ဖော်ပြပါအန္တရာယ် နည်းပါးပါသည်-
  • SIDS – Sudden Infant Death Syndrome (မွေးကင်းစကလေး ရုတ်တရက်သေဆုံးမှု ရောဂါလက္ခဏာစု)
  • ဓာတ်မတည့်မှုများ
  • အအေးမိခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ၊ နှင့် နားတွင်း ပိုးကူးစက်ခြင်းကဲ့သို့သော နာမကျန်းမှုများ
  • အဝလွန်ခြင်း
  • ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်း

မိခင်နို့တိုက်ကျွေးခြင်းက မိခင်အတွက်လည်း ကောင်းပါသည်။

မိခင်နို့တိုက်ကျွေးခြင်းက သင့်ကို ကူညီပေးသည်မှာ-
  • သင်၏ အဝလွန်ခြင်း၊ နှလုံးဖောက်ခြင်း၊ နှင့် လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချပေးသည်
  • ရင်သားနှင့် အခြားသော ကင်ဆာများ ဖြစ်နိုင်သည့်အန္တရာယ်ကို လျှော့ချပေးသည်
  • သင့်အရိုးများကို သန်မာစေသည်
  • သင်၏ ကိုယ်ဝန်မဆောင်မီ ခန္ဓာကိုယ်အရွယ်အစားသို့ အမြန် ပြန်ရောက်စေသည်

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အချက်အလက်များ

  • မိခင်အများအပြားသည် မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မေးမြန်းစရာများ ရှိကြပါသည်။
    သင့်တွင်ရှိနေနိုင်သော မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ စိုးရိမ်မှုများအကြောင်းကို WIC ဝန်ထမ်းနှင့် ပြောဆိုပါ။
  • သင့်ကလေးငယ် ဗိုက်ဆာလာတိုင်း မိခင်နို့တိုက်ကျွေးခြင်းသည် သင့်ကလေးငယ်လိုအပ်သော နို့အားလုံးကို သင့်ခန္ဓာကိုယ်အား ပြုလုပ်ခွင့်ပေးပါသည်။
    အစောပိုင်းရက်များတွင်၊ ကလေးငယ်များ၏ ဝမ်းဗိုက်များက အလွန်သေးငယ်သောကြောင့် တစ်ရက်လျှင် 8-12 နို့စို့ရန် လိုအပ်ပါသည်။
  • ဆေးရုံတွင်ရှိနေစဉ်နှင့် အိမ်သို့ပြန်ရောက်ပြီးနောက် ကလေးငယ်ကို အသားချင်းထိကာ ပွေ့ချီထားခြင်းသည် သင်နို့ထွက်ရန် အကူအညီပေးပါသည်။
  • ကလေးနို့တိုက်ခြင်းက မနာကျင်သင့်ပါ။
    နာကျင်နေပါက၊ အကူအညီရယူပါ။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ WIC ဆေးခန်း၊ ဒေသတွင်းဆေးရုံ၊ သို့မဟုတ် La Leche League (LLL) ထံ ဖုန်းခေါ်ဆိုပါ။
  • အထူးသဖြင့် အစောပိုင်းရက်များတွင်၊ အိမ်တွင် အကူအညီတောင်းပါ။
    အိမ်မှုကိစ္စများလုပ်ရန်နှင့် အခြားကလေးများကို ထိန်းပေးရန် မိသားစုနှင့် မိတ်ဆွေများကို ပြောပါ။ ဖခင် သို့မဟုတ် အခြားသော မိသားစုဝင်သည် ကလေးကို အသားချင်းထိထားကာ ပွေ့ထားနိုင်ပါသည်၊ ရေချိုးချိန်နှင့် ကစားချိန်များတွင် ကူညီပေးနိုင်ပါသည်။ ကလေးငယ်များသည် နို့တိုက်ချိန်အပြင် အများကြီးချစ်ပေးခြင်းနှင့် ပွေ့ဖက်ပေးခြင်းတို့ကို လိုအပ်ပါသည်။
  • သင်သည် အလုပ်ပြန်သွားကာ သို့မဟုတ် ကျောင်းပြန်တက်ကာ ဆက်လက်၍ မိခင်နို့တိုက်ကျွေးနိုင်ပါသည်။
    ပြည်နယ်အများစုနှင့်အတူ အင်ဒီးယားနား ပြည်နယ် တွင် အလုပ်ခွင်များအား နားချိန်ကို ခွင့်ပြုပေးကာ အလုပ်တွင် နို့ညှစ်ရန်နေရာ ပေးထားရန်လိုအပ်စေသည့် ဥပဒေများ ရှိပါသည်။ လူမြင်ကွင်းတွင် နို့တိုက်သည့်အခါ မိခင်များကို ကာကွယ်ပေးရန် ပြည်နယ် 50 လုံးတွင် ဥပဒေများ ရှိပါသည်။
  • နို့တိုက်မိခင်များသည် ၎င်းတို့နှစ်သက်သော အစားအစာများကို စားနိုင်ပါသည်။
    အထူးအစားအစာမျိုး မလိုအပ်ပါ။
  • WIC တွင် သင်၏ မိခင်နို့တိုက်ကျွေးခြင်းအတွေ့အကြုံကို ဖြတ်သန်းရန် ကူညီပေးသည့် သက်တူရွယ်တူ အတိုင်ပင်ခံများ (သင်ကဲ့သို့ပင် ၎င်းတို့၏ ကလေးငယ်များကို နို့တိုက်ကျွေးနေသည့် မိခင်များ) ရှိပါသည်။
    ပို၍ရှုပ်ထွေးသော စိုးရိမ်စရာများ ဖြစ်ပေါ်လာပါက သင့်ကို ကူညီပေးရန် WIC သတ်မှတ်ပေးထားသော မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ကျွမ်းကျင်သူများလည်း ရှိပါသည်။
မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သက်သည့် ပိုမိုသောအချက်အလက်များအတွက်၊ wicbreastfeeding.fns.usda.gov သို့ ဝင်ကြည့်ပါ 
Mom-Baby-sleeping

ဆေးရုံတွင် ကျွန်ုပ်၏ မိခင်နို့တိုက်ကျွေးခြင်း အစီအစဉ်

သင်၏ရည်မှန်းချက်မှာ သင့်ကလေးကို မိခင်နို့သီးသန့်တိုက်ကျွေးရန် ဖြစ်ကြောင်း သင်၏ သူနာပြုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို ပြောပြပါ။ ၎င်းက သင့်ကလေးနှင့် သင့်အတွက် ဆေးပညာအရ ဘေးကင်းနေသရွေ့ အဆိုပါလမ်းညွှန်ချက်များကို လိုက်နာရန် ၎င်းတို့ကို ပြောကြားပါ။

မိခင်နို့သီးသန့်တိုက်ကျွေးခြင်း – ကျွန်မ၏လက်တွဲဖော် သို့မဟုတ် ကျွန်မနှင့် ပြောဆိုခြင်းမပြုမီ ကျွန်မ၏ကလေးအား မည်သည့် နို့မှုန့်၊ ရေ၊ သို့မဟုတ် ဂလူးကို့စ်အရည်တို့ကို မတိုက်ပါနှင့်။

အသားချင်းထိခြင်း – ဒီမှာရှိနေတုန်းမှာ ကျွန်မရဲ့ကလေးနဲ့ တတ်နိုင်သမျှ အသားချင်းထိပြီး ပွေ့ချီထားချင်ပါတယ်။

နို့ညှစ်ပန့်ပ်များ – ကျွန်မ၏ကလေးကို မိခင်နို့တိုက်ကျွေး၍ မရနိုင်ပါက သို့မဟုတ် ဆေးဘက်ဆိုင်ရာ အကြောင်းရင်းများကြောင့် ကလေးကို ကျွန်မနှင့် ခွဲထားပါက၊ ကျွန်မသည် တတ်နိုင်သမျှအမြန်ဆုံး နို့ညှစ်ပန့်ပ်ကို အသုံးပြုလိုပါသည်။ ဆေးရုံတက်သည့်အချိန်ထက် ပိုမိုကြာရှည်ကာ နို့ညှစ်ပန့်ပ်ကို လိုအပ်ပါက၊ ကျွန်မ၏ ဒေသတွင်း WIC ရုံးခန်းထံ ဖုန်းခေါ်ဆိုရန် ကျွန်မကို သတိပေးပေးပါ။

နို့ဘူးများ သို့မဟုတ် ချိုလိမ်များ မလိုပါ – ကျွန်မ၏ကလေးငယ်ကို နို့သီးခေါင်းအတုများ မပေးပါနှင့်။ ၎င်းတို့တွင် ချိုလိမ်များ သို့မဟုတ် နို့ဘူးများ ပါဝင်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်း အကူအညီ – ကလေးမွေးဖွားပြီးနောက် ပထမဆုံးတစ်နာရီအတွင်း မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ကျွန်မကို ကူညီပေးပါ။

အိမ်သို့ယူသွားရန် အိတ်များ – ဆေးရုံမှဆင်းသည့်အခါ ကျွန်မတို့နှင့်အတူ အိမ်သို့ ကလေးဖြည့်စွက်စာ သို့မဟုတ် ကလေးဖြည့်စွက်စာနှင့်ဆိုင်သော အချက်အလက်များ မပို့ပေးပါနှင့်။ ထိုအစား၊ ကျွန်မသည် မိခင်နို့တိုက်ကျွေးရန် ရွေးချယ်ခြင်းဖြင့် ကျွန်မ၏ ကလေးငယ်အား အကောင်းဆုံးသောအာဟာရ ပေးနေခြင်းဖြစ်ကြောင်းကို သတိပေးပေးပါ။

သင့်ကိုယ်သင်အတွက် အချိန်ပေးပါ

ကလေးကိုကိုယ်ဝန်ဆောင်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်ပါသည်။ အချိန်နှင့်အမျှ သင်သည် ပင်ပန်းခြင်း၊ စိတ်ခံစားလွယ်ခြင်းနှင့် စိတ်တိုခြင်းတို့ကို ခံစားရနိုင်ပါသည်။ သင်သည် ဝမ်းနည်းမှုကို ခံစားရနိုင်ပါသည်။ စိတ်အေးလက်အေး အနားယူရန် အချိန်ပေးထားပါ။ သင် စိတ်ထိခိုက်ခံစားလာရပါက၊ အကူအညီတောင်းပါ။

မိသားစုနှင့် သူငယ်ချင်းများထံမှ အကူအညီရယူပါ။

သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် စကားပြောဆိုပါ။

Postpartum Support International ဖုန်းလိုင်း 1-800-944-4773 ကို ခေါ်ဆိုပါ သို့မဟုတ် www.postpartum.net သို့ ဝင်ကြည့်ပါ သို့မဟုတ် 800-944-4773 သို့ ဝင်ကြည့်ပါ သို့မဟုတ် 971-203-7773 (အင်္ဂလိပ်ဘာသာ) သို့မဟုတ် 971-203-7773 (စပိန်ဘာသာ) သို့ စာတိုပို့ပါ။

သင့်ကိုယ်သင် ချစ်ခင်မှုအချို့ ပြသရန်-

  • လုံလောက်သော အိပ်စက်မှုနှင့် အနားယူမှု ရယူရန် ကြိုးစားပါ
  • နေ့စဉ် သင့်အတွက်သက်သက် မိနစ်အနည်းငယ် အချိန်ပေးပါ
  • သင်နှစ်သက်သူများနှင့် အချိန်ဖြုန်းပါ၊ သင်မနှစ်သက်သူများကို ရှောင်ကြဉ်ပါ

သင့်ကိုယ်သင် သို့မဟုတ် သင့်ကလေးငယ်ကို အန္တရာယ်ပြုလိုသောအတွေးများ ရှိနေပါက၊ ချက်ခြင်း အကူအညီရယူပါ။

တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက် အခမဲ့ဖြစ်ကာ လျှို့ဝှက်ပေးထားသော စိတ်ခံစားမှုပိုင်းဆိုင်ရာ အကူအညီအတွက် 1-800-273-8255 သို့ ဖုန်းခေါ်ဆိုပါ သို့မဟုတ် 988 သို့ ဖုန်းခေါ်ဆိုပါ/စာပို့ပါ။

make-time-for-yourself
မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကူအညီအတွက် သင်၏ WIC မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ဘဝတူ အကြံပေး သို့မဟုတ် WIC က ချမှတ်ထားသော မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ကျွမ်းကျင်သူထံ ဆက်သွယ်ပါ။
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။
wic.in.gov
Logo for Indiana WIC, a supplemental nutrition program for women, infants, and children.

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

2 North Meridian Street, 5th Floor  Indianapolis, Indiana 46204
800-522-0874
wic.in.gov

ပိုမိုလေ့လာရန်

  • လျှောက်ထားနည်း
  • အတည်ပြုထားသည့် စားသောက်ကုန်များ
  • ဆေးခန်းတစ်ခု ရှာပါ

ရင်းမြစ်များ

WIC နို့တိုက်ကျွေးခြင်း အကူအညီ
  • INWIC Android အက်ပ်
  • INWIC Apple အက်ပ်
  • Indiana WIC on Facebook
  • Indiana WIC on Instagram

ဤအဖွဲ့အစည်းသည် အခွင့်အရေးတန်းတူညီမျှမှုကို ပံ့ပိုးပေးသော ဝန်ဆောင်မှုပေးသူဖြစ်ပါသည်။

Cookie PolicyPrivacy Policy

© Brush Art Corporation

  • Email
  • SMS
If you are using multiple emails, separate them with commas.

    SMS Communication Consent

    ×
    If you are using multiple emails, separate them with commas.

      Communication Preferences

      ×
      Download
      Feed Popup
      Side Lying Hold

      Side-Lying Hold

      1. For the right breast, lie on your right side with your baby facing you.
      2. Pull your baby close. Your baby’s mouth should be level with your nipple.
      3. In this position, you can cradle your baby’s back with your left arm and support yourself with your right arm and/or pillows.
      4. Keep loose clothing and bedding away from your baby.
      5. Reverse for the left breast.

      This hold is useful when:

      • You had a C-section
      • You want to rest while baby feeds
      • You are breastfeeding in the middle of the night
      • You and your baby are comfortable in this position
      Cross Cradle Hold

      Cross-Cradle Hold

      1. For the right breast, use your left arm to hold your baby’s head at your right breast and baby’s body toward your left side. A pillow across your lap can help support your left arm.
      2. Gently place your left hand behind your baby’s ears and neck, with your thumb and index finger behind each ear and your palm between baby’s shoulder blades. Turn your baby’s body toward yours so your tummies are touching.
      3. Hold your breast as if you are squeezing a sandwich. To protect your back, avoid leaning down to your baby. Instead, bring your baby to you.
      4. As your baby’s mouth opens, push gently with your left palm on baby’s head to help them latch on. Make sure you keep your fingers out of the way.
      5. Reverse for the left breast.

      This hold is useful when:

      • Your baby is premature
      • Your baby has a weak suck
      • Your baby needs help to stay latched
      • Your baby needs extra head support
      • You and your baby are comfortable in this position
      Football Hold

      Clutch or “Football” Hold

      1. For the right breast, hold your baby level, facing up, at your right side.
      2. Put your baby’s head near your right nipple and support their back and legs under your right arm.
      3. Hold the base of your baby’s head with your right palm. A pillow underneath your right arm can help support your baby’s weight.
      4. To protect your back, avoid leaning down to your baby. Bring baby to you instead.
      5. Reverse for the left breast.

      This hold is useful when:

      • You had a C-section
      • You have large breasts
      • You have flat or inverted nipples
      • You have a strong milk let-down
      • You are breastfeeding twins
      • Your baby likes to feed in an upright position
      • Your baby has reflux
      • You and your baby are comfortable in this position
      Breastfeeding Holds

      Cradle Hold

      1. For the right breast, cradle your baby with your right arm. Your baby will be on their left side across your lap, facing you at nipple level.
      2. Your baby’s head will rest on your right forearm with your baby’s back along your inner arm and palm.
      3. Turn your baby’s tummy toward your tummy. Your left hand is free to support your breast, if needed. Pillows can help support your arm and elbow.
      4. To protect your back, avoid leaning down to your baby. Instead, bring your baby to you.
      5. Reverse for the left breast.

      This hold is useful when:

      • Your baby needs help latching on
      • You and your baby are comfortable in this position
      Breastfeeding Holds

      Laid-Back Hold

      1. Lean back on a pillow with your baby’s tummy touching yours and their head at breast level. Some moms find that sitting up nearly straight works well. Others prefer to lean back and lie almost flat.
      2. You can place your baby’s cheek near your breast, or you may want to use one hand to hold your breast near your baby. It’s up to you and what you think feels best.
      3. Your baby will naturally find your nipple, latch, and begin to suckle.

      This hold is useful when:

      • Your baby is placed on your chest right after birth
      • You have a strong milk let-down
      • You have large breasts
      • You and your baby are comfortable in this position