သင်၏ eWIC ကဒ်ကို အသုံးပြုခြင်း
သင့်မိသားစု၏ WIC အကျိုးခံစားခွင့်များကို သင်၏ WIC အကောင့်ထဲသို့ ထည့်သွင်းပေးမည် ဖြစ်ပါသည်။ သင့် WIC ဆေးခန်းက သင့်ကိုပေးထားသည့် ရောင်းသူများစာရင်းတွင် ပါဝင်သော အရောင်းဆိုင်များ၌ သင်၏အကျိုးခံစားခွင့်များကို ဝယ်ယူရန် သင်၏ Indiana eWIC ကဒ်ကို အသုံးပြုရပါမည်။
eWIC ကဒ်သည် စျေးဝယ်ခြင်းကို ပိုမိုလွယ်ကူစေမည် ဖြစ်ပါသည်။
အောက်ပါအဆင့်များသည် WIC ငွေလွှဲပြောင်းမှု တစ်ခုကို ပြီးမြောက်အောင်လုပ်ဆောင်သည့် ယေဘုယျလုပ်ငန်းစဉ်ဖြစ်ပြီး ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းငယ်ကွဲပြားနိုင်ပါသည်။
ဆိုင်
သင်၏ eWIC ကဒ်၊ လက်ရှိအကျိုးခံစားခွင့်လက်ကျန်နှင့် Indiana eWIC အတည်ပြု စားသောက်ကုန်ကဒ်တို့ဖြင့် သင်လိုအပ်သည့် စားသောက်ကုန်များကို ရွေးပါ။
ငွေရှင်းခြင်း
စျေးဝယ်ပြီးသည့်အခါ WIC ကို လက်ခံသည့် ငွေရှင်းကောင်တာကို ရွေးချယ်ပါ။
အရောင်းဆိုင်အချို့တွင် အခြားဝယ်ယူမှုများနှင့် WIC ပစ္စည်းများကို ခွဲပြီးငွေရှင်းရန် လိုအပ်နိုင်ပါသည်။ ထိုသို့လုပ်ရန် လိုအပ်ခြင်းရှိမရှိ မေးကြည့်ပါ။
သင်က Indiana eWIC ကဒ်တစ်ကဒ်ကို အသုံးပြုနေကြောင်း ငွေကိုင်ကိုပြောပါ။
ပစ္စည်းများကို WIC က အတည်ပြုထားကြောင်းနှင့် ထိုနေ့တွင် ဝယ်ယူ၍ရနိုင်ကြောင်းကို အတည်ပြုရန် ငွေကိုင်က စကန်ဖတ်ပါသည်။
ပေးချေခြင်း
သင် သို့မဟုတ် ငွေကိုင်က eWIC ကဒ်ကို စက်တွင်ထည့်ဆွဲပါမည်။
သင်၏ ဂဏန်းလေးလုံးပါ PIN ကိုထည့်ပါ။
ငွေကိုင်က သင့်ကို ပြေစာ ပေးပါသည်။ သင်ထွက်ခွာချိန်တွင် ကဒ်နှင့် ပြေစာပါရှိပါစေ။
အရောင်းဆိုင်၏ WIC စက် အလုပ်မလုပ်ပါက ဘယ်လိုလုပ်ရမလဲ။
အရောင်းဆိုင်၏စက် အလုပ်မလုပ်ပါက သင်သည် WIC ကိုလက်ခံသော အခြားဆိုင်သို့ သွားနိုင်ပါသည်။
ကျွန်ုပ်၏ စားသောက်ကုန်ပစ္စည်းများ အနက် တစ်ခုကို လက်မခံပါက ဘယ်လိုလုပ်ရမလဲ။
ပစ္စည်းတစ်ခုကို သင်၏ WIC အကျိုးခံစားခွင့်များအရ အကျုံးဝင်မည်ဟု သင်မျှော်လင့်ထားသော်လည်း အကျုံးမဝင်ပါက အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည် –
- ထိုပစ္စည်းသည် ထုတ်ပြန်ထားသည့် သင်၏စားသောက်ကုန်များ စာရင်းတွင် မပါရှိခြင်း ဖြစ်နိုင်ပါသည်။
- ထိုပစ္စည်းအတွက် ထုတ်ပြန်ထားသည့် ပမာဏကို သင်အသုံးပြုပြီးသား ဖြစ်နေနိုင်ပါသည်။
- ထိုပစ္စည်းသည် Indiana WIC စားသောက်ကုန်ကဒ်တွင် အတည်မပြုထားသည့် စားသောက်ကုန် ဖြစ်နိုင်ပါသည်။
- ကုန်ပစ္စည်း၏ဘားကုဒ်ကို ပြောင်းလဲထားနိုင်ခြင်း သို့မဟုတ် ပရိုဂရမ်၏စနစ်က သိရှိအတည်မပြုနိုင်ခြင်း ဖြစ်နိုင်ပါသည်။
အဆိုပါပြဿနာတစ်ခုခုကို တွေ့ကြုံရပါက သင်၏ အကျိုးခံစားခွင့် လက်ကျန်အတွက် INWIC မိုဘိုင်းအက်ပ်ကို စစ်ကြည့်ကာ ပစ္စည်းသည် WIC အတည်ပြုထားခြင်း ရှိမရှိစစ်ဆေးရန် UPC ကို စကန်ဖတ်ပါ။
သင်၏ eWIC ကဒ်အကြောင်း
PIN ဆိုသည်မှာ ကိုယ်ပိုင်အထောက်အထားပြ နံပါတ်ဖြစ်ပါသည်။ ၎င်းသည် သင်၏ eWIC ကဒ်ကို အသုံးပြုနိုင်စေသည့် ဂဏန်းလေးလုံးပါရှိသော လျှို့ဝှက်ကုဒ် ဖြစ်ပါသည်။ သင်၏ eWIC ကဒ်ကို သက်ဝင်စေသည့် အချိန်တွင် သင်၏ PIN ကို ရွေးချယ်ရပါမည်။
PIN # တစ်ခု ရွေးချယ်ခြင်း
ကျွန်ုပ်၏ PIN ကို ဘယ်လိုရနိုင်မလဲ။
သင်၏ eWIC ကဒ်ကို ပထမဆုံးရရှိသည့်အခါ သင်၏ ဂဏန်းလေးလုံးပါ PIN ကို ရွေးချယ်ရပါမည်။ သင့်ကဒ်ကို သက်ဝင်စေရန်နှင့် PIN တစ်ခုကို ရွေးချယ်ရန် သုံးစွဲသူဝန်ဆောင်မှုဖြစ်သည့် 1-855-349-1454 ကို ဖုန်းခေါ်ဆိုပါ။ သင့်အနေဖြင့် eWIC ကဒ်နံပါတ် ဂဏန်း 16 လုံး၊ နေရာဇစ်ကုဒ်နှင့် တရားဝင်ခွင့်ပြုပေးထားသော ကိုယ်စားလှယ်၏ မွေးသက္ကရာဇ်ကို သိရန်လိုအပ်မည် ဖြစ်ပါသည်။
ကျွန်ုပ်၏ PIN ကိုဘယ်လိုရွေးချယ်ရမလဲ။
သင့်အတွက် မှတ်မိလွယ်ပြီးအခြားသူများ ခန့်မှန်းရမလွယ်နိုင်သည့် PIN ကိုရွေးချယ်ပါ။
၎င်းကို လုံခြုံအောင်ထားပါ
ကျွန်ုပ်၏ PIN ကို လုံခြုံစေရန် ဘယ်လိုထားရှိရမလဲ။
တစ်စုံတစ်ယောက်က သင်၏ PIN ကို သိနေလျှင် ၎င်းတို့က သင့်ကဒ်ကို အသုံးပြုကာ သင်၏အကျိုးခံစားခွင့်များကို ရယူနိုင်ပြီး ထိုအကျိုးခံစားခွင့်များကို အစားပြန်ရနိုင်မည်မဟုတ်ပါ။ PIN ကို ထည့်သွင်းသည့်အခါ သင်ထည့်သွင်းနေသည့် နံပါတ်ကို အခြားမည်သူမျှ မမြင်ပါစေနှင့်။ သင်၏ PIN ကို သင့် eWIC ကဒ်ပေါ်တွင် ရေးမထားပါနှင့်။ သင့်ပိုက်ဆံအိတ် သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် ရေးမှတ်မထားပါနှင့်။
ကျွန်ုပ်၏ PIN ကို မေ့နေလျှင် သို့မဟုတ် ပြန်လည်သတ်မှတ်ရန် လိုအပ်လျှင် ဘာလုပ်ရမလဲ။
သင်၏ PIN ကိုမေ့နေပါက PIN အသစ်ရွေးချယ်ရန် သင့် eWIC ကဒ်၏ နောက်ကျောဘက်ရှိ သုံးစွဲသူဝန်ဆောင်မှု ဖုန်းနံပါတ်သို့ ခေါ်ဆိုပါ။ သင့်အနေဖြင့် နေရာဇစ်ကုဒ်နှင့် တရားဝင်ခွင့်ပြုပေးထားသော ကိုယ်စားလှယ်၏ မွေးသက္ကရာဇ်ကို သိရန်လိုအပ်မည် ဖြစ်ပါသည်။
ကျွန်ုပ်၏ PIN ကို တစ်စုံတစ်ယောက် သိရှိသွားပါက ဘယ်လိုလုပ်ရမလဲ။
PIN ကို ပြောင်းပါ။
အမှားအယွင်း
အရောင်းဆိုင်တွင် PIN မှားထည့်မိလျှင် ဘာဖြစ်မလဲ။
PIN မှားထည့်မိပါက သင့်အနေဖြင့် မှန်ကန်စွာ ထည့်သွင်းရန် နောက်ထပ် အခွင့်အရေး သုံးကြိမ်ရှိဦးမည် ဖြစ်ပါသည်။ PIN ကို လေးကြိမ်မြောက် မှားထည့်လိုက်ပါက နောက်တစ်နေ့၏ အရှေ့ပိုင်းစံတော်ချိန် 12:01 AM ရောက်သည်အထိ ကဒ်ကိုလော့ခ်ချထားပါမည်။ သင်သည် ကဒ်ကိုလော့ခ်ဖြည်ကာ PIN ကိုပြန်သတ်မှတ်ရန် သုံးစွဲသူဝန်ဆောင်မှုဖြစ်သည့် 1-855-349-1454 ကို အချိန်မရွေး ဖုန်းခေါ်နိုင်ပါသည်။
အောက်ပါ အမှားအယွင်းမက်ဆေ့ဂျ်များက ဘာအဓိပ္ပာယ်လဲ။
- ကဒ်ကို ရှာမတွေ့ပါ- သင့်ဆေးခန်းကို ဆက်သွယ်ပါ
- PIN မှားယွင်းနေပါသည်- သင်သည် PIN အမှားကို ထည့်သွင်းမိခြင်း ဖြစ်နိုင်ပါသည်။ နံပါတ်အမှန်ကို သင်သိပါက နောက်တစ်ကြိမ်ကြိုးစားပါ
- အကျိုးခံစားခွင့်များ သက်တမ်းကုန်ဆုံးနေပါသည်- သင့်တွင် အကျိုးခံစားခွင့်များ မရှိတော့ပါ
သင်၏ eWIC ကဒ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
ကျွန်ုပ်၏ နေရပ်လိပ်စာ ပြောင်းရွှေ့လျှင် သို့မဟုတ် ပြောင်းလဲလျှင် ဘာဖြစ်မလဲ။
သင်၏ နေရပ်လိပ်စာ ပြောင်းရွှေ့လျှင် သို့မဟုတ် ပြောင်းလဲလျှင် မူလကဒ်ကိုင်ဆောင်သူ၏ ဇစ်ကုဒ်ကို ဖြည့်စွက်ပြင်ဆင်ရန် သင့်ဆေးခန်းကို ဆက်သွယ်ပါ။ သင့်အကောင့်တွင် ပြောင်းလဲမှုများပြုလုပ်သည့်အခါ အထောက်အထားပြခြင်းအဖြစ် ၎င်းကို အသုံးပြုမည် ဖြစ်ပါသည်။
ကျွန်ုပ်၏ eWIC ကဒ် ပျောက်ဆုံး/ပျက်စီးသွားလျှင် ဘာဖြစ်မလဲ။
သင်၏ eWIC ကဒ် ပျောက်ဆုံး သို့မဟုတ် ပျက်စီးပါက သုံးစွဲသူဝန်ဆောင်မှုဖြစ်သည့် 1-855-349-1454 ကို သို့မဟုတ် ဆေးခန်းသို့ ခေါ်ဆို၍ သင့်ကဒ်ကို ပယ်ဖျက်ခိုင်းပါ။ ထို့နောက် ကဒ်အသစ်ထုတ်ပေးရန် သင့်ဆေးခန်းသို့ ဆက်သွယ်ပါ။
ကျွန်ုပ်၏ eWIC ကဒ်ကို ဘယ်လိုထိန်းသိမ်းရမလဲ။
သင်၏ကဒ်ကို လုံခြုံစွာနှင့် သန့်ရှင်းစွာထားပါ။
နောက်ကျောဘက်မှ အနက်ရောင်အစင်းကြောင်းကို ခြစ်ရာမထင်ပါစေနှင့်။
အကျိုးခံစားခွင့်အားလုံးကို အသုံးပြုပြီးပါက မလွှင့်ပစ်ပါနှင့်။ တူညီသောကဒ်ကိုသာ လစဉ် အသုံးပြုရပါမည်။
၎င်းကို မကွေးပါနှင့်၊ မခေါက်ပါနှင့်၊ မလိမ်ပါနှင့်၊ အပေါက်မဖောက်ပါနှင့်၊ ပြတင်းပေါက်မှန်ကို ခြစ်ရန် သို့မဟုတ် တံခါးသော့ဖွင့်ရန် အသုံးမပြုပါနှင့်။
၎င်းကို သံလိုက်များအနီး သို့မဟုတ် မိုဘိုင်းလ်ဖုန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းများအနီးတွင် မထားပါနှင့်။
၎င်းကို နေရောင်အောက်တွင် သို့မဟုတ် ကားဒက်ရှ်ဘုတ်ကဲ့သို့သော ပူသည့်နေရာများတွင် မထားပါနှင့်။
သင့်အကျိုးခံစားခွင့်များကို စီမံခြင်း
သင့်အကျိုးခံစားခွင့်များကို သိထားပါ
အကောင့်တွင် WIC အကျိုးခံစားခွင့်များကို ဘယ်လိုရရှိနိုင်မလဲ။
သင် WIC ဆေးခန်းလာပြသည့် အချိန်အတွင်း သင့် WIC အကျိုးခံစားခွင့်များကို သင့် Indiana eWIC ကဒ်တွင် ရရှိပါသည်။ လက်ရှိအကျိုးခံစားခွင့်လနှင့် နောက်ပိုင်းအကျိုးခံစားခွင့်လများအတွက် သင့်အိမ်ထောင်စု၏ WIC အကျိုးခံစားခွင့်များစာရင်းကို လက်ခံရရှိမည်ဖြစ်ပါသည်။ ၎င်းတွင် အကျိုးခံစားခွင့်လများ စတင်သည့်နေ့စွဲနှင့် ကုန်ဆုံးသည့် နေ့စွဲများကို ပြထားပါသည်။
ကျွန်ုပ်၏ eWIC ကဒ်ကို ပြန်အသုံးပြုလို့ရနိုင်မလား။
ရနိုင်ပါသည်။ သင့် eWIC ကဒ်ကို သိမ်းထားပါ။ သင့်အား အကျိုးခံစားခွင့်များ ပေးသည့်အခါတိုင်း သင့်ကဒ်တွင် အကျိုးခံစားခွင့်များ ပြန်ရမည်။ သင့်ကဒ်ကို လွှင့်ပစ်လိုက်ပါက အသစ်ရယူရန် ဆေးခန်းသို့ ဆက်သွယ်ရမည် ဖြစ်ပါသည်။
ကျွန်ုပ်၏ WIC အကျိုးခံစားခွင့်များသည် သက်တမ်းကုန်ဆုံးနိုင်ပါသလား။
ကုန်ဆုံးနိုင်ပါသည်။ ထုတ်ပေးထားသည့် အချိန်အပိုင်းအခြား အတွင်း၌သာ WIC အကျိုးခံစားခွင့်များကို အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် စတင်သည့်ရက်စွဲမှာ 11/20 ဖြစ်၍ ကုန်ဆုံးသည့်ရက်စွဲမှာ 12/19 ဖြစ်ပါက အကျိုးခံစားခွင့်များကို ထိုရက်စွဲနှစ်ခုအတွင်း အသုံးပြုရပါမည်။ ဖြစ်နိုင်ပါက ဈေးဝယ်ရန်အတွက် သင်၏ အကျိုးခံစားခွင့်များကို အသုံးပြုရန် နောက်ဆုံးနေ့အထိ စောင့်မနေခြင်းက အကောင်းဆုံးဖြစ်ပါသည်။ အသုံးမပြုရသေးသည့် မည်သည့်အကျိုးခံစားခွင့်မဆို နောက်ဆုံးရက်၏ အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
စျေးဝယ်ခြင်း
အရောင်းဆိုင်သို့ မသွားမီ သင့်လက်ကျန်ကို သိအောင်လုပ်ထားပါ
စျေးဝယ်နေစဉ် WIC မဟုတ်သည့်ပစ္စည်းများကို ဝယ်ယူလိုပါက ဘယ်လိုဖြစ်မလဲ။
အရောင်းဆိုင်များအလိုက် လုပ်ငန်းစဉ်များ ကွဲပြားနိုင်သော်လည်း အများအားဖြင့် WIC အကျိုးခံစားခွင့်အရ အကျုံးဝင်သည့် စားသောက်ကုန်များအတွက် ပေးချေရန် သင်၏ eWIC ကဒ်ကို သင် ဦးစွာ အသုံးပြုလိုပါမည်။ ယင်းနောက် အခြားပစ္စည်းများအတွက် ပေးချေရန် SNAP အကျိုးခံစားခွင့်များ၊ လက်ဆောင်ကဒ်များ၊ ကြိုတင်ငွေဖြည့်ကဒ်များ၊ ငွေသား သို့မဟုတ် ချက်လက်မှတ်များကဲ့သို့ အခြားပေးချေမှုပုံစံများကို သင် အသုံးပြုနိုင်ပါသည်။
WIC အကျိုးခံစားခွင့်များအားလုံးကို တစ်ပြိုင်နက် ယူရမှာလား။
မဟုတ်ပါ။ အကျိုးခံစားခွင့်များ ရနိုင်သေးသရွေ့ WIC အကျိုးခံစားခွင့်များကို လိုအပ်သလို ယူနိုင်ပါသည်။
အခြားသူတစ်ဦးဦးကို ကျွန်ုပ်အတွက် WIC စျေးဝယ်ခြင်း လုပ်ဆောင်စေလိုပါက ဘာလုပ်ရမလဲ။
သင်၏ WIC အကျိုးခံစားခွင့်အားလုံးကို ထုတ်ယူသွားနိုင်သည့်အတွက် တစ်စုံတစ်ယောက်အား သင်၏ကဒ်နှင့် PIN ကိုပေးလျှင် သတိထားပါ။ ထိုအကျိုးခံစားခွင့်များကို ပြန်လည်အစားထိုးပေးမည်မဟုတ်ပါ။ ကိုယ်စားလှယ်အဖြစ် သင်ရွေးချယ်ထားသော သူများကိုသာ သင့်ကဒ်နှင့် PIN ကိုပေးပါ။
မေးခွန်းများ
စားသုံးသူဝန်ဆောင်မှုနှင့် ပတ်သက်သည့် မေးခွန်းများ
ဝဘ်ဆိုက်ဖြင့် ဆက်သွယ်မှု
ကဒ်ကိုင်ဆောင်သူဝဘ်ဆိုက်ဆိုတာ ဘာလဲ။
ကဒ်ကိုင်ဆောင်သူဝဘ်ဆိုက်သည် မူလကဒ်ကိုင်ဆောင်သူက WIC အကောင့်နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်နှင့် ငွေလွှဲပြောင်းမှုဆိုင်ရာ အချက်အလက်များကို ကြည့်ရှုရန်အတွက် ဖြစ်ပါသည်။ သင့်အကျိုးခံစားခွင့်များနှင့် WIC ပရိုဂရမ်အကြောင်း ဝင်ရောက်ကြည့်ရှုခွင့် အချက်အလက်တို့အပြင် သင့် eWIC ကဒ်ကို အသုံးပြုခြင်းအကြောင်း အီးမေးလ် သို့မဟုတ် စာသား အသိပေးချက်များ ရယူရန်အတွက်လည်း စာရင်းသွင်းနိုင်မည် ဖြစ်ပါသည်။
ကဒ်ကိုင်ဆောင်သူဝဘ်ဆိုက်-
ကဒ်ကိုင်ဆောင်သူများအပိုင်းရှိ ဆွဲချမီနူးတွင် Indiana WIC ကို ရွေးချယ်ပါ။
ဖုန်းဖြင့် ဆက်သွယ်မှု
စားသုံးသူဝန်ဆောင်မှု တယ်လီဖုန်းနံပါတ်က ဘာလဲ။
ထိုနံပါတ်သည် သင်၏ Indiana eWIC ကဒ်နောက်ကျောတွင်လည်း ပါရှိပါသည်။
ထိုနံပါတ်ကို တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက်စလုံး အခမဲ့ ခေါ်ဆိုနိုင်ပါသည်။
စားသုံးသူဝန်ဆောင်မှုသို့ ခေါ်ဆိုရမည့် ဥပမာများမှာ-
- သင်၏ eWIC ကဒ်ပျောက်ဆုံး သို့မဟုတ် ခိုးယူခံရပါက။
- သင်၏ eWIC ကဒ်ပျက်စီးသွားပါက သို့မဟုတ် အလုပ်မလုပ်ပါက။
- တစ်စုံတစ်ဦးက သင်၏ eWIC ကဒ်ကို သင့်ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေပါက။
- သင့် WIC အကျိုးခံစားခွင့်လက်ကျန်ကို သိရှိရန်လိုအပ်ပြီး ဆေးခန်းမှစာရင်း သို့မဟုတ် နောက်ဆုံးဝယ်ယူခဲ့သည့် အရောင်းဆိုင်ငွေလက်ခံပြေစာမရှိပါက။
- သင်၏ PIN နံပါတ်ကို မေ့သွားပါက သို့မဟုတ် PIN နံပါတ်အသစ် ပြန်လည်သတ်မှတ်လိုပါက။
- သင်၏ eWIC ကဒ်နှင့်ပတ်သက်၍ မေးစရာများရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက။
သုံးစွဲသူဝန်ဆောင်မှု သို့မဟုတ် ကဒ်ကိုင်ဆောင်သူဝဘ်ဆိုက်ကို ခေါ်ဆိုသည့်အခါ ကျွန်ုပ်၏ WIC အကောင့်အချက်အလက်များကို ကြည့်ရှုနိုင်ရန် ဘယ်အချက်လက်တွေ လိုအပ်မလဲ။
- အမည်
- မွေးသက္ကရာဇ်
- တရားဝင်ခွင့်ပြုထားသော ကိုယ်စားလှယ်၏ နေရာဇစ်ကုဒ်
သင့်တွင် အောက်ပါတို့နှင့်ပတ်သက်၍ မေးမြန်းစရာများရှိပါက သင့် WIC ဆေးခန်းကို ဆက်သွယ်ပါ -
- လက်ရှိ စားသောက်ကုန်အကျိုးခံစားခွင့်များ
- ကလေးနို့မှုန့် အကျိုးခံစားခွင့်များ
- အကျိုးခံစားခွင့်များကို ပြောင်းလဲခြင်း
- သင်၏ eWIC ကဒ်ကို အစားထိုးခြင်း
ကျွန်ုပ်၏ INWIC အက်ပ်နှင့်ပတ်သက်သည့် အခြားမေးမြန်းစရာများ ရှိပါက ဘာလုပ်လို့ရနိုင်မလဲ။
Read the “App Reference Guide”:
ဤအဖွဲ့အစည်းသည် တန်းတူညီမျှအခွင့်အရေးပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။