ဖက်ဒရယ် နိုင်ငံသားအခွင့်အရေးဥပဒေနှင့် U.S. Department of Agriculture (USDA, အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာန) ၏ နိုင်ငံသားအခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများအရ ဤအဖွဲ့အစည်းသည် လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံသား၊ လိင် (လိင်သတ်မှတ်ချက်နှင့် လိင်စိတ်တိမ်းညွှန်မှု အပါအဝင်)၊ မသန်မစွမ်းဖြစ်မှု၊ အသက်အရွယ်တို့အပေါ်မူတည်၍ ခွဲခြားဆက်ဆံခြင်း၊ ယခင် နိုင်ငံသားအခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် လက်တုံ့ပြန်ခြင်း သို့မဟုတ် လက်စားချေခြင်းတို့ကို မလုပ်ဆောင်ရန် တားမြစ်ထားသည်။
အစီအစဉ်အကြောင်း အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့်သာမက အခြားဘာသာများဖြင့်ပါ ရရှိခြင်း ရှိနိုင်ပါသည်။ အစီအစဉ်အကြောင်း အချက်အလက်များ ရရှိရန် အခြားနည်းလမ်းများဖြင့် (ဥပမာ – မျက်မမြင်စာ၊ စာလုံးအကြီးဖြင့် ပရင့်ထုတ်ပေးခြင်း၊ အသံသွင်းထားသောတိပ်ခွေ၊ အမေရိကန်သုံး လက်ဟန်ခြေဟန် ဘာသာစကား စသည်ဖြင့်) ဆက်သွယ်ပြောဆိုမှုကို လိုအပ်သည့် မသန်စွမ်းသူများသည် အစီအစဉ်ကို စီမံကြီးကြပ်ရန် တာဝန်ရှိသော ပြည်နယ် သို့မဟုတ် ဒေသတွင်း အေဂျင်စီကိုဖြစ်စေ၊ USDA ၏ Technology and Accessible Resources Give Employment Today (TARGET, ယနေ့ အလုပ်အကိုင်ရရှိရေး နည်းပညာနှင့် အရင်းအမြစ်များ) စင်တာကို (202) 720-2600 (အသံနှင့် TTY) တွင်ဖြစ်စေ၊ Federal Relay Service (ဆွံ့အ နားမကြားသူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု) မှတစ်ဆင့် USDA ကို (800) 877-8339 တွင်ဖြစ်စေ ဆက်သွယ်သင့်ပါသည်။