WIC လျှောက်ထားခွင့် သတ်မှတ်ချက်ပြည့်မီခြင်း

  • Home
  • Eligibility Card
0:00 / 4:50

WIC ဆိုသည်မှာအဘယ်နည်း။

အမျိုးသမီးများ၊ မွေးကင်းစကလေးငယ်များနှင့် ကလေးများ (WIC) သည် သတ်မှတ်ချက်ပြည့်မီသော အင်ဒီယားနားပြည်နယ်နေ မိသားစုများအား အာဟာရစားသုံးမှုနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှု၊ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များနှင့် အခြားသောဝန်ဆောင်မှုများအတွက် အခမဲ့လွှဲပြောင်းပေးမှုများ ဆောင်ရွက်ပေးအပ်သော အာဟာရထောက်ပံ့မှုအစီအစဉ်တစ်ရပ် ဖြစ်ပါသည်။

မည်သူတို့က သတ်မှတ်ချက်ပြည့်မီသနည်း။

သင်က အင်ဒီယားနားပြည်နယ်တွင် နေထိုင်ပြီး အောက်တွင် သို့မဟုတ် wic.in.gov တွင် ဖော်ပြထားသော ဝင်ငွေဆိုင်ရာ လမ်းညွှန်ချက်များနှင့် ပြည့်မီရပါမည်။

0:00 / 00:10

WIC က မည်သည်တို့ကို ပံ့ပိုးပေးသနည်း။

WIC က မည်သို့အလုပ်လုပ်သနည်း။

စာရင်းသွင်းရန်နှင့် အကျိုးခံစားခွင့်များ ရယူရန်အတွက် အခမဲ့လာရောက်ပေးရန် သင့်လူမှုအသိုင်းအဝိုင်းရှိ WIC ဆေးခန်းသို့ ဆက်သွယ်ပါ။ ဆေးခန်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို wic.in.gov အောက်ရှိ WIC ဆေးခန်းတည်နေရာများစာရင်း တွင် တွေ့ရှိနိုင်ပါသည်။ စာရင်းသွင်းချိန်တွင် သင့်မိသားစုသည် WIC က ပံ့ပိုးသော အကူအညီဖြစ်ဖွယ် ဝန်ဆောင်မှုအားလုံးအတွက် အကျုံးဝင်ပါမည်။

Indiana WIC က ခွင့်ပြုထားသော စတိုးဆိုင်များတွင် အောက်ပါတို့ဝယ်ယူရန် WIC အကျိုးခံစားခွင့်များကို သုံးနိုင်ပါသည်-

INWIC အက်ပ်ကို အဘယ်ကြောင့်သုံးရမည်နည်း။

INWIC အက်ပ်သည် သင့်အကျိုးခံစားခွင့်များကို စီမံရာတွင် ပိုမိုလွယ်ကူစေပါသည်။

0:00 / 0:11

ဝင်ငွေ သတ်မှတ်ချက်ပြည့်မီခြင်း

Medicaid၊ Supplemental Nutrition Assistance Program (SNAP, ဖြည့်စွက်အာဟာရ အထောက်အကူ ပရိုဂရမ်) သို့မဟုတ် Temporary Assistance for Needy Families (TANF, ချို့တဲ့သော မိသားစုများအတွက် ယာယီအထောက်အကူ) ရရှိနေသော မိသားစုများသည် WIC အစီအစဉ်အတွက် ဝင်ငွေသတ်မှတ်ချက် ပြည့်မီပြီးဖြစ်ပါသည်။

အိမ်ထောင်စု* အရွယ်အစား နှစ်စဉ်ဝင်ငွေ
$
(နုတ်ယူခြင်းမပြုမီ စုစုပေါင်း) အထိ
လစဉ်ဝင်ငွေ
$
(နုတ်ယူခြင်းမပြုမီ စုစုပေါင်း) အထိ
အပတ်စဉ်ဝင်ငွ
$
(နုတ်ယူခြင်းမပြုမီ စုစုပေါင်း) အထိ
1 $28,953 $2,413 $557
2 $39,128 $3,261 $753
3 $49,303 $4,109 $949
4 $59,478 $4,957 $1,144
5 $69,653 $5,805 $1,340
6 $79,828 $6,653 $1,536
7 $90,003 $7,501 $1,731
8 $100,178 $8,349 $1,927

သင်သည် ကိုယ်ဝန်ဆောင်ဖြစ်ပါက သင့်ကိုယ်သင် လူနှစ် (2) ဦးအဖြစ် ရေတွက်နိုင်ပါသည်။

အိမ်ထောင်စုဝင် 8 ဦးအထက်ရှိသော အိမ်ထောင်စုများအတွက် ထပ်ဆောင်းအိမ်ထောင်စုဝင် တစ်ဦးလျှင် နှစ်စဉ်ဝင်ငွေ $10,175 ထပ်ပေါင်းပါ။

*အိမ်ထောင်စုဆိုသည်မှာ (ဆွေမျိုးတော်စပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) စီးပွားရေးယူနစ်တစ်ခုအဖြစ် နေထိုင်လျက်ရှိကြသော လူတစ်စုကို ဆိုလိုပါသည်။

နောက်ထပ်အချက်အလက်များအတွက် သို့မဟုတ် သင်၏ အနီးအနားတွင်ရှိသော ဆေးခန်းကို ရှာဖွေရန် inwic@health.in.gov ကို အီးမေးလ်ပို့ပါ၊ 800-522-0874 ကို ဖုန်းခေါ်ပါ သို့မဟုတ် wic.in.gov ရှိ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ။