သင့်မိသားစု၏ WIC ကတ်အကျိုးခံစားခွင့်များကို သင်၏ WIC အကောင့်သို့ ထည့်သွင်းပေးမည်ဖြစ်သည်။ သင့် WIC ဆေးခန်းမှ သင့်အားပေးထားသည့် ရောင်းသူများစာရင်းတွင် ပါဝင်သည့် အရောင်းဆိုင်များတွင် သင်၏အကျိုးခံစားခွင့်များကို ဝယ်ယူရန် သင်၏ Indiana eWIC ကတ်ကို အသုံးပြုရမည်။
eWIC ကတ်သည် စျေးဝယ်ခြင်းကို ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
သင်၏ eWIC ကဒ် ၊ လက်ရှိခံစားခွင့်ငွေလက်ကျန်နှင့် Indiana eWIC အတည်ပြုစားသောက်ကုန်ကတ်တို့ဖြင့် သင်လိုအပ်သည့် စားသောက်ကုန်များကို ရွေးပါ။
စျေးဝယ်ပြီးသည့်အခါ WIC ကို လက်ခံသည့် ငွေရှင်းကောင်တာကို ရွေးချယ်ပါ။
အရောင်းဆိုင်အချို့တွင် အခြားဝယ်ယူမှုများနှင့် WIC ပစ္စည်းများကို ခွဲရှင်းရန် လိုအပ်နိုင်သည်။ ထိုသို့ပြုလုပ်ရန် လိုအပ်သလား မေးကြည့်ပါ။
သင် Indiana eWIC ကတ်သုံးနေကြောင်း ငွေကိုင်ကို ပြောပြပါ။
ပစ္စည်းများသည် WIC အတည်ပြုထားကာ ထိုနေ့တွင် ဝယ်ယူ၍ရနိုင်ကြောင်း အတည်ပြုရန် ငွေကိုင်ဝန်ထမ်းက စကန်ဖတ်ပါလိမ့်မည်။
သင် သို့မဟုတ် ငွေကိုင်က eWIC ကတ်ကို စက်တွင်ထည့်ဆွဲပါမည်။
သင်၏ ဂဏန်းလေးလုံး PIN နံပါတ် ကိုထည့်သွင်းပါ။
ငွေကိုင်က သင့်ကို ပြေစာ ပေးပါမည်။ သင် ထွက်ခွာချိန်တွင် ကတ်နှင့် ပြေစာပါဝင်ကြောင်း သေချာအောင်လုပ်ပါ။
ကျွန်ုပ်၏ PIN ကို ဘယ်လိုရနိုင်မလဲ။
သင်၏ eWIC ကတ်ကို ပထမဆုံးရရှိသည့်အခါ သင်၏ ဂဏန်းလေးလုံးပါ PIN ကို ရွေးချယ်ရမည်။ သင့်ကတ်ကို အသက်သွင်းကာ PIN တစ်ခုကို ရွေးချယ်ရန် သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့ ဖုန်းခေါ်ဆိုပါ။ သင့်အနေဖြင့် eWIC ကတ်နံပါတ် ဂဏန်း 16 လုံး၊ နေရာဇစ်ကုဒ်နှင့် တရားဝင်ခွင့်ပြုပေးထားသော ကိုယ်စားလှယ်၏ မွေးသက္ကရာဇ်ကို သိရန်လိုအပ်မည် ဖြစ်သည်။
ကျွန်ုပ်၏ PIN ကိုဘယ်လိုရွေးချယ်ရမလဲ။
သင့်အတွက် မှတ်မိလွယ်သော်လည်း အခြားသူများ ခန့်မှန်း၍ မလွယ်နိုင်သည့် PIN ကိုရွေးချယ်ပါ။
ကျွန်ုပ်၏ PIN ကို လုံခြုံစေရန် ဘယ်လိုထားရှိရမလဲ။
တစ်စုံတစ်ယောက်က သင်၏ PIN ကို သိနေပါက ၎င်းတို့က သင့်ကတ်ကို အသုံးပြုကာ သင်၏ခံစားခွင့်များကို ရယူနေနိုင်ပြီး ထိုခံစားခွင့်များကို အစားပြန်ရနိုင်မည်မဟုတ်ပါ။ PIN ကို ထည့်သွင်းသည့်အခါ၊ သင်ထည့်သွင်းနေသည့် နံပါတ်ကို အခြားမည်သူမှ မမြင်ပါစေနှင့်။ သင်၏ PIN ကို သင့် eWIC ကတ်ပေါ်တွင် ရေးမထားပါနှင့်၊ သင့်ပိုက်ဆံအိတ် သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် ရေးမှတ်မထားပါနှင့်။
ကျွန်ုပ်၏ PIN ကို မေ့နေလျှင် ဘာလုပ်ရမလဲ သို့မဟုတ် ၎င်းကို ပြန်လည်သတ်မှတ်ရန် လိုသလား။
သင်၏ PIN ကိုမေ့နေပါက PIN အသစ်ရွေးချယ်ရန် သင့် eWIC ကတ်၏နောက်ကျောဘက်ရှိ သုံးစွဲသူဝန်ဆောင်မှုဖုန်းနံပါတ်သို့ ခေါ်ဆိုပါ။ သင့်အနေဖြင့် နေရာဇစ်ကုဒ်နှင့် တရားဝင်ခွင့်ပြုပေးထားသော ကိုယ်စားလှယ်၏ မွေးသက္ကရာဇ်ကို သိရန်လိုအပ်မည် ဖြစ်သည်။
ကျွန်ုပ်၏ PIN ကို တစ်စုံတစ်ယောက် သိရှိသွားပါက ဘယ်လိုလုပ်မလဲ။
PIN ကို ပြောင်းပါ။
အရောင်းဆိုင်တွင် PIN မှားထည့်မိလျှင် ဘာဖြစ်မလဲ။
PIN မှားထည့်မိပါက သင့်အနေဖြင့် မှန်ကန်စွာ ထည့်သွင်းရန် အခွင့်အရေး သုံးကြိမ်ရှိဦးမည် ဖြစ်သည်။ PIN ကို လေးကြိမ်မြောက် မှားထည့်ပြီးနောက်၊ နောက်တစ်နေ့ အရှေ့တိုင်းစံချိန် 12:01 AM ရောက်သည်အထိ ကတ်က လော့ခ်ကျသွားပါမည်။ သင်သည် ကတ်ကိုလော့ခ်ဖြည်ကာ PIN ကိုပြန်သတ်မှတ်ရန် သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့ အချိန်မရွေး ဖုန်းခေါ်နိုင်ပါသည်။
အောက်ပါ အမှားအယွင်းမက်ဆေ့များက ဘာအဓိပ္ပာယ်တွေလဲ။
ကျွန်ုပ်၏ လိပ်စာ ပြောင်းရွှေ့လျှင် သို့မဟုတ် ပြောင်းလဲလျှင် ဘာဖြစ်မလဲ။
မူလကတ်ကိုင်ဆောင်သူ၏ ဇစ်ကုဒ်ကို ဖြည့်စွက်ပြင်ဆင်ရန် သင်၏ လိပ်စာ ပြောင်းရွှေ့လျှင် သို့မဟုတ် ပြောင်းလဲလျှင် သင့်ဆေးခန်းကို ဆက်သွယ်ပါ။ သင့်အကောင့်တွင် ပြောင်းလဲမှုများပြုလုပ်သည့်အခါ အထောက်အထားပြခြင်း အဖြစ် ၎င်းကို အသုံးပြုမည်ဖြစ်သည်။
ကျွန်ုပ်၏ eWIC ကတ် ပျောက်ဆုံး/ပျက်စီးသွားလျှင် ဘာဖြစ်မလဲ။
သင်၏ eWIC ကတ် ပျောက်ဆုံး သို့မဟုတ် ပျက်စီးပါက သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့မဟုတ် ဆေးခန်းသို့ ခေါ်ဆို၍ သင့်ကတ်ကို ပယ်ဖျက်ခိုင်းပါ။ ထို့နောက် ကတ်အသစ်ထုတ်ရန် သင့်ဆေးခန်းသို့ သွားပါ။
ကျွန်ုပ်၏ eWIC ကတ်ကို ဘယ်လိုထိန်းသိမ်းရမလဲ။
သင်၏ကတ်ကို လုံခြုံစွာနှင့် သန့်ရှင်းစွာထားပါ။
နောက်ကျောဘက်မှ အနက်ရောင်အစင်းကြောင်းတွင် ခြစ်ရာမထင်ပါစေနှင့်။
အကျိုးခံစားခွင့်အားလုံးကို အသုံးပြုပြီးပါက မလွှင့်ပစ်ပါနှင့်။ လစဉ် တူညီသောကတ်ကိုသာ အသုံးပြုရမည်။
၎င်းကို မကွေးပါနှင့်၊ မခေါက်ပါနှင့်၊ မလိမ်ပါနှင့်၊ အပေါက်မဖောက်ပါနှင့်၊ ပြတင်းပေါက်မှန်တွင် ရေခဲများကို ခြစ်ချရန် သို့မဟုတ် တံခါးသော့ဖွင့်ရန် ၎င်းကိုအသုံးမပြုပါနှင့်။
၎င်းကို သံလိုက်များအနီး သို့မဟုတ် မိုဘိုင်းဖုန်းကဲ့သို့သော လျှပ်စစ်ပစ္စည်းများအနီးတွင် မထားပါနှင့်။
၎င်းကို နေရောင်အောက်တွင် သို့မဟုတ် သင့် ကားဒက်ရှ်ဘုတ်ကဲ့သို့သော ပူသည့်နေရာများတွင်မထားပါနှင့်။
နောက်ဆုံးဆိုင်မှ လက်ခံပြေစာကို စစ်ဆေးခြင်း၊ သုံးစွဲသူဝန်ဆောင်မှုထံ 1-855-349-1454 သို့ ဖုန်းခေါ်ဆိုခြင်း၊ ကတ်ကိုင်ဆောင်သူဝဘ်ဆိုက် www.WICConnect.com သို့ ဝင်ရောက်ကြည့်ရှုခြင်းနှင့် ကတ်ကိုင်ဆောင်သူအပိုင်းရှိ ဆွဲချမီနျူးထံမှ Indiana WIC ကို ရွေးချခြင်း၊ နှင့် INWIC မိုဘိုင်းအက်ပ်တွင် အကျိုးခံစားခွင့်များ စာမျက်နှာကို စစ်ဆေးခြင်းဖြင့် ခံစားခွင့်လက်ကျန်ကို သိရှိနိုင်သည်။
Read the “App Reference Guide”:
Side-Lying Hold
This hold is useful when:
Cross-Cradle Hold
This hold is useful when:
Clutch or “Football” Hold
This hold is useful when:
Cradle Hold
This hold is useful when:
Laid-Back Hold
This hold is useful when: