1½ နှစ်မှ 2 နှစ်

သားက နေ့စဉ် ကြီးထွားလာပြီး သင်ယူလေ့လာနေပါတယ်။

ကောင်းကောင်း စားတတ်သူတစ်ဦး ဖြစ်လာဖို့နဲ့ အစားအစာအသစ်တွေ မြည်းစမ်းကြည့်ဖို့ မေမေ့အကူအညီ လိုအပ်ပါတယ်။

ကျွေးမွေးရမည့်အရာ

ကျွေးမွေးရန်နည်းလမ်း

ကျွေးရမည့်အချိန်

နေရာ

ဒါကတော့ သားရဲ့ ပန်းကန်ပေါ်မှာ ရှိနေနိုင်တဲ့ ထမင်းနဲ့ မုန့်အရွယ်အစားရဲ့ ဥပမာအချို့ ဖြစ်ပါတယ်။

နံနက်စာ

တုံးထားသော စတော်ဘယ်ရီသီးများ ¼
ခွက်စာ မိခင်နို့ သို့မဟုတ် မလိုင်ပြည့်နို့ ½ ခွက်စာ
child-1.5-2-breakfast
လှီးဖြတ်ထားသည့် ဂျုံကြမ်းပေါင်မုန့်မီးကင် ½
ချပ်၊ ပြုတ်ကာ လှီးထားသော ကြက်ဥ ½ လုံး

နေ့လယ်စာ

အလယ်အလတ်၊ လှီးထားသော ငှက်ပျောသီး ½
လုံး ချက်ပြုတ်လှီးဖြတ်ထားသော အစိမ်းရောင်ပဲများ ¼
child-1.5-2-lunch
ခွက် ¼ ခွက်စာ ဂျုံကြမ်း အခေါင်းပွခေါက်ဆွဲနှင့် ဒိန်ခဲ
ရေ ½ ခွက်

မုန့်များ

snack
1/2 ခွက်စာ လှီးဖြတ်ထားသော
မက်မွန်သီးများ၊
ဒိန်ခဲနှင့်အတူ ဂျုံကြမ်း မုန့်ကြွပ် 2 ခုမှ 3 ခု၊
1/4 ခွက်စာ ချက်ပြုတ်လှီးဖြတ်ထားသော မုန့်လာဥနီများ၊
အစာစားချိန်များနှင့် မုန့်စားချိန်များကြားတွင် ရေ

ညစာ

1/4 ခွက်စာ ပန်းသီးဆော့၊
1/2 ခွက်စာ ချက်ပြုတ်ပိုင်းဖြတ်ထားသော ပန်းပွင့်စိမ်း
child-1.5-2-dinner
အလယ်အလတ်အရွယ် လှီးဖြတ်ထားသော ပြောင်းဖူး ချပါတီ
1 ပွဲ၊ 1/4 ခွက်စာ ပြုတ်ဖျော်ထားသော ပင်တိုပဲ့တောင့်များ၊
1/2 ခွက်စာ မိခင်နို့ သို့မဟုတ် မလိုင်ပြည့်နို့

နေ့စဉ် အကြံပြုထားသည့် အစားအစာ အုပ်စု ပမာဏများ

သစ်သီးများ

တစ်နေ့လျှင် ½ – 1 ခွက်

ချက်ပြုတ်ထားသော သို့မဟုတ် နူးညံ့သော၊ သစ်သီးအစိမ်း။

ပြုတ်ထားသော၊ အချပ်လိုက်လှီးထားသော သို့မဟုတ် လှီးဖြတ်ထားသော။

အစုံအလင်ကျွေးပါ- အနီ၊ အဝါ၊ လိမ္မော်၊ အပြာနှင့် အစိမ်းရောင် အသီးများ။

ဟင်းသီးဟင်းရွက်များ

တစ်နေ့လျှင် 2/3 – 1 ခွက်

ချက်ထားသောနှင့် ပြုတ်ဖြောထားသော၊ အချပ်လိုက်လှီးထားသော သို့မဟုတ် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များ။

အစုံအလင်ကျွေးပါ- အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်နှင့် ခရမ်းရောင်အသီးအရွက်များ။

အစေ့အဆန်များ

တစ်နေ့လျှင် 1 ¾ – 3 အောင်စ (49.61 – 85.04 g)

တစ်ခါစား အရွယ်အစားများ။

ဂျုံကြမ်းပေါင်မုန့်၊ မက္ကဆီကို ချပါတီ၊ ဆန် သို့မဟုတ် ခေါက်ဆွဲ။

အခြောက် သို့မဟုတ် ချက်ပြုတ်ထားသော စီရီရယ်။

အစေ့အဆန်များ

တစ်နေ့လျှင် 1 ¾ – 3 အောင်စ (49.61 – 85.04 g)

တစ်ခါစား အရွယ်အစားများ။

ဂျုံကြမ်းပေါင်မုန့်၊ မက္ကဆီကို ချပါတီ၊ ဆန် သို့မဟုတ် ခေါက်ဆွဲ။

အခြောက် သို့မဟုတ် ချက်ပြုတ်ထားသော စီရီရယ်။

ပရိုတင်းများ

တစ်နေ့လျှင် 2 အောင်စ (56.69 g)

ချက်ပြုတ်ထားသော၊ လှီးဖြတ်ထားသော အသား၊ ကြက်ဘဲ သို့မဟုတ် ငါး။

ဥများ။

ချက်ပြုတ်ထားသော ပဲတောင့်များ၊ ပဲစေ့များ သို့မဟုတ် တို့ဟူး။

မြေပဲထောပတ်။

ပရိုတင်းများ

တစ်နေ့လျှင် 2 အောင်စ (56.69 g)

ချက်ပြုတ်ထားသော၊ လှီးဖြတ်ထားသော အသား၊ ကြက်ဘဲ သို့မဟုတ် ငါး။

ဥများ။

ချက်ပြုတ်ထားသော ပဲတောင့်များ၊ ပဲစေ့များ သို့မဟုတ် တို့ဟူး။

မြေပဲထောပတ်။

နို့ထွက်ပစ္စည်း

တစ်နေ့လျှင် 1 2/3 – 2 ခွက်

မိခင်နို့ (ကိုယ်တိုင်စို့ သို့မဟုတ် ညှစ်ထားသော) သို့မဟုတ် မလိုင်ပြည့်နို့။

ဒိန်ချဉ်။

ဒိန်ခဲ။

နို့ထွက်ပစ္စည်း

တစ်နေ့လျှင် 1 2/3 – 2 ခွက်

မိခင်နို့ (ကိုယ်တိုင်စို့ သို့မဟုတ် ညှစ်ထားသော) သို့မဟုတ် မလိုင်ပြည့်နို့။

ဒိန်ချဉ်။

ဒိန်ခဲ။

သား ဘာလုပ်နိုင်လဲ ကြည့်လိုက်ပါ။

သားကို ဘေးကင်း ကျန်းမာစွာထားပါ။

သားက ပြေးခြင်း၊ ခုန်ခြင်းနဲ့ တွယ်တက်ခြင်းကို သဘောကျပါတယ်။ သား မနာကျင်စေဖို့ သား ဆော့ကစားတဲ့အခါ စောင့်ကြည့်နေပေးပါ။

သားက စူးစမ်းလေ့လာရခြင်းကို နှစ်သက်ပါတယ်။ အထဲမှာရှိတာတွေကိုကြည့်ဖို့ တံခါးပေါက်တွေနဲ့ အံဆွဲတွေကို ဆွဲဖွင့်ပါတယ်။ သားကို သင်ယူခွင့်ပြုပါ၊ သို့သော် ဘေးကင်းစွာထားပါ။

ကျေးဇူးပြုပြီး အခွံမာသီး အလုံးလိုက်၊ စပျစ်သီးအလုံးလိုက်၊ အစေ့များ၊ ဟော့ဒေါ့များ ဒါမှမဟုတ် သကြားလုံးအမာတွေလိုမျိုး သား ဆို့နင်သွားနိုင်တဲ့ အစားအစာတွေ သားကို မကျွေးပါနဲ့။

သား ကျန်းမာနေစေဖို့ ဆေးစစ်တာတွေနဲ့ ဆေးထိုးတာတွေ လိုအပ်ပါတယ်။ သား ကျန်းမာနေစေဖို့ 18 လနဲ့ 2 နှစ်တွင် ဆရာဝန်ထံ ပြသရပါမယ်။ သား ဆေးထိုးရမယ့်အချိန်တွေကို သိရှိနိုင်ဖို့ www.cdc.gov/vaccines/schedules ကို ဝင်ကြည့်ပါ။

သားကို သွားဆရာဝန်နဲ့ မပြသရသေးရင် သားရဲ့ ပထမဆုံး ရက်ချိန်းကို စီစဉ်ပေးပါ။ သားရဲ့ သွားတွေကို တစ်နေ့ နှစ်ကြိမ် ပွတ်တိုက်သင့်ပါတယ်။ သားရဲ့ သွားဆရာဝန်အား သားရဲ့ သွားတွေကို ကျန်းမာအောင်ထားနည်းကို မေးမြန်းပါ။

သားနဲ့အတူ ကစားပြီး သား လန်းဆန်းတက်ကြွအောင် ကူညီပေးပါ။ စခရင်ကြည့်ချိန် ရှိမယ်ဆိုရင် ကန့်သတ်ထားပေးပြီး သားနဲ့အတူ ကြည့်ပေးပါ။

သားတို့ မိသားစု ကျန်းမာဘေးကင်းနေစေဖို့ ဆေးရွက်ကြီး ဒါမှမဟုတ် နီကိုတင်း ထုတ်ကုန်များ၊ အရက်၊ ဆေးခြောက်နဲ့ အခြား တရားမဝင် မူးယစ်ဆေးသုံးစွဲမှုကို ရှောင်ပါ။ ဆေးရွက်ကြီး သို့မဟုတ် နီကိုတင်း ထုတ်ကုန်များ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.quitnow.net. သို့ ဝင်ကြည့်ပါ။ အရက် သို့မဟုတ် အခြားဆေးဝါးများ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.findtreatment.gov သို့ ဝင်ကြည့်ပါ။ သင်၏ Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဥ်) အာဟာရဗေဒပညာရှင်ကလည်း အပိုဆောင်းရင်းမြစ်များ ထုတ်ပေးနိုင်ပါသည်။

ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။