မိခင်နို့ သိုလှောင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
ဤလမ်းညွှန်ချက်များမှာ ကျန်းမာပြီး လစေ့သော ကလေးများအတွက်ဖြစ်ကာ နေမကောင်းသော သို့မဟုတ် လမစေ့သော ကလေးများအတွက် အပြောင်းအလဲ ရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်မေးမြန်းပါ။1
လတ်ဆတ်သည့်မိခင်နို့
4 နာရီအထိ
အေးခဲပြီးနောက် အရည်ဖျော်ချထားသော မိခင်နို့ – 1-2 နာရီ
ကောင်တာမျက်နှာပြင် သို့မဟုတ် စားပွဲ –
77°F / 25°C သို့မဟုတ် ပို၍အေးသော
လတ်ဆတ်သည့်မိခင်နို့
4 နာရီအထိ
အေးခဲပြီးနောက် အရည်ဖျော်ချထားသော မိခင်နို့ – 24 နာရီအထိ
ရေခဲသေတ္တာ –
40°F / 4°C သို့မဟုတ် ပို၍အေးသော
လတ်ဆတ်သည့်မိခင်နို့
6 လအတွင်းသည်
အကောင်းဆုံးဖြစ်ပါသည်
(12 လအထိ လက်ခံနိုင်ပါသည်)
အေးခဲပြီးနောက် အရည်ဖျော်ချထားသော မိခင်နို့ကို ထပ်မံအေးခဲခြင်းမပြုရပါ
ရေခဲခန်း (သီးခြားတံခါးပါသည့်) –
0°F / -18°C သို့မဟုတ် ပို၍အေးသော
လမ်းညွှန်ချက်များသည် အိမ်သုံးအတွက်သာလျှင်ဖြစ်ကာ ဆေးရုံသုံးမဟုတ်ပါ1
မိခင်နို့ရည် စုဆောင်းခြင်း
နို့ရည်ကို မညှစ်မီ သို့မဟုတ် မထုတ်ယူမီ သင့်လက်များကို ရေနှင့်ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ။
ညှစ်ထုတ်ပေးသည့် ပန့်အစိတ်အပိုင်းများနှင့် ပြွန်ပိုက်ကို သန့်ရှင်းနေစေရန် စစ်ဆေးပါ။ မှိုစွဲနေသည့် ပြွန်ပိုက်ကို ချက်ချင်းအစားထိုးပစ်ပါ။
ခလုတ်များ သို့မဟုတ် ဒိုင်ခွက်များ အပါအဝင် ကောင်တာ သို့မဟုတ် စားပွဲမျက်နှာပြင်နှင့် ပန့်၏အပြင်ဘက်ကို သန့်ရှင်းအောင်လုပ်ပါ။
အချို့မိခင်များသည် နို့ရည်ကို သူတို့သိုလှောင်မည့်ဘူးအတွင်းသို့ တိုက်ရိုက်ညှစ်ယူရန် ပိုနှစ်သက်ကြပါသည်။
မိခင်နို့ရည် သိုလှောင်ခြင်း
မိခင်နို့ရည်သိုလှောင်ခြင်းနှင့် ပတ်သက်၍ သင်၏ကလေးစောင့်ရှောက်မှုပေးသူနှင့် ပြောဆိုပါ။
သင့်ကလေးအား တိုက်ကျွေးပြီးနောက် နို့ရည်အကျန်များကို နှစ် (2) နာရီအတွင်း အသုံးပြုတိုက်ကျွေးပါ။
မိခင်နို့ရည်ကို မိခင်နို့ရည်သိုလှောင်သည့်အိတ်များ၊ ဖန်ဘူးများ သို့မဟုတ် ပလတ်စတစ်အမာ၊ BPA ကင်းစင်ပြီး တင်းကျပ်စွာပိတ်နိုင်သော အဖုံးများပါသည့်ဘူးများတွင် သိုလှောင်နိုင်ပါသည်။
သင့်နို့ရည်ကိုသိုလှောင်ရန် တစ်ခါသုံး နို့ဘူးလိုင်နာများ သို့မဟုတ် အခြားပလတ်စတစ်အိတ်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ နို့ရည်သိုလှောင်အိတ်များလိုအပ်ပါက သင်၏ဒေသတွင်း WIC ဆေးခန်းကို ဆက်သွယ်ပေးပါ။
ဘူးတွင် နို့ရည်ထုတ်ယူသည့်ရက်စွဲကို တပ်ပါ။ နို့ရည်ကို ကလေးစောင့်ရှောက်မှုပေးသူထံ ပေးမည်ဆိုပါက သင့်ကလေး၏အမည်ကိုပါ ထည့်သွင်းပါ။
ထုတ်ယူထားသည့်နို့ရည်ကို ရေခဲခန်း သို့မဟုတ် ရေခဲသေတ္တာ၏ နောက်ပိုင်းတွင် သိုလှောင်ပါ။ တံခါးနေရာတွင် မထားရပါ။ တံခါး၏အပူချိန်သည် တံခါးအဖွင့်အပိတ်ပြုလုပ်ခြင်းကြောင့် ပြောင်းလဲတတ်ပါသည်။
အလုပ် သို့မဟုတ် ကျောင်းအသွားအပြန်ကဲ့သို့ အချိန်တိုသွားလာရသည့်အခါ ညှစ်/ထုတ်ယူထားသည့် နို့ရည်ကို အပူကာ အအေးခံအိတ်အတွင်း ရေခဲထုပ်ထည့်၍ 24 နာရီကြာအထိ သိုလှောင်ထားနိုင်ပါသည်။
မိခင်နို့ရည်ကို အေးခဲခြင်း
လတ်လတ်ဆတ်ဆတ် ထုတ်ယူထားသည့် သို့မဟုတ် အအေးခံထားသည့် နို့ရည်ကို လေး (4) ရက်အတွင်း အသုံးပြုရန်မရှိပါက ချက်ချင်းအေးခဲထားပါ။
အေးခဲသည့်အခါ ဘူး၏ထိပ်တွင် တစ်လက်မစာ နေရာချန်ပါ။ မိခင်နို့ရည်သည် အေးခဲသည့်အခါ ပြန့်ကားတတ်ပါသည်။
အလေအလွင့်မရှိစေရန် နို့ရည် 2 မှ 4 အောင်စအတွင်းသာ အေးခဲပါ။
နေရာချွေတာနိုင်ရန် သိုလှောင်သည့်အိတ်များကို အပြားလိုက် အေးခဲပါ။
ဓာတ်အားပြတ်တောက်ပါက ပုံဆောင်ခဲပွင့်လေးများကို မြင်နေရသ၍ အေးခဲထားသည့်နို့ရည်သည် အကောင်းပကတိရှိနေပါသည်။
မိခင်နို့ရည် အရည်ပျော်စေခြင်းနှင့် နွှေးခြင်း
အစောဆုံးသိုလှောင်ထားသည့် နို့ရည်ကို အရင်ဆုံး အသုံးပြုပါ။ FIFO (အရင်သိမ်း၊ အရင်သုံး) စနစ်ကို အသုံးပြုပါ။
အချို့ကလေးများသည် နို့ရည်နွေးနွေးကို ပိုမိုနှစ်သက်ကြသော်လည်း မိခင်နို့ရည်ကို နွှေးရန်မလိုပါ။ ၎င်းကို အခန်းအပူချိန် သို့မဟုတ် အေးသည့်အပူချိန်တွင် တိုက်ကျွေးနိုင်ပါသည်။
နို့ရည်ကို နည်းလမ်းပေါင်းစုံဖြင့် အရည်ပျော်စေနိုင်ပါသည် -
1: ရေခဲသေတ္တာအတွင်း ညလုံးပေါက်ထားခြင်း
2: စီးဆင်းနေသည့် ရေနွေးအောက်တွင်ထားခြင်း
3: ရေနွေးဘူးထဲတွင်ထားခြင်း
ရေနွေးဖြင့် အရည်ပျော်အောင်လုပ်ထားသည့် နို့ရည်ကို အရည်ပျော်စေပြီးနောက် တစ် (1) နာရီအတွင်း အသုံးပြုသင့်ပါသည် သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်ထားသင့်ပါသည်။
ရေခဲသေတ္တာအတွင်း အရည်ပျော်သွားသည့် နို့ရည်ကို အရည်ပျော်ပြီးနောက် တစ် (1) ရက် (24 နာရီ) အတွင်း အသုံးပြုသင့်ပါသည်။
မိခင်နို့ရည်ကို နွှေးမည်ဆိုပါက ဘူးကိုပိတ်၍နွှေးပါ။ ပိတ်ထားသည့်ဘူးကို ရေနွေးဇလုံအတွင်းထည့်ပါ သို့မဟုတ် စီးဆင်းနေသော ရေပူမဟုတ်သည့် ရေနွေးအောက်တွင်ထားပါ။ မီးဖိုပေါ်တွင် သို့မဟုတ် မိုက်ခရိုဝေ့ဗ်အတွင်း တိုက်ရိုက်အပူပေးခြင်းမျိုး မပြုလုပ်ရပါ။ သင့်လက်ကောက်ဝတ်ပေါ်သို့ နို့ရည်စက်ချခြင်းဖြင့် နို့ရည်၏အပူချိန်ကို စမ်းသပ်ပါ။ ၎င်းသည် ကြက်သီးနွေးအပူချိန်မျိုး ဖြစ်သင့်ပါသည်။
မိခင်နို့ရည်၏ မလိုင်ဖတ်နှင့် အရည်ကွဲသွားခြင်းမှာ ပုံမှန်ဖြစ်သဖြင့် နို့ရည်တစ်သားတည်းဖြစ်ရန် အသာအယာ မွှေပေးပါ (လှုပ်ခေါက်ခြင်းမပြုရ)။
မိခင်နို့ရည်ကို မိုက်ခရိုဝေ့ဗ်ဖြင့် မနွှေးရပါ။ မိုက်ခရိုဝေ့ဗ်သုံးခြင်းသည် အာဟာရဓာတ်များကို ပြိုကွဲစေပြီး နေရာကွက်၍ပူခြင်းများကို ဖြစ်ပေါ်စေသောကြောင့် သင့်ကလေး၏ပါးစပ်ကို အပူလောင်စေနိုင်ပါသည်။
မူညှိထားသည်မှာ -
1. United States Department of Agriculture (USDA), Centers for Disease Control and Prevention (CDC), and Department of Health and Human Services (HHS). (2018, July). Human Milk Storage Guidelines.
https://wicworks.fns.usda.gov/sites/default/files/media/document/Human_Milk_Storage_Guidelines.pdf
ကိုးကား -
Centers for Disease Control and Prevention (CDC). (2023, November 27). Breast Milk Storage and Preparation
https://www.cdc.gov/breastfeeding/breast-milk-preparation-and-storage/handling-breastmilk.html
Eglash, A., Simon, L., & The Academy of Breastfeeding Medicine. (2017). ABM Clinical protocol #8: Human milk storage information for home use for full-term infants. Breastfeeding Medicine, 12(7), 390-395.
https://doi.org/10.1089/bfm.2017.29047.aje