သင့်ကလေးငယ်ကို ပြုစုစောင့်ရှောက်ခြင်း6 လမှ 12 လအရွယ်

သားက မေမေ့ရဲ့ကလေးလေးပါ

သားက ချစ်ခြင်းတရားရယ် မှန်ကန်တဲ့အစားအစာတွေရယ်နဲ့ အကောင်းဆုံး ကြီးပြင်းပါတယ်။

မေမေ့ရဲ့အကူအညီနဲ့ သားက အစားအစာတွေစားဖို့ သင်ယူမှာပါ

သား အသက် 6 လလောက်ရောက်တဲ့အခါ၊ သားအနေနဲ့ အစာမာမာတွေကို စတင်ပြီး စားနိုင်ပါပြီ။ ဖြည်းဖြည်းချင်း ကျွေးပေးပါ။

သားတို့ရဲ့မိသားစုမှာ ဓာတ်မတည့်မှုတွေရှိရင် ဒါမှမဟုတ် သားကို စောမွေးထားတာမျိုးဆိုရင်၊ သား အစာမာမာမစားခင်မှာ သားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဒါမှမဟုတ် WIC နဲ့ စကားပြောပါ။

သား အသင့်ဖြစ်နေတာ သေချာပါစေ

အစာမာမာတွေစားဖို့၊ သားအနေနဲ့ ဒါတွေကို လုပ်နိုင်ရပါမယ်-

Daddy baby play time

I Will Go Through 4 Stages of Foods:

1

Smooth: strained or puréed

baby-food-sweet-potatoes

2

Mashed: smooth with some tiny lumps

mashed-sweet-potatos

3

Chopped: more lumps

sweet-potatos-chopped

4

Pieces of table foods

sweet-potato-pieces

အစားအစာများ၏ အရသာများ

Baby food spoons


ဇွန်းပေါ်တွင် ထည့်ထားသည့်
ကလေးအာဟာရ ဟင်းသီးဟင်းရွက်အနှစ်

Avocado


ကြိတ်ထားသောအစေ့များတွင် လှိမ့်ထားသော
ထောပတ်သီး အချောင်းများ

bread


ဂျုံကြမ်းပေါင်မုန့်ချောင်းများ

Raspberrires


တုံးထားသော ရက်စဘယ်ရီသီးများ

Chichen


ကင်ပြီး တုံးထားသော ကြက်သား

သားရဲ့ ပထမဆုံးအစားအစာကို တစ်မျိုးတည်းဖြစ်တဲ့အရာမျိုး လုပ်ပေးပါ

Wait at least 5 days before trying another new food.

သားက ကိုယ့်နည်းကိုယ့်ဟန်နဲ့စားဖို့ လိုအပ်ပါတယ်

အစားအစာကို သားရဲ့လက်ချောင်းတွေနဲ့ စားခွင့်ပေးပါ

eating

လက်ဖဝါးဖြင့် ဆုပ်ကိုင်မှု

အသက် 6 လဝန်းကျင်မှာ၊ သားက စားစရာတွေကို လက်ဖဝါးနဲ့ဆုပ်ကိုင်ပြီး ပါးစပ်နားကို ယူနိုင်ပါပြီ။ သားကို မေမေ့ရဲ့ လက်ချောင်းအရွယ်လောက်ရှိတဲ့ ရှည်လျား ပျော့ပြောင်းတဲ့ အစားအစာတွေ စမ်းကျွေးကြည့်ပါ။

fruits

လက်ချောင်းထိပ်ဖြင့် ဆုပ်ကိုင်မှု

အသက် 8 လ ဒါမှမဟုတ် 9 လလောက်မှာ၊ သားက သားရဲ့လက်ညှိုးနဲ့ လက်မတွေနဲ့ စားစရာတွေကို ဘယ်လိုယူရမလဲဆိုတာ သင်ယူပါလိမ့်မယ်။ အလွယ်တကူ ကြေမွသွားနိုင်တဲ့ မေမေ့ရဲ့ လက်မလက်သည်းခွံအရွယ်ထက် ပိုမကြီးတဲ့ စားစရာလေးတွေကို စမ်းကျွေးကြည့်ပါ။

ဒါတွေက စမ်းကျွေးကြည့်ဖို့အတွက် စားစရာအကြံဉာဏ်အချို့ ဖြစ်ပါတယ်-

သားက ဘယ်လောက်စားသင့်တာပါလဲ။

သားက တစ်နေ့ကို 5 ကြိမ် ဒါမှမဟုတ် 6 ကြိမ်လောက် စားဖို့လိုပါတယ်။ နို့မှုန့် ဒါမှမဟုတ် မိခင်နို့က သားရဲ့ အဓိကအာဟာရရင်းမြစ် ဖြစ်နေဆဲ ဖြစ်ပါလိမ့်မယ်။ အစားအစာက မိခင်နို့ ဒါမှမဟုတ် နို့မှုန့် ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် အစားအစာက မိခင်နို့ ဒါမှမဟုတ် နို့မှုန့်အပြင် မွေးကင်းစကလေးစားတဲ့ စီရီရယ် ဖြစ်နိုင်ပါတယ်။ အစားအစာတစ်မျိုးချင်းစီကို စားပွဲတင်ဇွန်း 1 ဇွန်း ဒါမှမဟုတ် 2 ဇွန်းလောက်နဲ့ စကျွေးပါ။ သားက စားချင်တယ်ဆိုရင် ထပ်ကျွေးပါ။ သားက သားရဲ့ပန်းကန်ပေါ်မှာရှိတာအားလုံးကို မစားနိုင်လောက်ပါဘူး။ သား စတင်ပြီး ပိုစားလာတာနဲ့၊ မေမေက သားကို အစာစားချိန်မှာ အစားအစာ 2 မျိုး ဒါမှမဟုတ် 3 မျိုး ကျွေးနိုင်ပါတယ်။ သားရဲ့ဇွန်းထဲမှာ အစားအစာတွေထည့်ပေးပြီး သားကို ကိုယ့်ဘာသာ စားခွင့်ပေးပါ။

အောက်တွင် အကြံပြုချက်အချို့ကို ဖော်ပြပေးထားသည်-

6 လမှ 8 လ

6to8-bur

8 လမှ 10 လ

8to10-bur

10 လမှ 12 လ

10to12-bur

သား ဗိုက်ပြည့်တဲ့လက္ခဏာတွေ မပြမချင်း သားကို စားခွင့်ပေးပါ။ သားက နှုတ်ခမ်းတွေကို စေ့ပိတ်ထားနိုင်ပါတယ်၊ ဦးခေါင်းကို လှည့်ပစ် သို့မဟုတ် ခါပစ်နိုင်ပါတယ်၊ ဒါမှမဟုတ် လက်ကို မြှောက်လိုက်နိုင်ပါတယ်။ သား ဗိုက်ဝပြီလားလို့ သားကိုမေးပါ။ ပြီးတော့ သားမစားချင်တော့ဘူးဆိုရင် သားကို ရပ်ခွင့်ပေးပါ။

Baby Sipping

ခွက်နဲ့စားရမယ့်အချိန်

သား အသက် 6 လပြည့်တဲ့အခါ၊ သားက ခွက်နဲ့သောက်တတ်ဖို့ သင်ယူနေတာကြောင့် မေမေက သားကို ရေနည်းနည်း ပေးထားနိုင်ပါတယ် (တစ်ရက်လျှင် 4-8 oz (120-240 mL) အထိ)။

ခွက်ထဲမှာ မိခင်နို့ ဒါမှမဟုတ် နို့မှုန့်ကိုလည်း ထည့်ပေးထားနိုင်ပါတယ်။ သားရဲ့အရွယ်မှာ သားက ဖျော်ရည်လိုမျိုး တခြားသောက်စရာတွေ မလိုအပ်သေးပါဘူး။

အစားအစာဘေးကင်းရေး

မြေပဲထောပတ်နှင့် မိတ်ဆက်ပေးခြင်း

သားက တခြား အစာမာမာတွေကို စမ်းစားကြည့်ပြီးပြီးဆိုရင်၊ သားကို မြေပဲထောပတ် စမ်းကျွေးကြည့်ပါ။ ဒီလိုလုပ်တာက သားတို့ရဲ့မိသားစုမှာ နှင်းခူ ဒါမှမဟုတ် တခြား အရေပြားပြဿနာတွေလိုမျိုး အစားအစာ ဒါမှမဟုတ် ဥတွေနဲ့ ဓာတ်မတည့်တာမျိုး ရှိ မရှိ ကူညီပေးပါတယ်။

မြေပဲထောပတ်အနည်းငယ်ကို မုန့်ကြွပ် ဒါမှမဟုတ် ပေါင်မုန့်မီးကင်ချောင်းပေါ်မှာ ပါးပါးသုတ်လိမ်းပါ ဒါမှမဟုတ် အဲဒါကို ပန်းသီးဆော့နဲ့ရောပြီး ဇွန်းထဲထည့်ကာ ကျွေးပါ။ သားမှာ တုံ့ပြန်မှုမျိုးမရှိတာ သေချာစေဖို့ နောက်ထပ် 2 နာရီကြာအောင် သားကို စောင့်ကြည့်ပါ။

Mom feedin baby

ရှောင်ကြဉ်ရမည့် စားစရာများ

သားက သားရဲ့အသက်အရွယ်နဲ့ ကိုက်ညီပြီး အကောင်းဆုံးကြီးထွားအောင် ကူညီပေးမယ့် စားစရာကို လိုအပ်ပါတယ်။

သားက သကြား၊ ဆား၊ ဆီ၊ ဒါမှမဟုတ် ထပ်ထည့်တဲ့အရာတွေ ထပ်ထည့်တာမျိုး မလိုအပ်ပါဘူး။ ဖျော်ရည်တိုက်ဖို့အတွက် သား အနည်းဆုံး အသက် 12 လပြည့်တဲ့အထိ စောင့်ပါ။

ဒါတွေလိုမျိုး သား ဆို့နင်သွားနိုင်တဲ့ အစားအစာတွေ သားကိုမကျွေးပါနဲ့-

ပြီးတော့ ဒါတွေလိုမျိုး သားကို နေမကောင်းဖြစ်စေနိုင်တဲ့ စားစရာတွေကို မကျွေးပါနဲ့-

သားနဲ့တူတူ ကစားပါ။

သားကို ကြမ်းပြင်ပေါ်က စောင်လေးပေါ်မှာ ချထားပါ။ သားအနေနဲ့ နေရာရွှေ့လာပြီး လာယူနိုင်အောင် အရုပ်လေးကို သားလက်လှမ်းမီတဲ့နေရာမှာ ထားပေးပါ။ သားဆီကို ဘောလုံးလေး လှိမ့်ပေးပါ။ သားရဲ့လက်တွေကိုကိုင်ပြီး မေမေနဲ့အတူ လမ်းလျှောက်ခိုင်းပါ။

သား ဘာလုပ်နိုင်လဲ ကြည့်လိုက်ပါ။

သားက မေမေ့ဆီက သင်ယူရတာကို ကြိုက်ပါတယ်။ သားကို စာဖတ်ပြပါ။ သီချင်းဆိုပြပါ။ တူတူရေဝါးလိုမျိုး ဂိမ်းတွေ ကစားရအောင်။ သားကို လမ်းလျှောက်ဖို့ခေါ်သွားပြီး အရာဝတ္ထုအသစ်တွေကို ပြပေးပါ။ သားက လှုပ်ရှားတက်ကြွပါတယ် — သားကို စောင့်ကြည့်ထားပါ။

Mom baby caring

သားကို ဘေးကင်း ကျန်းမာစွာထားပါ

မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကူအညီအတွက် သင်၏ WIC မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ဘဝတူ အကြံပေး သို့မဟုတ် WIC က ချမှတ်ထားသော မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ကျွမ်းကျင်သူထံ ဆက်သွယ်ပါ။

ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။