သင့်ကလေးငယ်အတွက်
ဘေးကင်းသော အိပ်စက်မှု

မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးခြင်း ရောဂါလက္ခဏာစု (SIDS) နှင့် အခြားသော အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည့် မွေးကင်းစကလေးငယ် သေဆုံးမှု အကြောင်းရင်းများကို လျှော့ချပါ။

Mask-Group-5
Sleep icon

အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည့် သေဆုံးမှု အကြောင်းရင်းများနှင့် SIDS အန္တရာယ်ကို လျှော့ချရန်၊ ဘေးကင်းသော အိပ်စက်မှု၏ ABCs ကို လိုက်နာပါ။

A

တစ်ဦးတည်းထားပါ

ပျော့ပြောင်းသောအရာများ၊ အရုပ်များ၊ ခေါင်းအုံးများ၊ စောင်များ၊ ဂွမ်းကပ်အိပ်ယာခင်းများ၊ အမွှေးပါသောအခင်းများ၊ သို့မဟုတ် ပုခက်ခုတုံးများကို သင့်ကလေးငယ်၏ အိပ်စက်ရာနေရာမှ ဖယ်ထားပါ။
ကလေးငယ်အား ခုံအပျော့၊ ဆိုဖာ၊ ခေါင်းအုံးများ၊ ဂွမ်းကပ်အိပ်ယာခင်းများ၊ အမွှေးပါသောအခင်းများ၊ သို့မဟုတ် စောင်များကဲ့သို့သော ပျော့သောအရာများပေါ်တွင် လုံးဝ အိပ်စက်ခွင့်မပေးပါနှင့်။

B

ပက်လက်ထားပါ

ကလေးငယ်များသည် စိတ်ချရသော* နေရာတွင် ပက်လက်ချထားသည့်အခါ ပို၍လုံခြုံစွာ အိပ်ပျော်ပါသည်။ အိပ်စက်ချိန်တိုင်းကို ထည့်တွက်ပါသည်။ ကလေးငယ်အား တစ်ရေးအိပ်ချိန်များနှင့် ညအချိန်တို့တွင် အိပ်စက်နိုင်အောင် ပက်လက်ထားထားပါ။
*စိတ်ချရသောနေရာများတွင် ဘေးကင်းမှုကို အတည်ပြုထားသည့် ပုခက်များ၊ ပုခက်ကုတင်များ၊ နှင့် ရွှေ့ပြောင်းနိုင်သော ကစားရာနေရာများ ပါဝင်နိုင်ပါသည်။

C

ပုခက်ထဲတွင်ထားပါ

ကလေးငယ်များအတွက် အိပ်စက်ရန် အလုံခြုံဆုံးသောနေရာမှာ ပုခက်ထဲတွင် ဖြစ်ပါသည်။ ကွက်တိစွပ်ထားသောအိပ်ယာခင်းဖြင့် ဖုံဂကာထားသည့် ဘေးကင်းမှုကို အတည်ပြုထားသောပုခက်ထဲရှိ အခင်းပေါ်တွင်ကဲ့သို့သော လုံခြုံသည့် အိပ်စက်ရန်နေရာကို သုံးပါ။
ကလေးငယ်၏ နေ့လည် အိပ်စက်ရာနေရာအဖြစ် ကားထိုင်ခုံ၊ ကယ်ရီယာ၊ လွှဲပုခက်၊ သို့မဟုတ် အလားတူအရာများကို အသုံးမပြုပါနှင့်။
IndianaWIC_Icons_iS-886257714_Safe

သင့်ရဲ့လုပ်ရပ်တွေက ကွဲပြားမှုကို ဖြစ်စေနိုင်ပါတယ်။

သင့်ကလေးငယ်ကို ကျန်းမာ၍ ဘေးကင်းစွာထားရှိရန် သင်လုပ်နိုင်သောအရာများစွာ ရှိပါသည်။
Safe Sleep
သင့်အနီးရှိ Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိုးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဉ်) ဆေးခန်းကိုရှာဖွေရန် 800-522-0874 သို့ ဖုန်းခေါ်ဆိုပါ သို့မဟုတ် ကျွန်ုပ်တို့၏ ဝဘ်ဆိုက် wic.in.gov သို့သွားပါ။ ကလေးငယ်များအတွက် ဘေးကင်းသော အိပ်စက်မှု နှင့်ပတ်သက်၍ ပိုမိုလေ့လာပါ။
Safe sleep logo
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။