ချိန်ဆထားသော နို့တိုက်ခြင်းသည် သင်၏ ကလေးငယ် နို့ဘူးစို့သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်စေသော နို့ဘူးတိုက်ခြင်း နည်းလမ်းတစ်ခု ဖြစ်ပါသည်။ သင့်ကလေးငယ်ကို ပို၍ထိန်းချုပ်ခွင့်ပေးခြင်းသည် နို့အလွန်အကျွံစို့ခြင်းကို ရှောင်ကြဉ်ရန် ကူညီပေးကာ ဗိုက်နာနိုင်ခြေကို လျှော့ချပေးပါသည်။ ချိန်ဆထားသော နို့တိုက်ခြင်းသည် သင့်ကလေးငယ်ကို အသက်မှန်မှန်ရှူနိုင်စေကာ နို့ သီးနိုင်သည့် အန္တရာယ်ကိုလည်း လျှော့ချပေးပါသည်။ နို့ဘူးတစ်မျိုးတည်းသာ တိုက်ကျွေးသည်ဖြစ်စေ၊ မိခင်နို့နှင့် နို့ဘူးနှစ်မျိုးပေါင်း တိုက်ကျွေးသည်ဖြစ်စေ နို့ဘူးစို့သော ကလေးငယ်တိုင်းအတွက် ချိန်ဆထားသော နို့တိုက်ခြင်းကို အကြံပြုပါသည်။
နို့နည်းနည်းချင်းထွက်သော နို့သီးခေါင်းပါသည့် နို့ဘူးကို ရွေးပါ။
သင့်ကလေး၏ ဦးခေါင်းနှင့်လည်ပင်းကို ထိန်းပေးထားကာ မတ်တပ်ဖြစ်လုနီးပါး အနေအထားဖြင့် ထိန်းချီထားပါ။ ကလေး၏နို့ဘူးကို မည်သည့်အခါမျှ ထောက်ကန်ထားခြင်း မပြုပါနှင့်။
နို့သီးခေါင်းတွင် နို့တစ်ဝက်သာပြည့်နေစေရန် နို့ဘူးကို အလျားလိုက် ဘေးတိုက်အနေအထားဖြင့် ကိုင်ထားပါ။
နို့သီးခေါင်းကို ကလေးငယ်၏ ပါးစပ်ထဲသို့ အတင်းမထည့်ပါနှင့်။ နို့သီးခေါင်းဖြင့် ကလေးငယ်၏ ပါး သို့မဟုတ် အပေါ်နှုတ်ခမ်းကို တို့ထိကာ ကလေးငယ်၏ပါးစပ် ဟလာအောင် စောင့်ဆိုင်းပါ။ ကလေးငယ်က နို့သီးခေါင်းကို ငုံလိုက်ပြီးနောက် ကလေး၏ကျောကို ကိုင်းလိုက်ခြင်း သို့မဟုတ် နို့ဘူးကို ထောင်လိုက်ခြင်း မပြုပါနှင့်။
သင့်ကလေးငယ် နို့စို့ခြင်းနှင့် မျိုချခြင်းတို့တွင် ခဏရပ်လိုက်သည်များကို စောင့်ကြည့်ပါ။ ၎င်းသည် မွေးကင်းစကလေး တစ်ဦးနှင့်တစ်ဦးတွင် ကွဲပြားမှုရှိသောကြောင့် သင့်ကလေး၏ သဘောအတိုင်း လိုက်လုပ်ပါ။
လေချဉ်တက်ခြင်း၊ မျက်လုံးပြူးလာခြင်း၊ လက်ချောင်းများ ကားလာခြင်း၊ သီးခြင်း သို့မဟုတ် ပါးစပ်ထောင့်မှ နို့ရည်စီးကျလာခြင်းတို့ကို တွေ့ရပါက သင်၏မွေးကင်းစကလေးကို ခဏအနားပေးရန် လိုအပ်ပါသည်။ နို့သီးခေါင်းတွင် ဘာမျှမရှိတော့သော်လည်း နို့သီးခေါင်းကို ပါးစပ်ထဲတွင် ဆက်ရှိနေစေရန် နို့ဘူးကို အောက်သို့ နှိမ့်ချလိုက်ပါ။ မွေးကင်းစကလေးငယ်က နို့ကို တက်ကြွစွာ စတင်စို့လျှင် နို့ဘူးကို အလျားလိုက်အနေအထားသို့ ပြန်ထားလိုက်ပါ။
သင့်ကလေး နို့စို့ခြင်းနှေးသွားပါက သို့မဟုတ် နို့စို့ခြင်းရပ်သွားပါက နို့ဘူးကို တွန်းထုတ်ပါက သို့မဟုတ် ခေါင်းကိုလှည့်ပစ်ပါက သို့မဟုတ် အိပ်ပျော်သွားပါက နို့တိုက်ခြင်းကို ရပ်ရမည့်အချိန် ဖြစ်ပါသည်။
Paced Bottle Feeding by The Milk Mob
နို့တိုက်ခြင်းသည် 15-30 မိနစ် ကြာမြင့်သင့်ကာ ကလေးငယ်သည် စိတ်အေးလက်အေးရှိပြီး နို့စိုခြင်းကို ထိန်းချုပ်နိုင်မှု ရှိနေသင့်ပါသည်။
ဗိုက်ဝသွားသည့်အချိန်ကိုသိနိုင်ရန် ကလေးငယ်ကို ယုံကြည်ပါ။ သင့်ကလေးငယ်ကို နို့ဘူးကုန်သည်အထိ မစို့ခိုင်းပါနှင့်။
နို့ပြန်အန်ခြင်းကို ရှောင်ကြဉ်ရန် နို့တိုက်နေစဉ်နှင့် နို့တိုက်ပြီးချိန်တို့တွင် သင့်ကလေးကို လေတက်အောင်လုပ်ပါ။
နို့တိုက်ခြင်းသည် 15-30 မိနစ် ကြာမြင့်သင့်ကာ ကလေးငယ်သည် စိတ်အေးလက်အေးရှိပြီး နို့စိုခြင်းကို ထိန်းချုပ်နိုင်မှု ရှိနေသင့်ပါသည်။
ဗိုက်ဝသွားသည့်အချိန်ကိုသိနိုင်ရန် ကလေးငယ်ကို ယုံကြည်ပါ။ သင့်ကလေးငယ်ကို နို့ဘူးကုန်သည်အထိ မစို့ခိုင်းပါနှင့်။
နို့ပြန်အန်ခြင်းကို ရှောင်ကြဉ်ရန် နို့တိုက်နေစဉ်နှင့် နို့တိုက်ပြီးချိန်တို့တွင် သင့်ကလေးကို လေတက်အောင်လုပ်ပါ။
ဤအဖွဲ့အစည်းသည် တန်းတူညီမျှအခွင့်အရေးပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။
Side-Lying Hold
This hold is useful when:
Cross-Cradle Hold
This hold is useful when:
Clutch or “Football” Hold
This hold is useful when:
Cradle Hold
This hold is useful when:
Laid-Back Hold
This hold is useful when: