h2 hide
သားက 4 နှစ်ရှိပြီဖြစ်ပြီး ပိုများတဲ့အရာတွေကို လုပ်ချင်လာပါပြီ။
သားက မေမေ့ကို မီးဖိုချောင်မှာ ကူညီပေးနိုင်ပါတယ်။ မေမေ့ကို ကူညီပေးရတာက ပျော်ဖို့ကောင်းပါတယ်။
- သားရဲ့လက်ချောင်းလေးတွေကိုသုံးပြီး အစားအစာတွေကို အခွံနွှာနိုင်ပါတယ်။ ပြောင်းဖူးကို အခွံခွာတာ ဒါမှမဟုတ် ငှက်ပျောသီး၊ လိမ္မော်သီးကို အခွံနွှာတာ ဒါမှမဟုတ် ကြက်ဥပြုတ်ကို အခွံခွာတာတွေ လုပ်ကြည့်ခွင့်ပေးပါ။
- သားက အစားအစာတွေကို ဘောလုံးပုံလေးဖြစ်အောင် လှိမ့်ပေးနိုင်ပါတယ်။ သားက ဂျုံလုံးတွေကို ဘောလုံးပုံဖြစ်အောင် လှိမ့်နိုင်ပါတယ် ဒါမှမဟုတ် အသားလုံးတွေ ဒါမှမဟုတ် ဒိန်ခဲလုံးတွေ လုပ်နိုင်ပါတယ်။
- သားက လက်ကိုင်အရည်ညှစ်တံကို သုံးနိုင်ပါတယ်။ အရည်ညှစ်တံ ချော်ထွက်သွားတာမျိုးမဖြစ်အောင် သူ့အောက်မှာ ရေစိုအဝတ် ခုထားပြီး ဂရိပ်ဖရုသီး၊ လိမ္မော်သီး၊ သံပုရာသီ၊ ဒါမှမဟုတ် ရှောက်သီးအခြမ်းတွေကို အရည်ညှစ်ရမယ့်ပုံစံကို သားကို ပြပေးပါ။
- သားက ကြက်ဥအစိမ်းရဲ့အခွံကို ခွဲပေးနိုင်ပါတယ်။ နည်းနည်းလောက်လေ့ကျင့်ပြီးတဲ့အခါ၊ ကြက်ဥမွှေကြော်တွေ၊ ကြက်ဥခေါက်ကြော်တွေလုပ်ဖို့ ဒါမှမဟုတ် ဟင်းပွဲတွေမှာသုံးဖို့ လိုအပ်တဲ့ ကြက်ဥတွေကို ခွဲပေးနိုင်ပါတယ်။
- သားက အစားအစာတွေကို ကြိတ်ခြေပေးနိုင်ပါတယ်။ သားကငှက်ပျောသီးတွေ၊ ချက်ထားတဲ့အာလူးတွေ၊ ဒါမှမဟုတ် ချက်ထားတဲ့ပဲတွေကို ကြိတ်ခြေဖို့ ခက်ရင်း ဒါမှမဟုတ် အာလူးခြေတဲ့အရာကို သုံးနိုင်ပါတယ်။
ဒါကတော့ သားရဲ့ ပန်းကန်ပေါ်မှာ ရှိနေနိုင်တဲ့ ထမင်းနဲ့ မုန့်အရွယ်အစားရဲ့ ဥပမာအချို့ ဖြစ်ပါတယ်။
နံနက်စာ
h4 hide
စတော်ဘယ်ရီ အတုံးကြီး ½
ခွက် အဆီနည်းနို့ 1 ခွက်
ရသာရည် စားပွဲတင်ဇွန်း 1 ဇွန်းနှင့်အတူ ဂျုံကြမ်း ပန်ကိတ်အသေး 2 ချပ်
နေ့လယ်စာ
h4 hide
တစ်ခြမ်းခြမ်းထားသော စပျစ်သီး ½
ခွက် လှီးဖြတ်ကာမီးဖုတ်ထားသော အာလူးချောင်း ½ ခွက်
ကြက်ဆင်အသေး 1 အောင်စ (28.34 g) နှင့်အတူ ဂျုံကြမ်းပေါင်မုန့်လုံး
အသေး 1 ခုနှင့်လုပ်ထားသည့် ဘာဂါ
အဆီနည်းနို့ 1 ခွက်
မုန့်များ
h4 hide
လှီးထားသော သခွားသီးနှင့် မုန်လာဥနီ ½ ခွက်
ကုလားပဲ ဟမ်းမတ်(စ်) ¼ ခွက်နှင့်အတူ
မီးကင်ထားသော အနေတော်အရွယ် ဂျုံဖြင့်လုပ်သော အရှေ့အလယ်ပိုင်း ပေါင်မုန့်အတုံး ½ တုံး သို့မဟုတ် အစာစား
ကြိတ်ခြေထားသော ပြန်ကြော်ထားသည့် ပဲ ¼ ခွက်နှင့်အတူ
ဂျုံကြမ်းမုန့်ကြွပ် 4 ခု သို့မဟုတ် 6ခု
ဒိန်ခဲ 4 တုံး သို့မဟုတ် 5 တုံးနှင့်အတူ
ချိန်များနှင့် မုန့်စားချိန်များကြားတွင် ရေ
ညစာ
h4 hide
မီးကင်ကာ လှီးဖြတ်ထားသော ပန်းသီး ½
ခွက် ရေ ½ ခွက်
ဒိန်ခဲအမျှင် ½ နှင့်အတူ
ချက်ပြုတ်ထားသည့် အမဲစဉ်းကော 1½
အောင်စ (42.52 g) ပါသည့် အနေတော် ဂျုံကြမ်း မက္ကဆီကို ချပါတီ 1
ခုပေါ်တွင် မျှဉ်းထားသည့် ဆလပ်ရွက် 1 ခွက်
နေ့စဉ် အကြံပြုထားသည့် အစားအစာ အုပ်စု ပမာဏများ
တစ်နေ့လျှင် တစ်ခါပြင်စာ 3 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 1½ ခွက်)
ချက်ပြုတ်ထားသော သို့မဟုတ် နူးညံ့သော၊ သစ်သီးအစိမ်း။
ပြုတ်ထားသော၊ အချပ်လိုက်လှီးထားသော သို့မဟုတ် လှီးဖြတ်ထားသော။
အစုံအလင်ကျွေးပါ- အနီ၊ အဝါ၊ လိမ္မော်၊ အပြာနှင့် အစိမ်းရောင် အသီးများ။
တစ်နေ့လျှင် တစ်ခါပြင်စာ 3-4 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 1½ – 2 ခွက်)
ကြိတ်ခြေထားသော၊ အချပ်လိုက်လှီးထားသော သို့မဟုတ် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များ။
အစုံအလင်ကျွေးပါ- အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်နှင့် ခရမ်းရောင် အသီးအရွက်များ။
တစ်နေ့လျှင် တစ်ခါပြင်စာ 8-10 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ အောင်စ (14.17 g)
(စုစုပေါင်း 4-5 အောင်စ (113.39-141.74 g))
ဂျုံကြမ်းပေါင်မုန့်၊ မက္ကဆီကို ချပါတီ၊ ဆန် သို့မဟုတ် ခေါက်ဆွဲ။
အခြောက် သို့မဟုတ် ချက်ပြုတ်ထားသော စီရီရယ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 8-10 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ အောင်စ (14.17 g)
(စုစုပေါင်း 4-5 အောင်စ (113.39-141.74 g))
ဂျုံကြမ်းပေါင်မုန့်၊ မက္ကဆီကို ချပါတီ၊ ဆန် သို့မဟုတ် ခေါက်ဆွဲ။
အခြောက် သို့မဟုတ် ချက်ပြုတ်ထားသော စီရီရယ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 3-5 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = 1 အောင်စ (28.34 g)
(စုစုပေါင်း 3-5 အောင်စ (85.04-141.75 g))
ချက်ပြုတ်ထားသော အသင့်စားအသား၊ ကြက်၊ ဘဲ၊ သို့မဟုတ် ပင်လယ်စာ။
ဥများ။
ချက်ပြုတ်ထားသော ပဲတောင့်များ၊ ပဲစေ့များ သို့မဟုတ် တို့ဟူး။
မြေပဲထောပတ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 3-5 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = 1 အောင်စ (28.34 g)
(စုစုပေါင်း 3-5 အောင်စ (85.04-141.75 g))
ချက်ပြုတ်ထားသော အသင့်စားအသား၊ ကြက်၊ ဘဲ၊ သို့မဟုတ် ပင်လယ်စာ။
ဥများ။
ချက်ပြုတ်ထားသော ပဲတောင့်များ၊ ပဲစေ့များ သို့မဟုတ် တို့ဟူး။
မြေပဲထောပတ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 5 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 2½ ခွက်)
အဆီနည်း နို့။
ဒိန်ချဉ်။
ဒိန်ခဲ။
တစ်နေ့လျှင် တစ်ခါပြင်စာ 5 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 2½ ခွက်)
အဆီနည်း နို့။
ဒိန်ချဉ်။
ဒိန်ခဲ။
သား ဘာလုပ်နိုင်လဲ ကြည့်လိုက်ပါ။
မင်းနဲ့အတူရှိနေတာနဲ့ တက်ကြွမှုကနေ ငါအများကြီးသင်ယူတယ်။ မိသားစုလိုက် လှုပ်ရှားလိုက်ကြရအောင်။ ကြှနျုပျတို့ ... လုပျနိုငျပါတယျ:
- သားက ခက်ရင်းရယ် ဇွန်းရယ်နဲ့ စားနိုင်ပါတယ်၊ သားရဲ့ ပါးစပ်နဲ့ လက်တွေကို လက်သုတ်ပုဝါနဲ့ သုတ်နိုင်ပါတယ်။
- သားက ပုံဆွဲရတာ၊ အရုပ်တွေလုပ်ရတာကို ကြိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစားအစာအုပ်စုတွေပါတဲ့ ရုပ်ပုံတစ်ခု လုပ်လိုက်ရအောင်။
- သားက စာဖတ်ရတာ ကြိုက်ပါတယ်။ စာကြည့်တိုက်သွားပြီး စာအုပ်နည်းနည်းလောက် ငှားရအောင်။
- သားက ခန္ဓာကိုယ်ကို လှည့်နိုင်ပါတယ်။ ခေါင်းဆောင်နောက်ကို လိုက်ပါ ကစားနည်း ကစားရအောင်။
- သားက ကူညီပေးနိုင်ပါတယ်။ သားက ညစာအတွက် ထမင်းစားပွဲပြင်ပေးနိုင်ပြီး စားပြီးတဲ့အခါ စားပွဲသုတ်ပေးနိုင်ပါတယ်။
သားကို ဘေးကင်း ကျန်းမာစွာထားပါ။
ကျန်းမာရေးစစ်ဆေးဖို့ သားကို ဆရာဝန်ဆီ ခေါ်သွားပါ။ သား ဘယ်လောက် ကြီးထွားလာသလဲကို သိရနိုင်ပါတယ်။ သား ဆေးထိုးရမယ့်အချိန်တွေကို သိရှိနိုင်ဖို့ www.cdc.gov/vaccines/schedules ကို ဝင်ကြည့်ပါ။
သားကအခု သားဘာသာ သွားတိုက်နိုင်ပြီဆိုပေမယ့် သား သွားသေချာတိုက်ဖို့ သား သွားတိုက်တဲ့အခါ သားကို ကြည့်နေပေးပါ။ သားရဲ့ သွားတွေကို စစ်ဆေးပေးမယ့် သွားဆရာဝန်ထံ သားကို ခေါ်သွားပေးပါ။
သားနဲ့အတူ ကစားပြီး သား လန်းဆန်းတက်ကြွအောင် ကူညီပေးပါ။ စခရင်ကြည့်ရမယ့်အချိန်၊ နေရာနဲ့ ကြည့်ရမယ့်အကြိမ်ရေတို့နဲ့ပတ်သက်ပြီး ကန့်သတ်ချက်ထားပါ။ အစာစားချိန်တွေနဲ့ မုန့်စားချိန်တွေမှာ စခရင်ကိုမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်ကြရအောင်။
သားတို့ မိသားစု ကျန်းမာဘေးကင်းနေစေဖို့ ဆေးရွက်ကြီး ဒါမှမဟုတ် နီကိုတင်း ထုတ်ကုန်များ၊ အရက်၊ ဆေးခြောက်နဲ့ အခြား တရားမဝင် မူးယစ်ဆေးသုံးစွဲမှုကို ရှောင်ပါ။ ဆေးရွက်ကြီး သို့မဟုတ် နီကိုတင်း ထုတ်ကုန်များ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.quitnow.net. သို့ ဝင်ကြည့်ပါ။ အရက် သို့မဟုတ် အခြားဆေးဝါးများ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.findtreatment.gov သို့ ဝင်ကြည့်ပါ။ သင်၏ Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဥ်) အာဟာရဗေဒပညာရှင်ကလည်း အပိုဆောင်းရင်းမြစ်များ ထုတ်ပေးနိုင်ပါသည်။
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။