သင်၏ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ
ရည်မှန်းချက်များကို ထောက်ကူပေးပါ
မည်သူသည် WIC နို့တိုက်ကျွေးခြင်းအတွက် ဘဝတူ အကြံပေးဆွေးနွေးသူများဖြစ်သနည်း။
- သင့်နည်းတူ သင့်လူမှုအသိုင်းအဝိုင်းအတွင်း နေထိုင်သည့် မိခင်၊
- ိမိကလေးကို ကိုယ်တိုင်မိခင်နို့တိုက်ကျွေးခြင်းမှ တန်ဖိုးရှိအတွေ့အကြုံကို ရရှိထားပြီး မိခင်သစ်တစ်ဦးအနေဖြင့် ကြုံတွေ့ရမည့်အရာများကို သိရှိထားသည့် ဘဝတူအမျိုးသမီး၊
- သင့်အား ပံ့ပိုးကူညီပေးပြီး သင့်ရည်မှန်းချက်များနှင့် ပြည့်မီစေရန်အတွက် အကူအညီပေးမည့် ရင်းမြစ်၊
- WIC ဆေးခန်းတွင် ဖုန်းဖြင့်၊ သို့မဟုတ် စာတိုပို့ခြင်းဖြင့် ဆက်သွယ်နိုင်သည့် မိတ်ဆွေ။
ဘဝတူ အကြံပေးဆွေးနွေးသူက သင့်အတွက် ဘာလုပ်ပေးနိုင်ပါသလဲ။
- သင်ပြောဆိုလိုသည့်အရာကို နားထောင်ပေးခြင်း၊ သင့်အား တိုက်တွန်းအားပေးခြင်းနှင့် သင့်အား အထောက်အကူ ပေးခြင်း၊
- မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သက်သည့် သင်၏မေးခွန်းများကို ဖြေဆိုရန်အတွက် သင့်ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သင့်အား ဆက်သွယ်ခြင်းနှင့် သင့်ကလေးမွေးဖွားခြင်းအတွက် ကြိုတင်ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ပေးခြင်း၊
- မိခင်နို့ စတင်တိုက်ကျွေးရာတွင် သင်နှင့် သင့်ကလေးအား ကူညီဆောင်ရွက်ပေးခြင်း၊
- ကလေးမွေးဖွားပြီးသည့်နောက် မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သက်သည့် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများကို ဖြေကြားခြင်း၊
- အခြား မိခင်များ၊ အထောက်အကူပြု အုပ်စုများနှင့် သင့်အား ဆက်သွယ်ပေးခြင်း၊
- နို့ညှစ်ပန့်ကို ရယူခြင်းနှင့်ပတ်သက်သည့် အချက်အလက်ကို ပေးခြင်း၊
- လိုအပ်သည့်အခါ နို့တိုက်ကျွေးခြင်းဆိုင်ရာ ဆွေးနွေးအကြံပေးသူ သို့မဟုတ် အခြား ကျန်းမာရေး ပညာရှင်များထံမှ ထပ်ဆောင်းအကူအညီရယူနိုင်ရန်အတွက် စီစဉ်ခြင်း
သင်၏ ဘဝတူ အကြံပေးဆွေးနွေးသူထံ ဆက်သွယ်ရန်အတွက် မရှက်မကြောက်ပါနှင့်။ ၎င်းတို့က ကူညီပေးလိုပါသည်။
ဘဝတူ အကြံပေးဆွေးနွေးသူများက အောက်ပါတို့နှင့် ပတ်သက်ပြီး အကြံပြုချက်များ မျှဝေပေးပါသည်-
- သင့်ကလေးအတွက် နို့ရည်မြောက်မြားစွာ ထွက်ရှိစေခြင်း၊
- သင့်ကလေး၏ အိပ်စက်မှုပုံစံ၊ ဆာလောင်မှုပြ လက္ခဏာများနှင့် ငိုကြွေးခြင်းတို့အကြောင်းကို နားလည်သဘောပေါက်ခြင်း၊
- သင့်မိသားစုနှင့် မိတ်ဆွေများထံမှ မိခင်သစ်အနေဖြင့် အထောက်အကူကို ရရှိခြင်း၊
- သင်ဘယ်နေရာသို့သွားသွား သက်တောင့်သက်သာရှိစွာဖြင့် နို့တိုက်ကျွေးခြင်း၊
- သင့်မိခင်နို့ကို သိုလှောင်ခြင်းအတွက် နို့ညှစ်ပန့်နှင့် အကြံပေးချက်များကို အသုံးပြုခြင်း။
WIC သည် မိခင်နို့တိုက်ကျွေးခြင်းကို ပံ့ပိုးပေးပါသည်
သင်၏ မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီနိုင်အောင် ကူညီပေးရန် ကျွန်ုပ်တို့တွင် ရင်းမြစ်များ ရှိပါသည်။ ကျွန်ုပ်တို့၏ WIC ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပြီး WIC အစီအစဉ်တွင်ရှိသော မိသားစုတိုင်းက ရယူနိုင်ပါသည်။ ကျွန်ုပ်တို့ ပေးကမ်းသည့်အရာ-
- သီးသန့် မိခင်နို့တိုက်ကျွေးနေသည့် မိဘများအတွက် အကြီးမားဆုံးအစားအစာပက်ကေ့ချ်။ ၎င်းတို့၏ကလေးများကို နို့တိုက်ကျွေးရန်အတွက် ကျွန်ုပ်တို့က မိခင်များကို အစားအစာကျွေးမွေးပါသည်။
- မိခင်နို့တိုက်ကျွေးခြင်း သင်တန်းများ။
- နိုင်ငံတကာ အသိအမှတ်ပြု နို့တိုက်ကျွေးရေး ဆွေးနွေးအကြံပေးသူများ ဘုတ်အဖွဲ့ (IBCLC)။
- မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ အကဲဖြတ်သုံးသပ်မှုနှင့် ကိုယ်အလေးချိန် စစ်ဆေးမှုများ။
- မိခင်နို့တိုက်ကျွေးခြင်းအတွက် ဆန်းစစ်အကဲဖြတ်မှုများနှင့် ကိုယ်အလေးချိန် စစ်ဆေးမှုများ။
- နို့ညှစ်ပန့်လိုအပ်ချက်များနှင့် လူတစ်ဦးချင်းအလိုက် စီစဉ်ထားသည့် ပန့်/စုပ်ခွက် အနေအထားတကျတပ်ဆင်ခြင်းအတွက် ဆန်းစစ်အကဲဖြတ်မှု။
- ိုအပ်သည့်အတိုင်း မိခင်နို့တိုက်ကျွေးရေး ဆက်စပ်ပစ္စည်းများ။
- ဘဝတူ အကြံပေးဆွေးနွေးသူများ (အချို့နယ်မြေများတွင် ဘာသာစကားနှစ်မျိုးပြောသော အကြံပေးဆွေးနွေးသူများရှိပါသည်)။
- WIC သည် ကိုယ်ဝန်ဆောင် မိခင်များ၊ မိခင်အသစ်များ (မီးဖွားပြီးနောက် 6 လအထိ)၊ မိခင်နို့တိုက်ကျွေးနေသော မိခင်များ (မီးဖွားပြီးနောက် 1 နှစ်အထိ)၊ နို့စို့ကလေးများနှင့် အသက် 5 နှစ်အရွယ်အထိ ကလေးများအတွက် အခမဲ့ ဖြည့်စွက် အစားအစာနှင့် အာဟာရ အစီအစဉ်တစ်ခုဖြစ်သည်။
WIC တွင် လျှောက်ထားရန် သို့မဟုတ် ဝင်ငွေလမ်းညွှန်ချက်များအကြောင်း လေ့လာရန်အတွက် သင့်အနီးရှိ ဆေးခန်းကို ရှာဖွေဖို့ရန် 800-522-0874 ကို ခေါ်ဆိုပါ။
ဤအဖွဲ့အစည်းသည် တန်းတူညီမျှ အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။