သားက သိချင်စိတ်များပြီး မေးခွန်းတွေအများကြီး မေးနိုင်ပါတယ်။ အကြောင်းအရာသစ်တွေ သင်ယူဖို့အတွက် သားက မေမေ့ရဲ့အကူအညီကို လိုအပ်ပါတယ်။
အဲဒီအစားအစာကို တစ်နေ့မှာ ကြိုက်နိုင်ပေမယ့် နောက်တစ်နေ့မှာတော့ ကြိုက်ချင်မှကြိုက်မှာပါ။ တစ်ခါတစ်လေမှာ အများကြီးစားပြီး၊ တစ်ခါတစ်လေမှာ သိပ်များများမစားတာက အဆင်ပြေပါတယ်။ တစ်ချို့ရက်တွေမှာ သားက တခြားရက်တွေထက်ပိုပြီး ဗိုက်ဆာနေနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်ပါတယ်။ သားက ဗိုက်ဆာနေတဲ့အချိန်မှာ စားမှာပါ။
သားက အစားအစာအသစ်တွေ စားတာနဲ့ပတ်သက်ပြီး သတိထားနေနိုင်ပါတယ်။ သားက အဲဒါကို ကြိုက်မသွားခင်မှာ စားစရာတစ်ခုကို 10 ကြိမ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး မြင်တွေ့ဖို့ လိုအပ်နိုင်ပါတယ်။ အဲဒါကိုပဲ ဆက်ကျွေးကြည့်ပေးပါ၊ ဒါပေမယ့် စားဖို့ အတင်းမတိုက်တွန်းပါနဲ့။
*အငွေ့ထွက်ကာပူလာသည်အထိ အသင့်စားအသားများကို အပူပေးပြီးနောက် မစားသုံးမီ အအေးခံပါ။
တစ်နေ့လျှင် တစ်ခါပြင်စာ 3 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 1½ ခွက်)
ချက်ပြုတ်ထားသော သို့မဟုတ် နူးညံ့သော၊ သစ်သီးအစိမ်း။
ပြုတ်ထားသော၊ အချပ်လိုက်လှီးထားသော သို့မဟုတ် လှီးဖြတ်ထားသော။
အစုံအလင်ကျွေးပါ- အနီ၊ အဝါ၊ လိမ္မော်၊ အပြာနှင့် အစိမ်းရောင် အသီးများ။
တစ်နေ့လျှင် တစ်ခါပြင်စာ 3 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 1½ ခွက်)
အစိမ်း သို့မဟုတ် ချက်ထားသော၊ ပြုတ်ဖြောထားသော၊ အချပ်လိုက်လှီးထားသော သို့မဟုတ် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များ။
အစုံအလင်ကျွေးပါ- အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အဝါရောင်နှင့် ခရမ်းရောင်အသီးအရွက်များ။
တစ်နေ့လျှင် တစ်ခါပြင်စာ 6-8 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ အောင်စ (14.17 g)
(စုစုပေါင်း 3-4 အောင်စ (85.04 – 113.39 g))
ဂျုံကြမ်းပေါင်မုန့်၊ မက္ကဆီကို ချာပါတီ၊ ဆန်၊ ခေါက်ဆွဲများ။
အခြောက် သို့မဟုတ် ချက်ပြုတ်ထားသော စီရီရယ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 6-8 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ အောင်စ (14.17 g)
(စုစုပေါင်း 3-4 အောင်စ (85.04 – 113.39 g))
ဂျုံကြမ်းပေါင်မုန့်၊ မက္ကဆီကို ချာပါတီ၊ ဆန်၊ ခေါက်ဆွဲများ။
အခြောက် သို့မဟုတ် ချက်ပြုတ်ထားသော စီရီရယ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 3-4 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = 1 အောင်စ (28.34 g)
(စုစုပေါင်း 3-4 အောင်စ (85.04 – 113.39 g))
ချက်ပြုတ်ထားသော အသင့်စားအသား၊ ကြက်၊ ဘဲ၊ သို့မဟုတ် ပင်လယ်စာ။
ဥများ။
ချက်ပြုတ်ထားသော ပဲတောင့်များ၊ ပဲစေ့များ သို့မဟုတ် တို့ဟူး။
မြေပဲထောပတ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 3-4 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = 1 အောင်စ (28.34 g)
(စုစုပေါင်း 3-4 အောင်စ (85.04 – 113.39 g))
ချက်ပြုတ်ထားသော အသင့်စားအသား၊ ကြက်၊ ဘဲ၊ သို့မဟုတ် ပင်လယ်စာ။
ဥများ။
ချက်ပြုတ်ထားသော ပဲတောင့်များ၊ ပဲစေ့များ သို့မဟုတ် တို့ဟူး။
မြေပဲထောပတ်။
တစ်နေ့လျှင် တစ်ခါပြင်စာ 5 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 2½ ခွက်)
အဆီနည်း နို့။
ဒိန်ချဉ်။
ဒိန်ခဲ။
တစ်နေ့လျှင် တစ်ခါပြင်စာ 5 ပွဲ
တစ်ခါပြင်စာ 1 ပွဲ = ½ ခွက်
(စုစုပေါင်း 2½ ခွက်)
အဆီနည်း နို့။
ဒိန်ချဉ်။
ဒိန်ခဲ။
ကျန်းမာရေးစစ်ဆေးဖို့ သားကို ဆရာဝန်ဆီ ခေါ်သွားပါ။
သားရဲ့သွားလေးတွေကို တစ်နေ့ 2 ကြိမ် သွားတိုက်ပြီး နေ့စဉ် သွားကြားထိုးဖို့ သားကို ကူညီပေးပါ။ သားရဲ့ သွားတွေကို စစ်ဆေးပေးမယ့် သွားဆရာဝန်ထံ သားကို ခေါ်သွားပါ။
သားတို့ရဲ့လက်တွေကို မကြာခဏဆေးဖို့ လိုအပ်ပါတယ်။ ရေနွေးနွေးလေးရယ် ဆပ်ပြာရယ်နဲ့ သားရဲ့လက်တွေကို ဆေးကြောရမယ့်နည်းလမ်းကို သင်ပေးပါ။ သားရဲ့လက်တွေကို အနည်းဆုံး စက္ကန့် 20 ကြာအောင်၊ ဒါမှမဟုတ် “လှော် လှော် လှေကိုလှော်” သီချင်းဆိုတဲ့ကြာချိန်အတိုင်း ဆေးကြောဖို့ လိုအပ်ပါတယ်။
သားနဲ့အတူ ကစားပြီး သား လန်းဆန်းတက်ကြွအောင် ကူညီပေးပါ။ စခရင်ကြည့်ရမယ့်အချိန်၊ နေရာနဲ့ ကြည့်ရမယ့်အကြိမ်ရေတို့နဲ့ပတ်သက်ပြီး ကန့်သတ်ချက်ထားပါ။ အစာစားချိန်တွေနဲ့ မုန့်စားချိန်တွေမှာ စခရင်ကိုမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်ကြရအောင်။
သားတို့ မိသားစု ကျန်းမာဘေးကင်းနေစေဖို့ ဆေးရွက်ကြီး ဒါမှမဟုတ် နီကိုတင်း ထုတ်ကုန်များ၊ အရက်၊ ဆေးခြောက်နဲ့ အခြား တရားမဝင် မူးယစ်ဆေးသုံးစွဲမှုကို ရှောင်ပါ။ ဆေးရွက်ကြီး သို့မဟုတ် နီကိုတင်း ထုတ်ကုန်များ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.quitnow.net. သို့ ဝင်ကြည့်ပါ။ အရက် သို့မဟုတ် အခြားဆေးဝါးများ ဖြတ်ခြင်းဆိုင်ရာ အကူအညီအတွက် www.findtreatment.gov သို့ ဝင်ကြည့်ပါ။ သင်၏ Special Supplemental Nutrition Program for Women, Infants and Children (WIC, အမျိူးသမီးများ၊ နို့စို့ကလေးများနှင့် ကလေးငယ်များအတွက် အထူးဖြည့်စွက်အာဟာရ ထောက်ပံ့မှု အစီအစဥ်) အာဟာရဗေဒပညာရှင်ကလည်း အပိုဆောင်းရင်းမြစ်များ ထုတ်ပေးနိုင်ပါသည်။
ဤအဖွဲ့အစည်းသည် တန်းတူညီသော အခွင့်အရေးပေးသည့်အဖွဲ့အစည်း ဖြစ်ပါသည်။
Side-Lying Hold
This hold is useful when:
Cross-Cradle Hold
This hold is useful when:
Clutch or “Football” Hold
This hold is useful when:
Cradle Hold
This hold is useful when:
Laid-Back Hold
This hold is useful when: