“အခြားသောဥပဒေများကို ဆန့်ကျင်ခြင်းမရှိဘဲ အမျိုးသမီးတစ်ဦးသည် သူမအနေဖြင့်အခွင့်အရေးရှိသော မည်သည့်နေရာတွင်မဆို သူမ၏ကလေးငယ်အား မိခင်နို့တိုက်ကျွေးနိုင်သည်။”
အင်ဒီယားနားပြည်နယ
အင်ဒီယားနားပြည်နယ် ဥပဒေများဖြစ်သည် § 5-10-6-2 နှင် § 22-2-14-2 တို့အရ နို့ချိုတိုက်ကျွေးခြင်းအတွက် ဆီလျော်မှုရှိသော လုပ်ခပေးအနားယူချိန် ပေးအပ်ခြင်းနှင့် သန့်စင်ခန်းခုံမှလွဲ၍ သီးသန့်နေရာတစ်ခု စီစဉ်ပေးရန် ဆီလျော်သော ကြိုးစားအားထုတ်မှုတစ်ခု လိုအပ်ပါသည်။ ဝန်ထမ်းအနည်းဆုံး 25 ဦးရှိသော အလုပ်ရှင်များသည် နို့ချိုသိမ်းဆည်းရန်အတွက် ရေခဲသေတ္တာ သို့မဟုတ် အေးမြသော သိုလှောင်စရာနေရာကို စီစဉ်ပေးရမည် (၎င်းတို့အတွက် ထိုသို့စီစဉ်ရန် ဆီလျော်၍ ဖြစ်နိုင်ခြေရှိသော အတိုင်းအတာအထိ)။
ဥပဒေများကို အသေးစိတ်ကြည့်ရှုရန် ဤနေရာကို သွားပါ –
iga.in.gov/laws/2024/ic/titles/5#5-10-6-2
iga.in.gov/laws/2024/ic/titles/22#22-2-14-2
ဖက်ဒရယ်
တရားမျှတမှုရှိသော အလုပ်သမားစံချိန်စံနှုန်းများ အက်ဥပဒေ (FLSA) နှင့် နို့တိုက်မိခင်များအတွက် PUMP အက်ဥပဒေအရ အလုပ်သမားအားလုံးနီးပါးသည် ကလေးမွေးဖွားပြီးချိန်မှစ၍ တစ်နှစ်ကြာကာလအထိ နို့ချိုညှစ်ရန်အတွက် အနားယူချိန်နှင့် သီးသန့်နေရာတစ်ခုကို ဥပဒေအရ ရပိုင်ခွင့်ရှိပါသည်။ နို့ချိုညှစ်ရန်နေရာသည် သန့်စင်ခန်းမဖြစ်ရပါ။
ဝန်ထမ်း 50 အောက်နည်းသော အလုပ်ရှင်များအတွက်မူ လိုအပ်သောအနားယူချိန်နှင့် နေရာကို စီစဉ်ပေးရခြင်းသည် ဝန်ပိစေသောကြောင့် ဤဥပဒေများကို လိုက်နာရန်မလိုဘဲ ကင်းလွတ်ခွင့် ရနိုင်ပါသည်။ သို့သော် ဝန်ပိစေခြင်းမျိုးသည် ရှားပါးပါသည်။
အလုပ်ခွင်တွင် သင်၏နို့ချိုညှစ်ရန် ရပိုင်ခွင့်ကို ကာကွယ်ပေးသည့် ဥပဒေများအကြောင်း ပိုမိုလေ့လာရန် dol.gov/agencies/whd/pump-at-work/
နောက်ထပ်အချက်အလက်များအတွက် သို့မဟုတ် တိုင်ကြားချက်တင်ပြရန်အတွက် အမေရိကန်ပြည်ထောင်စု အလုပ်သမားရေးရာဌာန သို့ ဖုန်းခေါ်ဆိုပါ။
(ခေါ်ဆိုမှုများကို လျှို့ဝှက်ထားရှိပါသည်။)
ဤအဖွဲ့အစည်းသည် တန်းတူညီမျှအခွင့်အရေးပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။
Side-Lying Hold
This hold is useful when:
Cross-Cradle Hold
This hold is useful when:
Clutch or “Football” Hold
This hold is useful when:
Cradle Hold
This hold is useful when:
Laid-Back Hold
This hold is useful when: