အိပ်စက်မှုကို နားလည််ခြင်း
သင့်ကလေးငယ် အိပ်စက်ရန်အတွက် ပစ္စည်းများမရှိသော တင်းတင်းရင်းရင်းရှိသည့် မျက်နှာပြင်တစ်ခုပေါ်တွင် ပက်လက်ထားရှိပါ။ မွေးကင်းစကလေးငယ်များသည် အိပ်မပျော်တပျော် အခြေအနေသို့ ဦးစွာရောက်ရှိပြီးနောက် မိနစ် 20 ခန့်အတွင်း ကောင်းစွာအိပ်ပျော်သွားပါသည်။
- အလွယ်တကူ နိုးနိုင်သည်
- ဟိုဟိုဒီဒီရွှေ့လုပ်ကာ အသံများပြုနိုင်သည်
- မျက်လုံးလှုပ်ရှားမှု များစွာရှိသည်
- အိပ်မက်များ
- ဦးနှောက် ကြီးထွားဖွံ့ဖြိုးသည်။
- အလွယ်တကူမနိုးပါ
- စိတ်အေးလက်အေးရှိကာ ခြေနှင့်လက်များ ပျော့ပျောင်းစွာ ရှိနေသည်
- လှုပ်ရှားမှုအများအပြား မပြုပါ
- ဦးနှောက် အနားယူနေသည်။
- သင်၏ မွေးကင်းစကလေးငယ်ကို အောက်မချမီ ကောင်းစွာအိပ်ပျော်သည့် လက္ခဏာများပေါ်လာအောင် စောင့်ပါ။ မွေးကင်းစကလေးငယ်များသည် ကောင်းစွာအိပ်ပျော်သွားရန် မိနစ် 20 ခန့် အချိန်လိုအပ်သည်ကို မှတ်ထားပါ။
အချက်ပြမှုများကို နားလည်ခြင်း
သင့်ကလေးသည် စကားမပြောဘဲ ခန္ဓာကိုယ် အချက်ပြမှုများကို အသုံးပြုကာ သူလိုအပ်သည့်အရာများကို ပြောပြနိုင်ပါသည်။ ၎င်းတို့၏ အချက်ပြမှုများကို တုံ့ပြန်ခြင်းဖြင့် သင့်ကလေးကို စိတ်အေးငြိမ်း၍ ပျော်ရွှင်စေနိုင်ပါသည်။
- 'ဗိုက်ဆာနေပါတယ်' အချက်ပြမှုများ
- လက်များကို ပါးစပ်နားတွင်ထားသည်
- လက်များနှင့် ခြေထောက်များကို ကွေးပြသည်
- တပြွတ်ပြွတ် အသံများပြုသည်
- နှုတ်ခမ်းများကို စို့ဟန်ပြုသည်
- နို့သီးခေါင်း (အရင်းနေရာများ) ကို ရှာဖွေသည်
ယခုအချိန်သည် ဗိုက်အလွန်မဆာမီ နို့တိုက်ရမည့်အချိန် ဖြစ်ပါသည်။
- “အပြောင်းအလဲတစ်ခုခု လိုနေပါတယ်” အချက်ပြမှုများ
- ကြည့်သည် သို့မဟုတ် အကြည့်လွှဲသည် သို့မဟုတ် ကုန်းထသည်
- မျက်မှောင်ကြုတ်သည် သို့မဟုတ် မျက်လုံးများ တွေဝေနေသည်
- လက်များ၊ လက်မောင်းများ သို့မဟုတ် ခြေထောက်များ တောင့်တင်းနေသည်
- သမ်းဝေသည် သို့မဟုတ် အိပ်ပျော်သွားသည်
၎င်းက တစ်ခုခုကြောင့် အဆင်မပြေဖြစ်နေသည် သို့မဟုတ် စိတ အနှောင့်အယှက်ဖြစ်နေသည်ဟု ၎င်းက ဆိုလိုပါသည်။ ၎င်းကို မျက်နှာ လွှဲခွင့်ပေးပါ သို့မဟုတ် အနားယူခွင့်ပေးပါ။ ဆူညံသံ၊ အလင်း သို့မဟုတ် လူများလွန်းခြင်းက ကလေးငယ်များကို ပင်ပန်းစေပါသည်။
- “ဗိုက်ပြည့်နေပါပြီ” အချက်ပြမှုများ
- နို့ကို ဖြည်းဖြည်းသာစို့သည် သို့မဟုတ် ဆက်မစို့တော့ပါ
- လက်များနှင့် လက်မောင်းများ ပြေလျော့သွားသည်
- နို့သီးခေါင်းဘက်ကို ခေါင်းမလှည့်တော့ပါ
- တွန်းထုတ်သည်
- အိပ်ပျော်သွားသည်
ဤအချက်ပြမှုများက နို့စို့ခြင်းကိုရပ်လိုက်ရန် ၎င်းအသင့်ဖြစ်နေသည်ဟု ဆိုလိုပါသည်။
- “မေမေ့နားမှာရှိနေချင်တယ်” အချက်ပြမှုများ
- သက်တောင့်သက်သာဖြစ်သော မျက်နှာနှင့် ကိုယ်ဟန် ရှိနေသည်
- သင့်အသံနှင့် မျက်နှာကို စောင့်ကြည့်သည်
- သင်ရှိရာသို့ ရောက်ရှိရန် ကြိုးစားသည်
- သင့်မျက်နှာအား စိုက်ကြည့်သည်
- ခေါင်းကိုမြှောက်လာသည်
၎င်းတို့က တုံ့ပြန်ပြုမူရန်၊ သင်ယူရန် သို့မဟုတ် သင်နှင့်ဆော့ကစားရန် အသင့်ဖြစ်နေပြီဟု ဤအချက်က ဆိုလိုပါသည်။
ငိုကြွေးမှုကို နားလည််ခြင်း
မိမိတို့၏ ကလေးငယ်များ ငိုကြွေးသည့်အခါ မိဘများအတွက် အလွန်ပင် စိတ်မသက်သာစရာ ဖြစ်စေနိုင်ပါသည်။ ကလေးငယ်များအားလုံးသည် တစ်ခါတစ်ရံတွင် ငိုကြွေးကြပါသည်။ ကလေးငယ်များသည် ဗိုက်ဆာသောကြောင့် သို့မဟုတ် ဒိုက်ပါလဲရန် လိုအပ်သောကြောင့်သာ မဟုတ်ဘဲ အကြောင်းရင်းများစွာကြောင့် ငိုကြွေးကြပါသည်။ သင့်ကလေးငယ် နေထိုင်၍ကောင်းစေရန် သင်လုပ်နိုင်သောအရာများ ရှိပါသည်။
- စိတ်အေးအေးထားကာ စိတ်ရှည်ပါ။
- သင့်ကလေးငယ်က သင့်ကိုပြောနေသည့်အရာကို သိနိုင်ရန် သင့်ကလေးငယ်၏ အချက်ပြမှုများကို အသုံးပြုပါ။
- သင့်ကလေးကို နီးနီးကပ်ကပ် ဖက်ထားကာ -
- အသားချင်းထိကြည့်ပါ။
- တိုးညင်းစွာ စကားပြောခြင်း သို့မဟုတ် သီချင်းဆိုခြင်းကို ထပ်တလဲလဲ လုပ်ကြည့်ပါ။
- သင့်ကလေးငယ်ကို အသာအယာ ထပ်တလဲလဲ လှုပ်ရမ်းပေးပါ သို့မဟုတ် လှုပ်ကာချီပေးပါ။
- ၎င်း၏ ကျော၊ လက်များနှင့် ခြေထောက်များကို အသာအယာ နှိပ်နယ်ပေးပါ။
- သင်ဒေါသထွက်လာပါက သို့မဟုတ် စိတ်မထိန်းနိုင်ဖြစ်လာပါက သင့်ကလေးငယ်ကို ဘေးကင်းသောနေရာတွင် ချထားကာ ခဏအနားယူပါ။
- သင့်ကလေးငယ် အရမ်းငိုနေသည်ဟုထင်ပါက သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ဆက်သွယ်ပါ။
ငိုကြွေးခြင်းနှင့်ပတ်သက်၍ ပိုမိုလေ့လာရန် www.purplecrying.com သို့ သွားပါ.
မိဘများအတွက် အကြံပြုချက်များ
- နာရီအလိုက်မဟုတ်ဘဲ သင့်ကလေးက ဗိုက်ဆာကြောင်း သင့်ကိုအသိပေးသည့်အခါ သင့်ကလေးငယ်ကို နို့တိုက်ပါ။
- သင့်ကလေး အိပ်နေသောနေရာရှိ မီးများနှင့် တီဗီတို့ကို ပိတ်ထားပါ။
- သင့်ကလေးငယ် အိပ်စက်နေစဉ်တွင် အနားယူပါ (ငြိမ်သက်စွာထိုင်နေခြင်းကပင် သင်ပို၍အနားရသွားစေရန် အကူအညီ ဖြစ်စေနိုင်ပါသည်)။
- သင်ဒေါသထွက်လာပါက သို့မဟုတ် စိတ်မထိန်းနိုင်ဖြစ်လာပါက သင့်ကလေးငယ်ကို ဘေးကင်းသောနေရာတွင် ချထားကာ ခဏအနားယူပါ။
- အိမ်မှုကိစ္စများနှင့်ပတ်သက်၍ ကူညီပေးရန် မိတ်ဆွေများနှင့် မိသားစုကို ပြောကြားပါ။
သင့်အနီးရှိ WIC ဆေးခန်းကိုရှာဖွေရန 800-522-0874 သို့ ဖုန်းခေါ်ဆိုပါ သို့မဟုတ် ကျွန်ုပ်တို့၏ဝဘ်ဆိုက wic.in.gov. သို့သွားပါ။ ကလေးငယ်များအတွက် ဘေးကင်းသော အိပ်စက်မှုနှင့်ပတ်သက်၍ တွင် ပိုမိုလေ့လာပါ။.
ဤအဖွဲ့အစည်းသည် တန်းတူညီမျှအခွင့်အရေးပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။